၂၀၂၀ ခုနှစ်အတွက် ကျန်းမာရေးအလိုက်စားဆုံးဆုကိုတော့ အနုပညာရှင်တွေထဲ Rebel Wilson ကို ပေးရမယ်ဆိုပြီး ပရိတ်သတ်တွေကတော့ ကောက်ချက်ချထားခဲ့ပါတယ်။
Rebel Wilson လို့ ဆိုလိုက်တာနဲ့ လူတိုင်းဟာ ဝဖိုင့်ဖိုင့်လေးနဲ့ ပြည့်ပြည့်ဖောင်းဖောင်းအမျိုးသမီးလေးတစ်ဦေးအဖြစ် လူတိုင်းက တန်းမြင်ကြမှာပါ။ ဒါပေမဲ့ Rebel Wilson ဟာ အခုဆိုရင် အရင်ကလို ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ အမျိုးသမီးတစ်ယောက်မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Rebel Wilson တစ်ယောက် ဝိတ်ချသွားနိုင်ခဲ့လို့ပါပဲ။
View this post on Instagram
ချလိုက်တဲ့ ကိုယ်အလေးချိန်ကလည်း မနည်းမနော ၂၈ ကီလိုတဲ့လေ။ ၂၈ ကီလိုဆိုတာ ပေါင်နဲ့တွက်ရင် ပေါင် ၆၁ ပေါင်ကျော်ပါ။ နည်းနည်းနောနောမှမဟုတ်တာ။ ခန္ဓာကိုယ်မပြောနဲ့ မျက်နှာလေးကအစ တော်တော်လေးကို နုပြီးတော့ ပြောင်းလဲသွားတာမဟုတ်လား။

View this post on Instagram
ဒါပေမဲ့လည်း တစ်ချို့တွေကတော့ သူမဝိတ်ကျသွားတဲ့ဟာကို မကြိုက်ကြပါဘူးဆိုပြီး Rebel Wilson တစ်ယောက် ရင်ဖွင့်လာခဲ့ပါတယ်။ အဲဒီလူတွေကတော့ အနုပညာလောကထဲက လူတွေပါတဲ့။ အနုပညာလောကထဲက လူတစ်ချို့ဟာ အရင်လိုမျိုး သူမရဲ့ ခန္ဓာကိုယ်ကိုပဲပိုပြီး ကြိုက်ကြသတဲ့လေ။ ဒါပေမဲ့လည်း သူမအတွက်တော့ ခန္ဓာကိုယ်ပြောင်းလဲမှုလုပ်ခဲ့ရတာဟာ သေမတတ်ပါပဲဆိုပြီး ပြောပြလာခဲ့ပါတယ်။ အစားအစာရော၊ လေ့ကျင့်ခန်းတွေရော ဖက်ပေါင်းစုံကနေ ကြိုးကမ်းခဲ့ရတာပါ။
ဒီအတွက်တော့ ဘယ်သူတွေ ဘယ်လောက်ပဲ အရင်ခန္ဓာကိုယ်နဲ့ ပိုလိုက်တယ်ပြောပြော သူမကတော့ အခု ရလဒ်ကို အရမ်းစိတ်ကျေနပ်မှုရှိပါတယ်တဲ့။ ” သူတို့တွေက ကျွန်မကို Fat Amy ( Pitch Perfect ဇာတ်ကားထဲက ဇာတ်ကောင်) အဖြစ်ပဲ အမြဲတွေ့ချင်နေကြတာ” ဆိုပြီး Rebel က စိတ်နာနာနဲ့ သူမရဲ့ Instagram Live မှာ ပရိသတ်တွေကို ပြောခဲ့ပါတယ်။
View this post on Instagram
ဒီအပြင် Rebel Wilson ဟာ နောက်ထပ် သတင်းထူးတစ်ခုကိုလည်း ပြောပြလာခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ မျိုးဥတွေကို ခဲထားပါတယ်တဲ့။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ Rebel Wilson ဟာ အခုအချိန်ထိ အိမ်ထောင်မရှိသေးပါဘူး။ ဒါပေမဲ့လည်း သူမမှာ အသက် ၁၀ နှစ်လောက်ငယ်တဲ့ Budweiser ပိုင်ရှင်သူဌေးချစ်သူလေးတော့ ရှိနေပါတယ်။ ဝိတ်ကိုအပြင်းအထန်ချခဲ့တဲ့အကျိုးဆက်တွေနဲ့ အသက်လည်း ကြီးလာတဲ့အတွက်ကြောင့် နောင်တစ်ချိန် လိုများလိုခဲ့ရင်ဆိုပြီး ကြိုတင်ခဲထားတာပါလို့ ပြောလာခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
penny