Fan Bingbing ကိုယ်ဝန်ရ နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ

Image:twitter/@gavinfeng97/IG/Fan Bingbing

တရုတ်မင်းသမီးချော Fan Bingbing ကတော့ တရုတ်မှာတင် မကပဲ အာရှနဲ့ ဟောလိဝုဒ်အထိ ပါအောင်မြင် ကျော်ကြားတဲ့ မင်းသမီးချောပါ။အရမ်းကို ချော မောလှပတဲ့ တရုတ်မင်းသမီး တစ်ယောက်ဖြစ်တဲ့ သူမဟာ အခုဆိုရင်တော့ အသက် (၃၈)နှစ်ရှိနေပါပြီ။ချစ်သူ တရုတ်မင်းသား Li Chen နဲ့ (၂၀၁၉)ဇွန်လ တုန်းက လမ်းခွဲလိုက်ပြီလို့  ကြေညာခဲ့သူပါ။ လက်တလောမှာတော့ Fan Bingbing တစ်ယောက် ကိုယ်ဝန်ရ နေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

Image:twitter/@gavinfeng97
Image:IG/Fan Bingbing

ဒီသတင်းထွက်ပေါ် လာရတဲ့ အဓိက တရားခံ ကတော့ မကြာသေးခင်ကမှ ထွက်ပေါ် လာတဲ့ Fan Bingbing ရဲ့ ဓါတ်ပုံ ကြောင့်ပါ။အခုဆိုရင်တော့ တရုတ်နဲ့ ကိုရီးယား ပရိသတ် တွေ ကြားမှာ Fan Bingbing ကိုယ်ဝန်ရနေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ ပျံ့ နေပါပြီ။ပေကျင်းနိုင်ငံ လေဆိပ်ကို ဆင်းလာတဲ့ အချိန်မှာ သိသိသာသာပူထွက်နေတဲ့ သူမရဲ့ ဗိုက်က ကိုယ်ဝန် သတင်းတွေ ကို ထွက်ပေါ် စေခဲ့တာပါ။

Image:twitter/@gavinfeng97
Image:IG/Fan Bingbing

ဒီဇင်ဘာ (၄)ရက်နေ့ တုန်းက လော့အိန်ဂျလိစ်ကို သွားဖို့  ပေကျင်းလေဆိပ်ကို ဆင်းလာခဲ့တာပါ။ သူမရဲ့ ဇာတ်ကား 355 အတွက် သွားတဲ့ ခ၇ီးစဉ်ပါ။အဲ့ဒီဇာတ်ကားမှာတော့  Jes sica Chastain, Penélope Cruz, Lupita Nyong’o,  Diane Kruger တို့ လည်း ပါဝင်ထားပါတယ်။လေဆိပ်ကို ဆင်းလာတဲ့ သူမဟာ အဖြူရောင်တီရှပ်၊အနက်ရောင် ဂျက်ကတ် ကို ၀တ်ဆင်ထားပါတယ်။လေဆိပ်ဆင်းလာတဲ့ သူမရဲ့ ဗိုက်ကိုတော့ ပရိသတ်တွေ က သတိပြုမိခဲ့ပါတယ်။ဗိုက်က သူမရဲ့ Body နဲ့ယှဉ်ရင် သိသိသာသာကို  ပူထွက်နေတာပါ။လူက ၀ တာမျိုးမရှိပဲ ဗိုက်တစ်ခုပဲ ပူထွက်နေတာမို့ အားလုံးက ကိုယ်ဝန်လား ဆိုပြီး သံသယ ၀င်ခဲ့ကြတာပါ။

READ
'I Live Alone' Reality Show မှာ ပါဝင်မယ့် Daniel Henney
Image:twitter/@gavinfeng97

Fan Bingbing  ရဲ့ အေဂျင်စီကတော့ ကိုယ်ဝန်သတင်းကို ငြင်းဆိုခဲ့ပြီး အစားအသောက် ကြောင့်ပါလို့ ပြောခဲ့ပါတယ်။ပြည်ပမှာရှိတဲ့ အစားအစာတွေထဲမှာ ကယ်လိုရီ တွေ အများကြီး ပါဝင်ကြောင်း၊ဒါကြောင့် အလုပ်ကို ကြိုးစားလုပ်ပြီး Diet နဲ့ ထိန်း ပါ ဆိုပြီး Fan Bingbing Studio က တော့ ပြောထားပါတယ်။ဘယ်လိုပဲ အစားအသောက် ကြောင့်လို့ ပြောပါစေ ပရိသတ်တွေကတော့ ဒါဟာ အစားကြောင့် လို့ မထင်ကြောင်း၊Body တစ်ခု လုံးမှာ မှဗိုက် တစ်နေရာကပဲ ကွက်ပူလာတာဟာ အစား အသောက် ကြောင့် ဆိုတာ မဖြစ်နိုင်ပဲ ကိုယ်ဝန်လို့ ပဲ ထင်ကြောင်း အမျိုးမျိုးမှတ် ချက်ပေးခဲ့ကြပါတယ်။Fan Bingbing အတွက် တော့ အခုလို ကိုယ်ဝန်သတင်းထွက်တာ ဒါပထမဆုံး တော့ မဟုတ်ပါဘူး။Li Chen  နဲ့ပြတ်စဲ ပြီး နောက်ရော၊မပြတ်စဲ ခင်က ရော ဒီလို သတင်းမျိုး ထွက်ဖူးပါတယ်။

READ
သာသနာဘောင်ကို ခေတ္တဝင်ရောက်သွားပြီဖြစ်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး
Image:IG/Fan Bingbing

Source:Koreaboo

SHARE