လက်ရှိအချိန်ဟာ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းလိုလို အိမ်မှာ နေနေကြရပါတယ်။ ဘယ်အချိန်မှ ပြီးဆုံးနိုင်မှန်းမသိတဲ့ ဒီကပ်ရောဂါကြီးကြောင့် လူတိုင်းအားလုံး အလုပ်ပျက်အကိုင်ပျက် ဖြစ်ခဲ့ကြရသလို လူတွေလည်း သေဆုံးခဲ့ရပါတယ်။ အခုအချိန်မှာတော့ ရောဂါဖြစ်ပွားမှုနှုန်းတွေဟာ တောက်လျှောက်ကျဆင်းနေပေမယ့်လည်း သေဆုံးသူတွေနဲ့ ရောဂါကူးစက်ခံရသူတွေ ရှိနေဆဲဖြစ်တာကြောင့် လူတိုင်းသတိထားနေနေရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အခုလည်း ကိုဗစ်ရောဂါကြောင့်ပဲ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရဲ့ ညနေခင်းဟာ ကားတန်းအရှည်ကြီး ပိတ်ပြီး လူသံကားသံတွေနဲ့ ဆူညံနေခဲ့ကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Incredible traffic jam in Paris as people try to leave the city before 9 pm curfew and before confinement begins at midnight. Traffic is barely moving in every direction as far as the eye can see. Lots of honking and frustrated drivers. pic.twitter.com/6Zn2HCxuPl
— Michael E. Webber (@MichaelEWebber) October 29, 2020
ပြင်သစ်နိုင်ငံရဲ့ သမ္မတဖြစ်သူ Emmanuel Macron ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၂၉.၁၀.၂၀၂၀) တုန်းက ပါရီမြို့ကို lockdown ချပြီး အဆိုပါ lockdown ဟာ သောကြာနေ့(၃၀.၁၀.၂၀၂၀)ည ၁၂ နာရီမှာ စပြီး အကျုံးဝင်ကြောင်း ကြောညာခဲ့ပါတယ်။ Emmanuel ရဲ့ ပြောပြချက်အရ ဆိုရင်တော့ ပါရီမြို့ကို သူ့အနေနဲ့ COVID 19 ဒုတိယလှိုင်းမှာ စိတ်ပူတာတစ်ကြောင်း၊ ပြီးခဲ့တဲ့ ဧပြီလကနေ လက်ရှိအချိန်အထိ ပြင်သစ်တစ်နိုင်ငံလုံးမှာ COVID 19 ကူးစက်ခံရသူ ၅၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၅၀ ကျော်ရှိနေတာတွေကြောင့် ပါရီမြို့ကို အရေးပေါ် lockdown ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး lockdown ချမှုကြောင့် ပါရီမြို့သူမြို့သား တော်တော်များများဟာ တစ်ခြားဒေသတွေမြှ သွာူရောက်နေထိုင်ပြီး မြို့ကို စွန့်ခွာခဲ့ကြပါတယ်။ ဒီလို ကြေညာချက်ထုတ်ပြန်ပြန်ပြီးချင်း ၂၉.၁၀.၂၀၂၀ ရက်နေ့ ညနေခင်းမှာ ကားတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး တော်တော်လေး ကားတွေ ကြပ်ပိတ်သိပ်နေခဲ့ပါတယ်။ အဆိုပါ ကားတန်းရှည်ကြီးဟာ အနည်းဆုံး မိုင် ၄၃၀ အထိတောင် ရှိကြောင်း သိရပါတယ်။ “အဓိကကတော့ ပါရီမြိုကထဲမှာ lockdown ကာလအတွင်း မနေချင်လို့ပါ။ ကျွန်မကတော့ လက်ရှိ ပြင်သစ်နိုင်ငံတောင်ပိုင်းက ကျွန်မအဖိုးရွာမှာ ခဏသွားနေမလို့ ဆုံးဖြတ်ထားပါတယ်။ ပထမအကြိမ် lockdown တုန်းကလည်း တော်တော်လေးကို မွန်းကြပ်စွာနဲ့ နေခဲ့ရတာပါ။ အခုဒုတိယအကြိမ် lockdown မှာတော့ ပါရီမြို့ထဲ မနေချင်တော့ပါဘူး”လို့ ပါရီမြို့သူ အသက် ၂၄ နှစ်အရွယ် Anna က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw