သင်မသိသေးတဲ့ လီမွန်သီးအသုံးချနည်းများ

ရှေးခေတ်ရောမပြည်မှာဆိုရင် လီမွန်သီးတွေဟာ အဆင့်အတန်းရဲ့ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ လီမွန်သီးဟာရှားပါးပြီး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေလည်းရှိတာကြောင့် စည်းစိမ်ဥစ္စာကြွယ်ဝသူတွေပဲ တတ်နိုင်ကြပါတယ်။ အခုခေတ်မှာတော့ ဒီလိုပြဿနာမရှိတော့ပဲ လိုသလောက် လီမွန်သီးတွေကိုဝယ်လို့ရနေပြီဖြစ်ပါတယ်။ လီမွန်သီးကို အအေးမိရောဂါသက်သာစေတယ်၊ အဆီကျစေတယ်လို့အများအားဖြင့် သိကြပေမယ့် စာဖတ်သူသတိမထားမိသေးတဲ့အချက်တွေလည်း ရှိနိုင်ပါသေးတယ်။

ပိုးမွှားတွေကို မောင်းထုတ်နိုင်တယ်

Hollywood Storage Center

အင်းဆက်ပိုးမွှားတွေဟာ လီမွန်သီးရနံ့ကိုမုန်းပါတယ်။ ဒါကြောင့် ပုရွက်ဆိတ်နဲ့ခြင်တွေကိုအိမ်ထဲကနေမောင်းထုတ်ချင်ရင် လီမွန်သီးအခွံတွေကို ပိုးမွှားတွေလာတတ်တဲ့နေရာမှာချိတ်ဆွဲထားနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်အရည်ညှစ်ထားတဲ့ လီမွန်ရည်ကိုလည်းစင်၊ ပြတင်းပေါက်ဘောင်နဲ့ ကြမ်းခင်းနေရာတွေမှာ ပက်ဖြန်းထားနိုင်ပါတယ်။

ဖုန်တွေကိုစုပ်ယူပေးတယ်

Yes Vegetarian

လီမွန်သီးအခွံတွေဟာ အိမ်တွင်းက ဖုန်မှုန့်တွေကိုစုပ်ယူပေးနိုင်ပါတယ်။ လီမွန်ခွံတွေက ဖုန်တွေကိုသန့်ရှင်းစေတဲ့အပြင် သန့်ရှင်းလတ်ဆတ်တဲ့ရနံ့ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့အိမ်ကြီးတစ်လုံးစာအတွက်ဆိုရင် အခွံတွေအများကြီးလိုမှာဖြစ်ပေမယ့် အခန်းလေးတစ်ခန်းစာကိုရှင်းမယ်ဆိုရင်တော့ လီမွန်သီးအခွံတွေက အလုပ်ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။

ကြို့ထိုးတာပျောက်တယ်

Life Martini

တကယ်လို့ ကြို့ထိုးနေရင် အချဉ်အရသာစူးလှတဲ့လီမွန်သီးကို ကိုက်ဝါးပေးလိုက်ပါ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကြို့ထိုးတာပျောက်သွားပါလိမ့်မယ်။ လီမွန်သီးကအချဉ်အရသာက ကြို့ထိုးစေတဲ့နာဗ့်ကြောတွေကို တားဆီးလိုက်တာကြောင့်ဖြစ်ပါတယ်။

READ
ကမ္ဘာ့ပေါ်က မြို့ကြီးပြကြီး တစ်ချို့ရဲ့ မြို့တွင်း လူနေမှု အပြင်အဆင်များ

အ၀တ်အစားတွေကိုဖြူစင်စေတယ်

YouTube

ချိုင်းချွေးအစွန်းအထင်းတွေကိုဖယ်ရှားပြီး အ၀တ်အထည်တွေကိုဖြူစေချင်တယ်ဆိုရင် လီမွန်ရည် ဒါမှမဟုတ် လီမွန်သီးကွင်းလေးတွေနဲ့ အစွန်းချွတ်နိုင်ပါတယ်။ လီမွန်ရည်ထည့်ထားတဲ့ရေနွေးပူပူထဲမှာ အနည်းဆုံးနာရီဝက်လောက်စိမ်ထားဖို့တော့လိုပါတယ်။

လေထုကောင်းမွန်စေတယ်

Sarcasm

လီမွန်သီးလေးတွေကို အကွင်းလိုက်လှီးပြီးပန်းကန်ပြားထဲမှာထည့်ထားရင် အိမ်တွင်းလေထုကိုသန့်ရှင်းစေပါတယ်။ လီမွန်သီးမှာ အင်တီအောက်ဆီးဒင့်တွေပါဝင်တာကြောင့် အသက်ရှူရတာပိုမိုကောင်းမွန်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

အရေပြားကိုကြေးကျွတ်စေတယ်

Beauty By Britanie

လီမွန်သီးကိုအလှပြင်ပစ္စည်းတစ်မျိုးအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ သံလွင်ဆီ၊ သကြား၊ ပျားရည်နဲ့ လီမွန်ရည်တို့ကိုရောစပ်ပြီးမျက်နှာအရေပြားကို နူးနူးညံ့ညံ့နဲ့သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ လီမွန်ရည်ဟာ အရေပြားအတွက်လိုအပ်တဲ့ pH level ကိုထိန်းညှိပေးတာကြောင့် မျက်နှာကိုကြည်လင်တောက်ပစေတဲ့အပြင် အရေးအကြောင်းတွေကိုလည်း လျော့ပါးစေပါတယ်။

ရေချိုးခန်းကိုသန့်ရှင်းစေတယ်

DIY Home Life

ရေချိုးခန်းက ရေဘုံဘိုင်ခေါင်း၊ ရေချိုးကန်နဲ့ ရေချိုးခန်းတံခါးတွေဟာ ဆပ်ပြာနဲ့အညှိတွေကြောင့် ညစ်ပတ်နေတယ်ဆိုရင် လီမွန်သီးနဲ့ဖြေရှင်းနိုင်ပါတယ်။ လီမွန်သီးကို ဆားကြမ်းနဲ့ရောပြီး တိုက်ချွတ်ရင် အရိအရွဲတွေကိုပိုမိုပြောင်စင်စေနိုင်ပါတယ်။ တိုက်ချွတ်ပြီးတဲ့အခါ ဓာတုဆေးတွေကိုအသုံးမပြုတာကြောင့် ရေချိုးခန်းဟာ လီမွန်ရနံ့လေးသင်းပြီးတော့ ကျန်ခဲ့မှာဖြစ်ပါတယ်။

READ
ကြွေပြားတွေကိုအခွာမခံဘဲ ရေချိုးခန်းနံရံကို မွမ်းမံခိုင်းခဲ့လို့၊ ထွက်ပေါ်လာတဲ့ လက်ရာမွန်

လင်းလင်း (ShweMom)

Ref: Shared

SHARE