အိပ်ရေးမဝပေမယ့် အိုလံပစ်ပွဲမှာ ရွှေတံဆိပ်ရရှိပြီး စံချိန်သစ်တင်နိုင်ခဲ့သူ

LA Times

တောင်ကိုရီးယား ဆောင်ရာသီအိုလံပစ်အားကစားပြိုင်ပွဲမှာ အမေရိကန်အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Red Gerard အမည်ရ ကောင်လေးဟာ ညဘက် ၎င်းကြည့်နေကြဇာတ်ကားကို လက်မလွှတ်တမ်း ကြည့်မိခဲ့တာကြောင့် အိပ်ယာဝင်နောက်ကျခဲ့ပါတယ်။ သူ ကြည့်လေ့ရှိတဲ့ အပိုင်းတွဲဇာတ်ကားဟာ Brooklyn Nine-Nine ဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့ညက အဲဒီဇာတ်ကားကိုကြည့်ပြီး Red တစ်ယောက် အိပ်ယာဝင်နောက်ကျခဲ့ပါတယ်။

FIS

သူဟာ အားကစားပြိုင်ပွဲလည်းရှိတာမို့ မနက်ပိုင်းမှာ ပုံမှန်အိပ်ယာထနိုင်အောင် Alarm ပေးထားပေမယ့် တကယ်တမ်းကျတော့ အိပ်ယာဝင်နောက်ကျခဲ့သူမို့ နှိုးစက်သံကို မကြားခဲ့ရပါဘူး။ ဒါပေမယ့် သူ့ရဲ့အသင်းဖော်တစ်ဦးက သူ့ကို အတင်းလှုပ်နှိုးခဲ့ပါတယ်။ အရေးထဲမှာ သူ့ရဲ့ အင်္ကျီကလည်း ပျောက်ဆုံးနေလို့ အဲဒီအသင်းဖော်ကပဲ ကုတ်အင်္ကျီတစ်ထည် ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Mile High Sports

ယင်းနောက် နှင်းတောင်စကိတ် လျှောစီးပြိုင်ပွဲမှာ ၉၈၇.၁၆)မှတ်နဲ့ ရွှေတံဆိပ်ဆွတ်ခူနိုင်ခဲ့ပါတယ်။ သူဟာ အသက် (၁၇)နှစ်သာ ရှိသေးတာမို့ အမေရိကန်သမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၀)ကျော်က တင်ထားတဲ့ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆွတ်ခူးသူစံချိန်မှာ တစ်ဦးအပါအဝင်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

READ
ဦးဦးဖျားဖျား အားကစားသတင်းများ (အိုဝင်ရဲ့ စပါး-အာဆင်နယ် ခန့်မှန်းချက်နဲ့အတူ)
Vanityfair

သူဟာ ရွှေတံဆိပ်ဆုရဖို့ ထိပ်သီး ကနေဒါစကိတ်သမား Max Parrot ကို ပျက်ပျက်သားသား ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အမေရိကန် သမိုင်းမှာ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုစံချိန်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၉၀)က တင်နိုင်ခဲ့ပြီးနောက် အသက်အငယ်ဆုံးရွှေတံဆိပ်ဆုရင်အသစ်အဖြစ် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး။

(၁၉၂၈)ခုနှစ်မှာ Billy Fiske အမည်ရ အမေရိကန် ရေခဲပြင်လျှောစီး အားကစားသမားက အသက်(၁၆)နှစ်အရွယ်မှာ ဒီစံချိန်ကို တင်နိုင်ခဲ့ပြီး၊ အခု နှစ်ပေါင်း(၉၀)ကြာ အဲဒီစံချိန်စာရင်းမှာ Red တစ်ယောက် ပါဝင်ခွင့်ရခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : unilad.co.uk

SHARE