အသက်တိုချင်သလား … အနီရောင်အသားတွေကို များများစားပါ

Billion Photos/Shutterstock

အသီးအရွက်တွေထက် အသားစားရတာပဲ ပိုကြိုက်တယ်ဆိုသူတွေအတွက်ကတော့ တကယ့်ကို သတင်းဆိုးပါပဲ။ အကြောင်းကတော့ အမဲသား၊၀က်သား တွေလို အနီရောင်အသားတွေကို စားသုံးသူတွေဟာ အခြားသူတွေထက်ပိုပြီး အသက်တိုနိုင်တယ်လို့ တွေ့ရှိခဲ့တာကြောင့်ပါပဲ။

(၁၉၈၆)ခုနှစ်ကနေ (၂၀၁၀)ခုနှစ်ကာလအတွင်း အမေရိကန်နိုင်ငံအတွင်းမှာနေထိုင်တဲ့ အမျိုးသား (၂၇၉၁၆)ဦးနဲ့ အမျိုးသမီး (၅၃၅၅၃) ဦးတို့ကို စစ်တမ်းကောက်လေ့လာမှုတွေအရ အနီရောင်အသားတွေကို ပုံမှန်စားလေ့ရှိသူတွေဟာ တခြားသူတွေထက် ပိုစောပြီး သေဆုံးတာ၊ ပြင်ပရောဂါတွေဖြစ်ပွားလွယ်တာကို စစ်တမ်းကောက်ယူသူတွေက သတိထားမိခဲ့ကြတာပါ။

Lisovskaya Natalia/Shutterstock

အနီရောင်အသားတွေဟာ သံဓာတ်ကြွယ်ဝတယ်၊ သွေးအားကောင်းတယ်လို့ မူလက သတ်မှတ်ထားခဲ့ကြပြီး အနီရောင်အသားတွေမှသာ လတ်ဆတ်တဲ့အသားတွေလို့ အားလုံးက လက်ခံထားခဲ့ကြတာပါ။

CNN သတင်းဌာနကနေ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ အနီရောင်အသားတွေနေရာမှာ အခြားပရိုတိန်းပါတဲ့အသီးအနှံတွေ၊အသားတွေကို အစားထိုးစားသုံးဖို့ တိုက်တွန်းထားပြီး ဒါက အရွယ်မတိုင်ခင် သေလွန်တဲ့အန္တရာယ်မျိုးကို နည်းလမ်းတစ်ခုနဲ့ ရှောင်ကျဉ်တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

READ
အိပ်ယာခင်းကိုနေ့စဉ်ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ ဘာကြောင့်အရေးကြီးတာလဲ

ဟားဗတ် တက္ကသိုလ်၊ ကျန်းမာရေးဌာနရဲ့ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဖရန့်ခ် ဟူး ကတော့ အနီရောင်အသားတွေကို တစိုက်မတ်မတ်စားသုံးသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာတတ်ပြီး သူတို့ပုံမှန်စားနေကြနှုန်းထက် ပိုပြီးစားချင်လာတဲ့အခြေအနေတွေ ဖြစ်ပေါ်လာလေ့ရှိတယ်လို့ ဆိုပါတယ်။

OlesyaSH/Shutterstock

အထက်မှာဖော်ပြထားတဲ့ စစ်တမ်းကောက်ယူခဲ့သူတွေထဲက လူပေါင်း (၁၄၀၀၀)ကျော်ဟာ ကင်ဆာရောဂါ၊ ကြွက်သားဆိုင်ရာဝေဒနာတွေ၊ အာရုံကြောဝေဒနာတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး သူတို့က အနီရောင်အသားတွေကို စားသုံးရတာ သဘောကျသူတွေဖြစ်တယ်လို့ စစ်တမ်းကောက်ယူသူတွေက ဖော်ပြပါတယ်။

“ဥပမာအားဖြင့် အနီရောင်အသားတွေကို နေ့စဉ်နီးပါးစားနေမယ့်အစား အဲဒီနေရာမှာ ငါး ကို နေ့တိုင်းစားမယ်ဆိုရင် နောက်ထပ် (၈)နှစ်ကြာတဲ့အခါ အသက်သေဆုံးနိုင်မှု ရာခိုင်နှုန်းဟာ (၁၇)ရာခိုင်နှုန်း လျော့ကျသွားလိမ့်မယ်” လို့ ဒေါက်တာ ဖရန့်ခ်က ဆိုပါတယ်။

အနီရောင်အသားတွေမှာ သဘာဝသံဓာတ်ပါဝင်တယ်ဆိုပြီး စားသုံးနေကြမှုဟာ တကယ်တမ်းမှာတော့ မှားယွင်းမှု တစ်ရပ်ပဲဖြစ်ပြီး ဒီအနီရောင်အသားတွေအစား အခြားပရိုတိန်းပါဝင်တဲ့အစားအစာတွေကိုပြောင်းလဲစားသုံးကြဖို့ ဒေါက်တာဖရန့်ခ်က တိုက်တွန်းလိုက်ပါတယ်။

READ
လက်သည်းအလယ်မှာ အဖြူရောင်အကွက်တွေပေါ်လာတာ ကောင်းသလား/ဆိုးသလား ?
Lisovskaya Natalia

Linn

 

SHARE