Seoul Music Awards ပွဲကြီးကိုတော့ ဇန်န၀ါရီ (၃၀)ရက်နေ့က ဆိုးလ်မြို့ Gocheok Sky Dome မှာ ကျင်းပပြုလုပ်ခဲ့ပါတယ် (၂၉))ကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပြီး ဒီပွဲကိုတော့ K Pop Star တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ဒီပွဲကိုတော့ Red Velvet အဖွဲ့ဝင် Joy လည်း တက်ရောက်ခဲ့ပါတယ်။အပြာရောင် ဂါဝန် တိုလေးကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့တာပါ။


Red Velvet က တော့ (၂၀၁၄) ကမှ ပွဲထွက်ခဲ့တဲ့ SM ရဲ့ Girl Group ပါ။Irene ၊ Seulgi၊ Wendy ၊Joy ၊Yeri ဆိုပြီး အဖွဲ့ ၀င် ငါးယောက်ရှိပါတယ်။Joy ရဲ့ ပွဲတက်ဖက်ရှင် ကတော့ မီဒီယာတွေနဲ့ Fan တွေရဲ့ အာရုံ စိုက်မှု ကို ရခဲ့တဲ့ ဖက်ရှင်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ဆံပင်ရှည်ကို ဒီအတိုင်း ချ ထားပြီး လုံးဝ တစ်ချောင်း ကြိုး အောက်ကား ဂါဝန် တိုလေးပါ။Joy ရဲ့ ကောက် ကြောင်းလှလှ ကို အထင်းသား ပေါ် လွင် စေခဲ့တဲ့ ၀တ်စုံလေးပါ။


ဝတ်စုံလေးနဲ့ လိုက်ဖက်အောင် လို့ လက်ဝတ်ရတနာ အနေနဲ့ ဆိုရင် အဖြူရောင်ဆွဲကြိုးသေးသေးလေး၊နားကပ်သေးသေးလေး တို့ ကို ၀တ်ဆင် ထားပါတယ်။ဒေါက်ဖိနပ် အနက်ရောင် လေးကို ၀တ်ထားပြီး ဘေးမှာတော့ ငွေရောင် အနားကွပ်လေး ပါပါတယ်။အပြုံး လှ ဘုရင် မလေးကတော့ ထုံးစံ အတိုင်း အတောက်ပဆုံး ပြုံးပြီး ကော်ဇောနီ ထက်ကို လျှောက် လှမ်းလာခဲ့ပါတယ်။

Joy ကတော့ သူမရဲ့ IG မှာလည်း ပွဲ တက်ဖို့ ပြင်နေတဲ့ပုံတွေ၊ပွဲက ပုံတွေကို တင်ထားပါတယ်။” “See you soon, Luvies” လို့ Caption ရေးပြီး တင်ထားတာပါ။Wendy တစ်ယောက် ဒီပွဲကို သူမတို့နဲ့ အတူ မတက်နိုင်တဲ့ အတွက်လည်း စိတ် မကောင်း ဖြစ် မိ ကြောင်း တင်ခဲ့ပါတယ်။

“Wendy မပါတော့ စိတ်မကောင်းဖြစ်ရတယ်။Fan တွေ နဲ့ ထပ်ပြီး ဆုံနိုင်မယ့် နေ့ကို ကျမတို့ တွေ စောင့်နေပါတယ်..”လို့ Joy က ပြောခဲ့ပါတယ်။Wendy ကတော့ SBS Gayo Daejeon ပွဲ မှာ ဖျော်ဖြေဖို့ Rehersal လေ့ကျင့်နေရင်းနဲ့ စင်ပေါ် ကနေ ပြုတ် ကျပြီး ဒဏ်ရာရ သွားခဲ့တာကြောင့် ဆေးကုသမှု ခံယူပြီး အနားယူနေတဲ့ အတွက် ဒီပွဲကို မတက်ရောက်နိုင်တာပါ။

Source:Koreaboo/wiki/Joy’s IG