သားဖြစ်သူနဲ့မောင်နှမတွေအလားထင်မှတ်ရလောက်တဲ့ မင်းသမီး Reese Witherspoon

[email protected]

Legally Blond နဲ့နာမည်ကြီးလာခဲ့တဲ့ Reese Witherspoon ဟာ အခုလည်း HBO က ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Big Little Lies မှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် တာဝန်ယူသရုပ်ဆောင်နေတဲ့ မင်းသမီးတစ်ယောက်ပါ။ ၁၉၉၁ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ရှိနေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် သူမရဲ့ဇာတ်ကားတွေဟာဆိုရင်လည်း အများကြီးရှိနေပြီဖြစ်သလို ၁၉၇၆ နှစ်ဖွားဖြစ်တဲ့အတွက်လည်း အသက်သာ ၄၃ နှစ်ရှိလို့နေပါပြီ။

[email protected]

သားသမီး ၃ ယောက်ရဲ့မိခင်ဖြစ်တဲ့ Reese Witherspoon ဟာဆိုရင် ကလေး ၃ ယေညက်မိခင်၊ အသက် ၄၃ နှစ်ရှိပြီလိုတောင်မထင်ရလောက်အောင် နုနေခဲ့တာပါ။ အခုအချိန်အထိ ပေါ့ပေါ့ပါးပါးနဲ့ ၂၅ နှစ်မိန်းမပျိုလေးအတိုင်း ဖျတ်လတ်သွက်လက်နေတုန်းပဲဖြစ်ပါတယ်။

[email protected]
[email protected]

မနေ့လောက်ကပဲ Reese ဟာ သူမရဲ့ Instagram မှာ သားဖြစ်သူနဲ့ဓာတ်ပုံလေးတစ်ပုံတင်ခဲ့ပါတယ်။ မွေးနေ့အတွက် ဆုတောင်းပေးရင်းနဲ့ အမှတ်တရပုံလေးတင်ထားခဲ့တာပါ။ ဒါပေမဲ့ ဓာတ်ပုံကို သေချာကြည့်လိုက်မယ်ဆိုရင်တော့ Reese ဟာ သူမရဲ့သားကြီးနဲ့တောင် မောင်နှမလို့ပြောလို့ရနိုင်လောက်တဲ့ နုပျိုခြင်းတွေကို ပိုင်ဆိုင်နေတာကို အံ့သြစွာတွေ့ရမှာပါ။

READ
"ရိုက်ဖူးသမျှထဲမှာ အကြမ်းဆုံးဘဲ.." လို့ ဆိုလာတဲ့ နေခြည်ဦး
[email protected]

သားလေးနဲ့ အမြဲတမ်းလိုလို ဓာတ်ပုံတွဲရိုက်တတ်ပြီး Instagram မှာဆိုရင် TicTok ကိုလည်း သားနဲ့အတူတူ ဗီဒီယိုတွေရိုက်ပြီး တင်ထားပုံမှာ ချစ်ဖို့တောင်ကောင်းနေခဲ့ပါတော့တယ်။

Penny

SHARE