စကော့တလန်က အသက်(၁၂) နှစ်အရွယ် ထိပ်တန်း မင်္ဂလာဓာတ်ပုံဆရာမလေး

စကော့တလန်က ရီဂျီနာဝီလီဆိုသူ ကောင်မလေးတစ်ယောက်ဟာ ပရိုဖက်ရှင်နယ်ဓာတ်ပုံဆရာ ကယ်ဗင်ဝီလီရဲ့ သမီးဖြစ်ပါတယ်။ သူမဟာ အသက်(၃) နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူရဲ့နောက်ကို တောက်လျှောက်လိုက်ပြီး ဓာတ်ပုံပညာသင်ယူခဲ့တာပါ။ ရီဂျီနာအနေနဲ့ ပထမဦးဆုံး ဓာတ်ပုံရိုက်ပညာကို ၀ါသနာပါလာတာက သူမအဖေနဲ့ စက်ဘီးစီးတောင်တက်သွားတုန်းက ဖြစ်ပါတယ်။

KSG Photography

အပြင်သွားတိုင်း သူမရဲ့ အရုပ်ကင်မရာလေးနဲ့ လိုက်ရိုက်နေရတာကို ရီဂျီနာက မကြိုက်တော့ပါဘူး။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ ကင်နွန်G9 ကို တောင်းပြီး ဓာတ်ပုံလိုက်ရိုက်ပါတော့တယ်။ ဒီလိုနဲရီဂျီနာဟာ ဓာတ်ပုံပညာကို များစွာ စိတ်ပါဝင်စားလာခဲ့ပြီး သူမရဲ့ စွမ်းရည်တွေတိုးတက်ဖို့ ဖခင်ဆီက နည်းနိဿယတွေကို လိုက်နာသင်ယူခဲ့ပါတယ်။

KSG Photography

သူမဟာ အသက်(၉)နှစ် အရွယ်တည်းကစပြီး မင်္ဂလာပွဲဓာတ်ပုံတွေကို ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ရီဂျီနာရဲ့ ထူးခြားလှတဲ့ ရိုက်ချက်တွေကို လူတွေက သဘောကျကြကြောင်း သိရပါတယ်။ သူမရဲ့ ဓာတ်ပုံလက်ရာတွေဟာ ဒေသမဂ္ဂဇင်းတွေနဲ့ ThinkTank မဂ္ဂဇင်းတွေမှာပါ ပါဝင်လာခဲ့ပါတယ်။

READ
ဘူတာရုံမှာ ကြိုးကြိုးစားစား စာလေ့လာခဲ့တဲ့ ကောင်မလေးကို ကူညီသူများပေါ်လာခဲ့
KSG Photography
KSG Photography
KSG Photography

ဒေသခံမဂ္ဂဇင်းတစ်စောင်ကလည်း မဂ္ဂဇင်းထဲထည့်ဖို့ လူပြက်တစ်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းရာမှာ ရီဂျီနာနဲ့ ကယ်ဗင်တို့ဟာ အတူတူဓာတ်ပုံလိုက်ရိုက်ပြီး ဓာတ်ပုံတွေကို မဂ္ဂဇင်းဆီ တင်သွင်းခဲ့ကြပါတယ်။ ဒီအခါမှာ အဆိုပါ ဒေသမဂ္ဂဇင်းကနေ ဖခင်ဖြစ်သူရိုက်ကူးတဲ့ဓာတ်ပုံကို မရွေးပဲ ရီဂျီနာရိုက်ကူးတဲ့ ဓာတ်ပုံကို ရွေးချယ်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် ဓာတ်ပုံပညာမှာ ထူးချွန်တဲ့ ရီဂျီနာရဲ့ လက်ရာထဲက အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

KSG Photography
KSG Photography
KSG Photography
KSG Photography
KSG Photography
KSG Photography
KSG Photography
KSG Photography

9-year-old an in-demand wedding photographer

Regina Wyllie was just 3 when she went on her first photo shoot with her dad. This 9-year-old wedding photographer has been taking pictures ever since. http://cnn.it/28SvRuP

Posted by CNN International on Friday, June 24, 2016

လင်းလင်း (ShweMom)

READ
ပေါင်(၃၀၀) ကျော် လူဝကြီးဘ၀ကနေ မယုံနိုင်လောက်အောင် ၀ိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး

Ref: elitereaders , boredpanda, CNN

SHARE