အချစ်ရေးမှာ သာယာဖို့အတွက်ဆို အမျိုးသားတွေ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်များ

အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ မတူညီတဲ့ ကွဲပြားတဲ့ အခြေအနေ၊ အနေအထားတွေကို ထိန်းညှိနေရတာ အားလုံးအသိပါပဲ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ခြားနားကြတယ်၊ အဲ့ဒီလို ခြားနားမှုတွေကပဲ ပတ်သက်ဆက်ဆံမှုတွေမှာ ပျော်စရာကောင်းစေတယ်၊ စိတ်ဝင်စားစရာကောင်းစေပါတယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ရှုပ်စရာတွေ ဖြစ်ပေါ်စေတယ်။

ချစ်မှုရေးရာ ကဏ္ဍတွေမှာတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုနားလည်ဖို့၊ ၄င်းတို့နဲ့ ပတ်သက်ဆက်နွှယ်မှုပြုနိုင်ဖို့အတွက် သိဖို့လိုအပ်တာတွေ အများကြီးရှိပါတယ်။ ကျွမ်းကျင်သူ တော်တော်များများကလည်း ဒီလိုပဲ အကောင်းဆုံးပြုထားတာကိုတွေ့ရပါတယ်။

ဒီလို ကျွမ်းကျင်သူတွေ လေ့လာပြီး ဖော်ပြတဲ့ အမျိုးသားတွေအတွက် အကောင်းဆုံးသော relationship အကြံပြုချက်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

သူမရဲ့ ခံစားချက်တွေကို လျစ်လျူမရှုပါနဲ့

shutterstock

အမျိုးသားတော်တော်များများက ၄င်းတို့ ပါတနာရဲ့ ခံစားချက်တွေကို မယုံကြည်သလို လက်မခံသလို ရှိတတ်ကြတယ်။

ချော့တဲ့အခါမှာဆိုလည်း “ဒါက စိတ်ကောက်စရာလား၊ ဒါက မင်းကို စိတ်ပျက်သွားစေမယ်လို့ မထင်ဘူး” စသဖြင့်ပြောတတ်ကြတယ်။

အဲ့ဒီလို ပြောတာထက်စာရင် “ကိုယ့် လုပ်ရပ်ကြောင့် မင်းအခုလို စိတ်ပျက်ရတယ်ဆို တောင်းပန်ပါတယ်။ ဒီလိုဖြစ်ဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး” ဆိုတာမျိုးပြောတာက ပိုပြီး သာယာနာပျော်ဖွယ်ရှိပါတယ်။

သူမအတွက် ရပ်တည်ပါ…

ကိုင်တွယ် ဖြေရှင်းမှာ အခြေအနေ တစ်စုံတစ်ရာ ရှိလာတဲ့အခါ အမျိုးသားတွေအနေနဲ့ ခပ်ရဲရဲ ရှေ့တိုးပြီး ရင်ဆိုင်သင့်တယ်။ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ပါတနာအပေါ် ရိုင်းပြတာတွေ လုပ်လာတာနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတာမျိုးကို အမျိုးသမီးတွေအနေနဲ့ အခုထိ သဘောကျ၊ အသိအမှတ်ပြုနေတုန်းပါပဲ။ သူမကို ကာကွယ်ဖို့၊ သူမဘက်ကရပ်တည်ဖို့ အသေချာရှိစေပါ။ အားနွဲ့သူအပေါ် ကြင်နာစွာ ဆက်ဆံမှုပြုပါ။

shutterstock

ကိုယ့်ကို စိတ်ပျက်စေတဲ့ အရာတွေကို ပြောပြပါ…။

Relationships တွေမှာ အမျိုးသားတွေက ကိုယ် ထိခိုက်ရတာတွေ၊ နာကျင်ရတာတွေကို ဖွင့်ပြောမယ့်အစား ဖုံးကွယ်ထားလိုက်တတ်ကြတယ်။ အသံတိတ်နေလို့ ဘယ်သူမှ အကျိုးမရှိသလို၊ မျိုးသိပ်ထားပြီး ပေါက်ကွဲမှ အကြီးအကျယ်တွေဖြစ်ပြီး စိတ်ရှုပ်ရပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ငြိမ်သွားအောင် နာရီဝက်လောက် အချိန်ယူပါ၊ ကိုယ့် ခံစားချက်တွေကို စကားလုံးတွေအဖြစ် စီပါ။ အဲ့ဒီ့နောက် ကိုယ်ဘာခံစားရလဲ ရှင်းပြပါ။

READ
စိတ်ခံစားမှုကိုဦးစားပေးတဲ့လူတွေရဲ့ ကောင်းကျိုးလက္ခဏာများ

 

shutterstock

ကိုယ့်ရဲ့ ပါတနာနဲ့ မျှဝေခံစားပါ

အမျိုးသားတွေဟာ လိုအင်၊ ခံစားချက်၊ အကြောက်တရား၊ မျှော်လင့်ချက်တွေကို ထိမ်ချိန်ထားတတ်တဲ့ သတ္တ၀ါဖြစ်တယ်။ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ အမျိုးသမီးတွေက ကိုယ့်ရဲ့ ခံစားမှုတွေကို ပြောပြတတ်တဲ့ အမျိုးသားတွေကို ပိုပြီး လိုချင်ကြတယ်၊ လိုအပ်ကြတယ်။

အမျိုးသားတွေက ဘာကြောင့်ရယ်မသိ အားနည်းချက်တွေ ပေါ်လာမှာကို စိုးရိမ် ပူပန်တတ်ကြတယ်။ ဒါပေမယ့် အမျိုးသမီးလက်တွဲဖော်တွေက ပွင့်လင်းစွာ နေထိုင်နိုင်စွမ်းရှိတာကိုကြည့်ကြတယ်၊ ရိုးသားတာမျိုးကို လိုလားကြတယ်။ ဒါက လူတွေကို ပိုပြီး နီးစပ်မှုရှိစေပြီး အပြန်အလှန် ထောက်ကူပေးမှုတွေ ရှိစေပါတယ်။

မချစ်တော့ဘူး မထင်ပါနဲ့…

ကိုယ် လိုချင်တဲ့ အရေးစိုက်မှုတွေ၊ ဂရုစိုက်မှုတွေ မရတော့ဘူးလို့ ခံစားရတဲ့ အချိန်ရှိမှာပါပဲ။ သူ့မှာ တခြားအလုပ် တွေရှုပ်နေပြီး သင်နဲ့ အနီးကပ် ချစ်ကြည်နူးဖို့ စိတ်မပါတဲ့ပုံပေါက်နေရင် သင့်ကို မချစ်တော့ဘူးဆိုပြီး မထင်လိုက်ပါနဲ့။ လူပဲလေ.. သင့်ကိုချည်းပဲ ဘယ်အရေးစိုက်နိုင်မတုန်း။ သင်တောင် အချိန်တိုင်း သူမ မျက်နှာကြည့်နေနိုင်တာမှ မဟုတ်တာ။ ဒါတွေနဲ့ ပတ်သက်ပြီး အမှားကြီးတွေ မတွေးဘဲ အချိန်ယူပြီး ပြန်နီးစပ်အောင် ကြိုးစားရင် အဆင်ပြေမှာပါပဲ။

shutterstock

ပိုပြီး နားထောင်ပါ…

အမျိုးသမီးတွေနဲ့ အောင်မြင် ခရီးရောက်တဲ့ relationship တစ်ခုရဖို့ဆိုရင် အမျိုးသားတွေအနေနဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုတဲ့ စိတ်ကို ချိုးနှိမ်ထားပြီး တက်ကြွကြွနဲ့ ကောင်းကောင်းမွန်မွန် နားထောင်ပေးတတ်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေ နားထောင်စေချင်တာပဲရှိပြီး ဖြေရှင်းတာမျိုးကို မလိုချင်ကြပါဘူး။ တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်အတွက် အသင့်ရှိပြီး သူတို့ဘာလုပ်သင့်တယ်၊ ဘယ်လို ခံစားသင့်တယ်ဆိုတာမျိုးကို မပြောတာက တနည်းအားဖြင့် အားပေးတာပါပဲ။ တစ်ချို့ ပြဿနာတွေက ဖြေရှင်းလို့မရပါဘူး၊ နားထောင်ပေးခြင်းနဲ့သာ ကူညီပေးနိုင်ပါတယ်။

READ
လရောင်မဲ့သော ရင်ဘတ်များ

ပြတ်ပြတ်သားသားရှိပါ…။

စားသောက်ဆိုင်ရွေးတာ၊ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကားရွေးတာမျိုးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ဘ၀နဲ့ ယှဉ်ပြီး ဆုံးဖြတ်ရတာတွေ၊ ပိုကြီးတဲ့ ကိစ္စတွေအတွက်တော့ အမျိုးသားတွေဟာ ပြတ်ပြတ်သားသားရှိဖို့လိုပါတယ်။ အမျိုးသမီးတွေ အတွက်တော့ ဆုံးဖြတ်ချက်ပြင်ဆင်တဲ့အခါ ရှောင်ဖယ်နေတတ်တဲ့ အမျိုးသားဟာ ၄င်းရဲ့ တာဝန်တွေကို ခေါင်းရှောင်နေသလိုပါပဲ။ အသက်မွေး အလုပ်၊ မိသားစုနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စမျိုးတွေမှာ ပေါ့တာ၊ ပျော့ညံ့တာမျိုးက အချစ်တစ်ခု အဆုံးသတ်သွားတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။

shutterstock

တစ်ချို့သော တာဝန်တွေကို လွှဲယူပါ…

အိမ်ထောင်ကျပြီးသွားရင် အမျိုးသမီးတွေဟာ သားသမီး၊ စားရေးသောက်ရေး၊ အိမ် ကိစ္စ ထိန်းသိမ်းရေးတွေကို လုပ်ရပါတယ်။ သင့်ရဲ့ လက်တွဲဖော်ဖြစ်ချင်တဲ့ အမျိုးသမီးဆိုတာ တခြားသူတွေရဲ့ ဂရုစိုက်တာခံချင်တာမဟုတ်ပါဘူး။ ဒါကြောင့် တစ်ချို့သော သူမရဲ့ တာဝန်တွေကို လွှဲယူပေးပြီး သူမကို သက်သာရာရစေပါ၊ သူမဟာလည်း ဒါကို အလွန် အသိအမှတ်ပြုမှာကျိန်းသေပဲ။ သူမကို မေးဖို့ စောင့်မနေပါနဲ့။ လုပ်သာလုပ်ပါ။

shutterstock

ထူးထူးခြားခြား ခံစားရစေပါ…။

အမျိုးသားတွေက ကိုယ့်ရဲ့ ခံစားမှုပိုင်းဆိုင်ရာတွေကို ထုတ်ဖော်ပြရာမှာ အားနည်းကြပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လောက်နှစ်သက်သလဲဆိုတာကို သိစေဖို့ အနားမှာရှိနေပေးတာ၊ ဂရုစိုက်တာမျိုးတွေ လုပ်ကို လုပ်ရပါမယ်။ စကားလုံးတွေနဲ့ ပြောပြနိုင်သလို ရုပ်ပိုင်းဆိုင်ရာတွေနဲ့တောင် ပြသနိုင်ပါတယ်။ အမျိုးသားတွေ အတွက် ဒါမျိုးတွေ မရှိဘဲနေနိုင်ကြပေမယ့် အမျိုးသမီတွေအတွက်ကတော့ ဒါ အောက်စီဂျင်လိုပဲ…။

အမျိုးသမီးတွေဟာ ထူးခြားတယ်၊ ၄င်းတို့တွေရဲ့ ဖိစိမှုတွေ၊ မိသားစု၊ အချစ်ရေး၊ ငြင်းခုံမှု၊ အံသြမှုတွေကို ကိုင်တွယ်ဖြေရှင်းပုံကလည်း ထူးခြားပါတယ်။ ဒီ အချက်တစ်ချို့ကို စိတ်ထဲထည့်ထားပြီး သင့်ရဲ့ ဝေဖန်ဆုံးဖြတ်နိုင်စွမ်းတေါကို ကောင်းကောင်းအသုံချပါ။ သင်က ကိုယ့်လက်တွဲဖော်အကြောင်း ထင်တာထက် ပိုသိတဲ့သူပါ…။

Matthew (ShweMOM)

SHARE