ခြံခုန်သူတွေ လူမိတဲ့အခါ ဆင်ခြေပေးလေ့ရှိတဲ့ စကားများ

အခုခေတ်ကြီးမှာ သမီးရည်းစားတွေ၊ လင်မယားတွေကြားမှာ သစ္စာရှိတယ်ဆိုတာ ချီးကျူးယူရလောက်အောင် ခက်ခဲရှားပါးလာနေသလိုပါပဲ။ ကိုယ့်ချစ်သူထက် သာတဲ့သူတွေ့ရင် ပိုသာယာမယ်လို့ ထင်မိတာနဲ့တင် သစ္စာဖောက်ဖို့ ဝန်မလေးသူတွေ အရမ်းကို ပေါများလာပါတယ်။ ခေတ်စကားနဲ့ဆို ခြံခုန်ခြင်းပါ။ သစ္စာဖောက်သူတွေ များသောအားဖြင့် ပေးလေ့ရှိတဲ့ ဆင်ခြေတွေကတော့ ကိုယ့်ချစ်သူရဲ့ အမှားတွေကြောင့် သူတို့က တခြားသူဆီ သွားရသလိုမျိုး၊ ဒီလိုမှမဟုတ်ရင် မတော်တဆဖြစ်သလိုမျိုးတွေ သူတို့အပြစ် ပေါ့အောင် ပြောလေ့ရှိကြပါတယ်။

တကယ်တော့ သစ္စာဖောက်တယ်ဆိုတာ ဘေးဘီပယောဂထက် ကိုယ့်ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ကိုယ့်ရွေးချယ်မှုကလည်း ကိုယ်ဘယ်သူဆိုတာ ဖော်ပြသွားပါတယ်။ အောက်မှာ ပြထားတဲ့ စကားလေးတွေကတော့ စိတ်ပညာရှင်တွေ အတည်ပြုထားကြတဲ့ ခြံခုန်သူများ ပေးလေ့ရှိတဲ့ ဆင်ခြေတွေပါ။

Shutterstock

“ကိုယ် မလုပ်ခဲ့ပါဘူး။ အဲ့ဒါ ကိုယ်မဟုတ်ပါဘူး..” ဖောက်ပြန်သူတွေဆီက အကြားရဆုံး စကားတစ်မျိုးပါ။ သင် ပြန်ကြားရတဲ့အကြောင်းက သူမဟုတ်ဘူးလို့ ဗြောင်ငြင်းမယ်။ တွေ့ခဲ့တဲ့လူတွေက လူမှားတွေ့ခဲ့သလိုပဲ လုပ်မယ်။ သတင်းမှားတွေဆိုပြီး ငြင်းမယ်။ သူတို့ရဲ့ နံပါတ်တစ် ဆင်ခြေပါ။

READ
ယောက်ျားလေးတွေ သူတို့ချစ်သူကို အသဲယားပြီဆို လုပ်တတ်တဲ့ အပြုအမူ (၄)မျိုး

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. ရူးနေလား..” သူတို့ ခြံခုန်တာကို မိသွားတဲ့ သင်ကပဲ ရူးနေသလိုမျိုး စကားတွေ သင့်ကို ပြန်ပြောပါလိမ့်မယ်။ သင့်အတွေးနဲ့ သင် လျှောက်ထင်နေတဲ့ ပုံမျိုးတွေ ပြောပါလိမ့်မယ်။ သင်ကပဲ လျှောက်တွေးနေသလိုမျိုးတွေပေါ့။

“ကိုယ်နဲ့ သူက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ..” သူ့ကိုယ်သူ လုံးဝ စင်ကြယ်နေသလို သန့်ရှင်းပြနေချင်ပြန်ပါပြီ။ ဖောက်ပြန်တာကို ဝန်မခံချင်ဘဲ သင်ပဲ မှားထင်နေသလိုပါ။ ‘သူငယ်ချင်းတွေပါ’ ဆိုတဲ့ စကားကတော့ အတည်ပြောတာတွေလည်း ရှိသလို ခြံခုန်သူတွေလည်း တစ်ခါတစ်ရံ သုံးတတ်တဲ့ စကားလေးပါ။

Shutterstock

“ဒီတစ်ခါလေး မှားသွားတာပါ..” ဒီလိုစကားမျိုးကတော့ သူကျူးလွန်ခဲ့တာကို ဝန်ခံရမှာ မကြောက်တော့တဲ့အခါ သုံးတဲ့စကားပါ။ သူ့အမှားကို ဝန်ခံမယ်၊ ဒါပေမယ့် သူမှားတာ ဒီတစ်ခါတည်း ဖြစ်တဲ့ ပုံမျိုးလည်း ကာပြောမယ်။ သင့်ကို ခွင့်လွှတ်စေချင်တယ်။ တကယ်တော့ သူမှားခဲ့တာ ဘယ်နှခါ ရှိပြီလည်း သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

READ
ချစ်သူကို ပထမဆုံးအနမ်း ဘယ်ပုံဘယ်နည်းနဲ့ ခြွေရမလဲ ... ?

“ဒီလို ထပ်မမှားတော့ပါဘူးလို့ ကတိပေးပါတယ်..” ဒီလိုပြောရင်တော့ သိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။ သူ့အမှားကိုလည်း ဝန်ခံပြီး နောင်တရကြောင်း ပြကာ သင့်ဆီက ခွင့်လွှတ်မှုကို တောင်းခံချင်ရင် သုံးတဲ့ စကားလေးပါ။ ဒါပေမယ့် သူ့ကိုထပ်ယုံသင့် မယုံသင့်ကတော့ ခံရသူကိုယ်တိုင်က စဉ်းစားချင့်ချိန်ပြီး ပြန်လက်ခံ သင့်/မသင့် ဆုံးဖြတ်သင့်ပါတယ်။

ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကိုယ့်ချစ်သူက ကိုယ့်ကို သစ္စာဖောက်ပြီဆိုရင်တော့ ခံစားရမှာ အနည်းနဲ့ အများပါပဲ။ သစ္စာဖောက်သူက ဘယ်လိုစကားမျိုး ပြန်ပြောလဲဆိုတဲ့ အပေါ်မူတည်ပြီး ကိုယ်ဘယ်လို သူနဲ့ ရှေ့ဆက်ရမလဲဆိုတာရယ်၊ ခွင့်လွှတ်သင့် မလွှတ်သင့် ဆိုတာတွေရယ်ကို ပိုစဉ်းစားတတ်လာမှာပါ..။

Ref: Relrules

SHARE