သင်နဲ့တွဲနေသူဟာ လူကြီးလူကောင်းဆန်၊မဆန် ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်

Pexels/Pixabay

သင်နဲ့တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ သင် သေချာသိပြီလား။ မသိသေးဘူးဆိုရင်တော့ ဒီအချက်တွေကိုကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်လို့ရတယ်နော်။ တကယ်လို့  သူက ဒီအချက်တွေနဲ့ ကိုက်ညီနေသူဆိုရင်တော့ လူကြီးလူကောင်းဆန်သူဖြစ်ပြီး သင်အားကိုးလို့ရမယ့်သူမျိုးပါ။ ဒီအချက်တွေနဲ့လွဲနေတယ်ဆိုရင်တော့ သူက ကလေးဆန်မယ့်သူမျိုးဖြစ်ပြီး သင်နဲ့မကြာခဏ ပြဿနာ ဖြစ်ရမယ့်သူမျိုးပေါ့…။

(၁)။ သင့်အပေါ်လေးလေးစားစားဆက်ဆံတယ်

သင်က သူ့ထက် အသက်ငယ်တဲ့သူပဲဖြစ်ပါစေ၊ သင်နဲ့သူကြား အသက်ကွာဟမှု ဘယ်လောက်ပဲများပါစေ လူကြီးလူကောင်းဆန်သူတစ်ယောက်သာဆိုရင် သင့်အပေါ် လေးလေးစားစားနဲ့ ဆက်ဆံမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်ကြတဲ့အခါ သင့်အပေါ် ရိုင်းစိုင်းတဲ့စကားမျိုးနဲ့ ပြောဆိုတဲ့သူမဟုတ်ဘူး၊ ဒါ့အပြင် သင့်ကို လက်အောက်ငယ်သားတစ်ယောက်လို မခိုင်းစေတတ်ဘူး။ ဒီအချက်တွေကိုတွေ့နေရပြီဆိုရင် သူဟာ လူကြီးလူကောင်းဆန်တဲ့သူလို့ သတ်မှတ်လိုက်ပါ။

Pexels/Pixabay

(၂)။ သင့်ရဲ့ရုပ်ရည်ကို ဘယ်တော့မှမဝေဖန်ဘူး

သင်က ပိန်လိုက်တာ၊ ၀လိုက်တာ၊ မျက်နှာက ဘယ်လိုဖြစ်နေပြီ …စသဖြင့် သင့်ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် ကို ဘယ်တော့မှ ဝေဖန်မှာမဟုတ်ပါဘူး။ သင့်အတွက် ဘယ်လိုပုံစံမျိုးက ပိုပြီးသင့်တော်မယ်ဆိုတာကို သင်နားဝင်မယ့် ပုံစံမျိုးနဲ့ပြောပြတတ်ပြီး သူက သင့်ရဲ့ရုပ်ရည်ကြောင့် သင့်အနားမှာ ရှိနေတာ မဟုတ်ဘူးဆိုတာကို သင်ခံစားလာရပါလိမ့်မယ်။

READ
ပထမတစ်ကြိမ်ကောင်မလေးနဲ့တွေ့ပြီးရင် နောက်ထပ်လှုပ်ရှားရမယ့်ခြေလှမ်းများ

(၃)။ သင်မပြောပြချင်တဲ့ကိစ္စတွေကို ဘယ်တော့မှ မစပ်စုဘူး

သင် တစ်ခုခုအဆင်မပြေလို့ ဘယ်သူ့ကိုမှ စကားမပြောချင်ဘူး၊ တိတ်ဆိတ်နေပြီဆိုရင် သင်ဘာဖြစ်နေသလဲလို့ အတင်းအကြပ်မေးမယ့်သူမျိုးမဟုတ်ပါဘူး။ သင်မပြောပြချင်တဲ့ ကိစ္စတွေအတွက် အတင်းတွန်းအားပေးနေမှာမဟုတ်သလို၊ သင့်ကွယ်ရာမှာ လိုက်ပြီး စပ်စုနေမယ့် သူမျိုးလည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေကျရင် ဒီလိုပုံစံက သင့်ကို ဂရုမစိုက်တာလို့ ထင်စရာရှိပေမယ့် တကယ်တော့ သူက ဂရုမစိုက်တာမဟုတ်ဘဲ လူကြီးလူကောင်းဆန်ဆန် နေပြနေတာပါ။

pixel2013/Pixabay

(၄)။ သင့်ရဲ့တန်ဖိုးကို အမြဲအသိအမှတ်ပြုတယ်

သင့်ဆီမှာရှိတဲ့ ကောင်းမွန်တဲ့အရာတွေကို သူက အကုန်လုံးလိုလို သိအောင် လုပ်ထားတယ်။ အဲဒါတွေအတွက်လည်း အမြဲအသိအမှတ်ပြုပြီး ချီးကျူးစကားပြောပေးတယ်။ သင်က သီချင်းဆိုတာကောင်းတယ်၊ သင်္ချာမှာတော်တယ်၊ အင်္ဂလိပ်စာကောင်းတယ် စသဖြင့် သင်ထူးချွန်တဲ့ အရာတွေကို သူက အမြဲမှတ်ထားမှာဖြစ်ပြီး အခွင့်ကြုံတာနဲ့ အဲဒါတွေကို မမေ့မလျော့ ချီးကျူးတာမျိုး လုပ်မှာပါ။

READ
Disney ကာတွန်းဇာတ်ကောင် မင်းသားတွေရဲ့ သိမ်မွေ့တဲ့ ချစ်ခွင့်ပန်စကားများ

(၅)။ သင်အားငယ်သွားအောင် ဘယ်တော့မှမလုပ်ဘူး

လူပုံအလည်မှာ သင့်ကို အပြစ်ပြောတာမျိုး၊ သင့်ရဲ့ အားနည်းချက်တစ်ခုခုကို အသုံးချပြီး စကားနဲ့ အနိုင်ပိုင်းတာမျိုး..စတဲ့ အပြုအမူတွေကို လုပ်မယ့်သူမျိုးမဟုတ်ပါဘူး။ တခြားသူတစ်ယောက်ကြောင့် သင် အားငယ်ရတယ်ဆိုရင်တောင် သင့်ရဲ့ဘေးမှာ ရှိနေပြီး အားပေးနေမယ့် သူမျိုးပေါ့…။

StockSnap/Pixabay

Linn

SHARE