အဆိုးရွားဆုံး ရည်းစားစကားပြောနည်း (၅)မျိုး

Voyagerix/Shutterstock

သင့်ရဲ့ဘ၀မှာ ကောင်မလေးတစ်ယောက်ကို ဘယ်လို ပုံစံမျိုးနဲ့ ရည်းစားစကားပြောဖူးလဲ။ ရည်းစားစကားပြောတယ်ဆိုတာကလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးနော့။ အဆင်မပြေရင်၊ အနေအထားမမှန်ရင် ပါးရိုက်ခံရတာတို့၊ တစ်ခုခုနဲ့ကောက်ပေါက်ခံရတာတို့နဲ့ နည်းနည်းတော့ ခက်ခဲတယ်လို့ ပြောရမှာပါ။ တချို့ကျတော့လည်း ရည်းစားစကားပြောဖို့အတွက် သူများနဲ့မတူတဲ့ နည်းလေးတွေ သုံးတတ်ကြတယ်။ အသစ်အဆန်းလေးတွေပေါ့။ အဲဒီထဲကမှ အဆိုးရွားဆုံး ရည်းစားစကားပြောနည်း (၅)မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁)။ လူတွေအများကြီးကြားမှာ ပြောတာ

တချို့ကတော့ လူတွေအများကြီးကြားထဲမှာ ချစ်တယ်လို့ပြောလိုက်တာဟာ သူ့ကိုဘယ်လောက်ချစ်ကြောင်း ပြသလိုက်တာပဲလို့ ထင်ကြတယ်။ တကယ်တော့ ပထမဆုံးအကြိမ် ရည်းစားစကားပြောတယ်ဆိုတာ လူတွေအများကြီးကြားထဲ သွားပြောလို့ သင့်တော်တဲ့နေရာမဟုတ်ပါဘူး။ သူငယ်ချင်းတွေအများကြီးဆုံတဲ့အချိန်၊ အားလုံးကြားထဲမှာ ရည်းစားစကားသွားပြောလိုက်ရင် လက်ခံမယ်လို့ ထင်သလား? သေချာပေါက်အငြင်းခံရမှာပါ။ တကယ်တော့ ရည်းစားစကားပြောတယ်ဆိုတာ ပြောတဲ့နေရာလေးကလည်း ရိုမန်းတစ် ဖြစ်နေဦးမှ၊ နှစ်ယောက်တည်း အေးအေးလူလူလည်းရှိနေဦးမှ။ အဲလိုအချိန်တွေမှာ ပြောတာက အကောင်းဆုံးပါ။

READ
သင့်ကိုချစ်နေပေမယ့် ဖွင့်မပြောရဲတဲ့ယောက်ျားလေးတစ်ယောက်ရဲ့ အမူအရာများ
Nejron Photo/Shutterstock

(၂)။ လူကြုံနဲ့ပြောခိုင်းတာ

ကြည့်စမ်း။ ဘယ်လောက်ဆိုးတဲ့ အကြံဆိုးကြီးလဲဆိုတာ။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် အကူအညီတောင်းပြီး ကိုယ်က သူ့ကိုချစ်နေကြောင်း ပြောခိုင်းတယ်ဆိုတာ တကယ့်ကို ဆိုးရွားတာပါပဲ။ ရည်းစားစကားပြောတာလေးကိုတောင် ကိုယ်တိုင်မပြောနိုင်ဘူးဆိုရင် တစ်ဖက်လူကလည်း သူ့ကိုမလေးစားဘူး၊ ပေါ့ပျက်ပျက်လုပ်တယ်လို့ ထင်မှာဖြစ်ပြီး သင့်ကိုတော်ရုံနဲ့စဉ်းစားမှာမဟုတ်တော့ပါဘူး။

(၃)။ ပိုက်ဆံချေးပြီးရည်းစားစကားပြောတာ

ကိုယ်က သူ့ဆီကလည်း ပိုက်ဆံချေးသေးတယ်၊ သူ့ကိုလည်း ရည်းစားစကားပြောသေးတယ်ဆိုရင် တစ်ဖက်သားခမျာ ဘယ်လောက်တောင်ကြေကွဲလိုက်မလဲ။ စဉ်းစားကြည့်စမ်း။ ရည်းစားစကားအပြောခံရတဲ့သူကတော့ သူ့အကြွေးကို ပြန်မဆပ်ချင်လို့ ရည်းစားစကားလာပြောနေတယ်လို့တောင် ထင်ဦးမှာ။ ဒီတော့ ကိုယ်က သူ့ဆီကနေ ပိုက်ဆံချေးထားတယ်ဆိုရင်လည်း အကြွေးလေးတော့ ကျေအောင်ဆပ်လိုက်ပါဦး။ နောက်တော့မှ ရည်းစားစကားပြောပေါ့။

Bobex-73/Shutterstock

(၄)။ မုန့်ကျွေးပြီးရည်းစားစကားပြောတာ

အဲဒါကြီးကလည်း ရက်စက်လွန်းပါတယ်။ သက်သက်ကြီးကို ချည်ပြီးတုပ်ပြီး လုပ်လိုက်သလိုပဲ။ တစ်ခုခုသွားစားကြမယ်၊ ၀ယ်ကျွေးမယ် ဘာညာနဲ့ခေါ်သွားပြီး စားချင်တာတွေ ကျွေးပြီးမှ ရည်းစားစကားပြောတယ်ဆိုတော့ တစ်ဖက်သားမှာ ငြင်းရခက် ၊ ဘာလုပ်ရမှန်းမသိ အဲလိုတွေဖြစ်ကုန်မှာပါ။ ဒီနည်းလမ်းက အဆင်ပြေဖို့များတဲ့ နည်းလမ်းဖြစ်ပေမယ့် စားချင်တာဝယ်ကျွေးမယ်လို့ ညာခေါ်ပြီး ရည်းစားစကားပြောတယ်ဆိုတာ ရက်စက်လွန်းပါတယ်လေ။

READ
အကျင့်စရိုက်မတူတဲ့ယောက်ျားတစ်ယောက်ကိုချစ်မိသွားတဲ့အခါ သင်လုပ်ပေးလာမယ့်အရာများ

(၅)။ မူးနေတုန်းပြောတာ

မူးနေတဲ့အချိန် တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး ရည်းစားစကားပြောဖူးလား။ အာလေးလျှာလေးကြီးနဲ့လေ။ အဲလိုဆိုတော့ ဘယ်သူက သူ့ကိုတကယ်ချစ်လို့ ပြောတယ် ထင်မှာလဲ။ မူးနေတုန်းမို့ ရူးကြောင်မူးကြောင်တွေ လာလုပ်တယ် ထင်မှာပေါ့။ တစ်ခါတစ်လေကျရင် မူးလာတဲ့အခါ ကိုယ်ချစ်တဲ့သူကို သတိရကြတာ အမှန်ပဲဖြစ်ပေမယ့် မူးနေတဲ့အချိန်မှာတော့ ရည်းစားစကားမပြောသင့်ပါဘူး။ ဒီနည်းလမ်းက မအောင်မြင်နိုင်ချေအများကြီးရှိနိုင်ပြီး နောက်အကြိမ်တွေမှာ သင်ပြောရင်လည်း တစ်ဖက်က ယုံကြည်ဖို့ ခက်မှာပါ။

Nomad_Soul/Shutterstock

Linn

SHARE