ဒီအချက် (၇)ချက်နဲ့ ကိုက်ညီသူကိုသာ သင့်ရဲ့ဘဝလက်တွဲဖော်အဖြစ် ရွေးပါ…

lorenafotografiaa/Pixabay

သင့်ရဲ့ဘ၀လက်တွဲဖော်အဖြစ် တစ်ယောက်ယောက်ကို ရွေးဖို့ စဉ်းစားနေပြီလား။ ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကို ရွေးဖို့ဆိုတာက တကယ်တော့ ထင်သလောက်လွယ်တဲ့အလုပ် မဟုတ်တာ အမှန်ပါ။ သင်နဲ့ဘ၀တစ်လျှောက်လုံးအတူရှိနေမယ့်သူဆိုတာ သင့်ကိုနားလည်မယ့်သူ၊ သင့်ရဲ့အားနည်းချက်တွေကို လက်ခံနိုင်မယ့်သူ စသဖြင့် အချက်တွေအများကြီး ပြည့်စုံနေမှ နှစ်ယောက်သား ပျော်ရွှင်တဲ့ဘ၀တစ်ခုကို ဖြတ်သန်းနိုင်မှာပါ။ အောက်မှာပါတဲ့အချက်(၇)ချက်ကသာ သင်လက်တွဲဖော်အဖြစ် ရွေးချယ်ထားသူနဲ့ ကိုက်ညီမယ်ဆိုရင် ဘာမှ စဉ်းစားမနေပဲ ရွေးသာ ရွေးလိုက်ပါတော့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။

(၁)။ သင့်ကိုအရမ်းချစ်တဲ့သူ

ဒီအချက်က အရေးအကြီးဆုံးပါ။ သင်နဲ့ ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူဟာ သင့်ကို အရမ်းချစ်တဲ့လူတစ်ယောက် ဖြစ်သင့်တယ်မဟုတ်ဘူးလား။ သင် အဆင်ပြေတဲ့အချိန်တွေမှာရော၊ အဆင်မပြေတဲ့အချိန်တွေမှာပါ သင့်အနားရှိနေမယ်၊ သင့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြီး ချစ်နေပေးမယ်၊ အဲဒီလို လူတစ်ယောက်ကသာ သင့်အတွက် လက်တွဲဖော်ကောင်းအဖြစ် အမြဲရှိနေနိုင်ပါလိမ့်မယ်။

READ
သင့်ကိုတကယ်ချစ်တဲ့ယောက်ျားလေးကသာပြုလုပ်ပေးတတ်သောအရာများ
Free-Photos/Pixabay

(၂)။ သင့်ကို နားလည်ပေးနိုင်တဲ့သူ

သင့်ကို ချစ်နေရုံနဲ့ ပြီးသလားဆိုတော့ မပြီးသေးပါဘူး။ သင့်ကို နားလည်ပေးဖို့လည်း လိုပါသေးတယ်။ သင့်ကို ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး၊ နားလည်မပေးဘူး ဆိုတဲ့သူမျိုးက သင့်အတွက် လက်တွဲဖော်ကောင်း ဖြစ်လာနိုင်ဖို့မရှိလို့ သင့်ကိုနားလည်ပေးမယ့်သူကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ပါ။

(၃)။ သင် ဘာမဆို ရင်ဖွင့်ချင်တဲ့သူ

သင် လက်တွဲဖို့ ရွေးချယ်လိုက်တဲ့သူက သင့်ရဲ့ခံစားချက်တွေအားလုံးကို ရင်ဖွင့်နိုင်တဲ့သူလည်း ဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ပဲ သင်တစ်ခုခု ခံစားရတဲ့အခါ သူ့ကိုမပြောပြရဲပဲ ဖြစ်နေရတယ်ဆိုရင် သူက သင့်အတွက် ရင်ဖွင့်ဖို့ သင့်တော်တဲ့သူ မဟုတ်သလို သင့်ရဲ့အဖော်ကောင်းတစ်ယောက်လည်း ဖြစ်လာမှာမဟုတ်ပါဘူး။

sasint/Pixabay

(၄)။ သင့်အကြောင်းပြောဖို့ မလိုအောင်သိတဲ့သူ

သေချာပြောချင်တာက သင့်အကြောင်းကို အလုံးစုံမသိသေးတဲ့သူတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။ တစ်ခုခုဆို သင်ပြောနေဖို့တောင်မလိုပဲ သင့်ရဲ့ခံစားချက်ကို သိနိုင်သူတစ်ယောက် သင့်ဘေးနားမှာရှိနေမယ်ဆိုရင် ဘ၀တစ်လျှောက်ပျော်ရွှင်မှုကို သင်ကောင်းကောင်းကြီး ခံစားနိုင်မှာပါ။

READ
ဖုန်းအလွန်အကျွံသုံးခြင်းကြောင့် စုံတွဲများအကွဲများလာကြောင်းတွေ့ရှိ

(၅)။ ပျင်းဖို့မကောင်းတဲ့သူမျိုး

သင့်ရဲ့လက်တွဲဖော်က ဟာသတွေဘာတွေလည်းနားမလည်၊ အနုပညာခံစားမှုလည်း အားမကောင်းပဲ ပျင်းဖို့ကောင်းတဲ့သူမျိုးဆိုရင် သင့်ဘ၀က ထင်သလောက် ပျော်စရာကောင်းမှာမဟုတ်ပါဘူး။ သင့်ကို ချစ်တော့ ချစ်ပါရဲ့ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး ပျော်စရာတွေခံစားရတာက အရမ်းကိုနည်းနေမယ်ဆိုရင် သိပ်မကြာခင်အချိန်မှာပဲ သင် သူ့ကို စိတ်ကုန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

Up-Free/Pixabay

(၆)။ ပိုက်ဆံကို တန်ဖိုးထားတတ်သူ

သင့်ရဲ့လက်တွဲဖော်က ပိုက်ဆံကို တန်ဖိုးမထားတတ်ပဲ ထင်သလို သုံးဖြုန်းနေတတ်သူ ဆိုရင် ရေရှည်မှာ သင်တို့ရဲ့ဆက်ဆံရေးကိုပါ ထိခိုက်လာမှာပါ။ ပိုက်ဆံဆိုတာ အမြဲတမ်းရှိနေတာမျိုး မဟုတ်တာကြောင့် ပိုက်ဆံမရှိတဲ့အချိန်တွေကျရင် တစ်ယောက်ကိုတစ်ယောက် အပြစ်တွေတင်ရင်း စကားများ၊ ရန်ဖြစ်ကြမှာမို့ ပိုက်ဆံကို တန်ဖိုးထားတတ်သူကိုပဲ လက်တွဲဖော်အဖြစ်ရွေးသင့်ပါတယ်။

Linn

SHARE