သင့်ကောင်မလေးက သင့်ကိုနမ်းချင်နေပြီဆိုတာဒီအချက်တွေကြည့်ပြီးသိနိုင်တယ်

MRProduction/Shutterstock

ရည်းစားဖြစ်ကာစလူတွေကြုံဖူးမယ့် ပြဿနာ ပါ။ ကိုယ်က ရည်းစားဖြစ်တာဘယ်လောက်မှ မကြာသေးတော့ လက်ကလေးကိုင်ဖို့တောင် မ၀ံ့မရဲဖြစ်နေ။ နမ်းဖို့ဆိုတာကတော့ ဘယ်လိုတောင်ကြိုးစားရမှန်းမသိ။ ဒီလိုအခြေအနေတွေဆိုရင် ကိုယ့်ကောင်မလေးက ကိုယ့်ကိုနမ်းချင်နေလား၊ မနမ်းချင်ဘူးလားဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။

တကယ်တော့ ယောင်္ကျားလေးတွေမှာမှ မဟုတ်ပါဘူး၊ မိန်းကလေးတွေမှာလည်း သူတို့ချစ်သူကို နမ်းချင်တဲ့စိတ်ခံစားချက်တွေ ရှိတတ်ကြတာပဲလေ။ ဒီတော့ သင့်ကောင်မလေးဆီမှာ ဒီလိုအချက်တွေ တွေ့နေရပြီဆိုရင် သူက သင့်ကိုနမ်းချင်နေပြီဆိုတာ သိထားလိုက်ပါ။ ဒါကို Wikihow ကနေ ကူးယူဖော်ပြတာဖြစ်ပြီး Admin ရဲ့ ကိုယ်တိုင်လေ့လာဆန်းစစ်မှုတွေတော့ မဟုတ်ရပါဘူးနော်။

Tero Vesalainen/Shutterstock

(၁)။ မျက်လုံးတွေကိုကြည့်ပါ

နှစ်ယောက်တည်းအတူတူရှိနေတဲ့အချိန်၊ ဒါမှမဟုတ် ပျော်စရာတစ်ခုခု၊ ရင်ခုန်စရာတစ်ခုခု ဖြစ်နေတဲ့အချိန်မျိုးမှာ သူ့မျက်လုံးတွေက သင့်မျက်လုံးတည့်တည့်ကို ကြည့်နေပြီဆိုရင် ဒါဟာ သင့်ကိုအနမ်းပေးချင်နေပြီဆိုတဲ့အဓိပ္ပာယ်ပါ။ မိန်းကလေးတွေက သူတို့ရှက်တဲ့အခါ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါ မျက်လွှာချထားတတ်ကြပေမယ့် တစ်ခုခုအတွက် အဆင်သင့်ဖြစ်နေတဲ့ အခါမျိုးမှာတော့ မျက်လုံးချင်းရဲရဲဝံ့ဝံ့ဆက်သွယ်လေ့ရှိကြတယ်။

READ
အသည်းကွဲတဲ့အခါ မလွဲမသွေခံစားရမယ့်အရာများ
Nejron Photo/Shutterstock

(၂)။ သူမရဲ့နှုတ်ခမ်းကိုကြည့်ပါ

မိန်းကလေးတွေဟာ များသောအားဖြင့် သူတို့ရဲ့နှုတ်ခမ်းကို အသုံးပြုပြီး အနမ်းပေးလေ့ရှိကြတာပါ။ တချို့တွေကတော့ နှာခေါင်းနဲ့နမ်းကြတယ်(ရိုးရိုးနမ်းတာကိုပြောတာနော်၊ အဲဒါကို မွှေးတယ် လို့လည်းခေါ်တယ်မို့လား)။ ဒီတော့ သင့်ကောင်မလေးက သင့်ကို အနမ်းပေးချင်နေသလားလို့ သိချင်ရင် သူ့ရဲ့နှုတ်ခမ်းတွေကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ သူ့နှုတ်ခမ်းကို သူ ကိုက်ထားတာမျိုး၊ ဒါမှမဟုတ် သူ့နှုတ်ခမ်းကိုလျှာနဲ့သပ်မိနေတာမျိုး လုပ်မိနေတယ်ဆိုရင် သူ စိတ်လှုပ်ရှားနေတာပါ။

(၃)။ သူမရဲ့လက်တွေ

သင့်ကောင်မလေးက သင့်ကိုအနမ်းပေးချင်နေသလားလို့ သိချင်တဲ့အခါ သူမရဲ့လက်တွေကိုလည်း သတိထားကြည့်ကြည့်ပါ။ သူမရဲ့လက်ချောင်းတွေကို လည်ပင်းပေါ်တင်ပြီး ဖွဖွလေး လှုပ်ရှားနေတာတို့၊ သူမရဲ့ဆံပင်ကို လက်တွေနဲ့လိမ်ခေါက်နေတာတို့၊ သူမရဲ့ရှေ့မှာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေကို လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းလေးထိနေတာတို့ဆိုရင် ဒါဟာ သင့်ကိုနမ်းချင်နေတယ်လို့လည်း သင် သိထားနိုင်ပါသေးတယ်။

Tero Vesalainen/Shutterstock

(၄)။ ထိတွေ့မှုတွေ

READ
အချစ်နဲ့ သံယောဇဉ် ဘယ်ဟာက ပိုပြီးအရေးပါသလဲ ?

အတူထိုင်နေတုန်း သင့်ရဲ့ဒူးခေါင်းကို ကိုင်လိုက်တာပဲဖြစ်ဖြစ်၊ သင့်လက်မောင်းကို ကိုင်လိုက်တာပဲဖြစ်ဖြစ်၊ ဖြည်းဖြည်းလေးရိုက်လိုက်တာ၊ ညစာအတူစားနေတုန်း စားပွဲအောက်ကနေ သင့်ခြေထောက်ကို သူ့ခြေဖ၀ါးနဲ့လာဖိထားတာ စတဲ့ ထိတွေ့မှုတွေကနေလည်း သူသင့်ကို အနမ်းပေးချင်နေတယ်ဆိုတာ သိသာစေပါသတဲ့။

ကဲ….။ ဘာလုပ်ရမှန်းမသိသေးတဲ့ ချိဖတို့အတွက် နည်းပေးလမ်းပြတွေတော့ လုပ်လိုက်ပြီ။ မှန်မှန်ကန်ကန်အကဲခတ်တတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ..။

Linn

 

SHARE