တစ်ယောက်ယောက်က ကိုယ့်ကိုကြိုက်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ

Rustle/Shutterstock

ကိုယ့်ရဲ့သူငယ်ချင်းတွေထဲကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကိုယ့်ကိုကြိုက်နေတယ်ဆိုတာ သိနိုင်ဖို့က တကယ်ပဲ ခက်ပါတယ်။ တစ်ခါတလေကျရင် ကိုယ်ကသာ တစ်ဖက်သတ်ထင်နေကြပေမယ့် သူတို့က ကိုယ့်ကိုမကြိုက်ပဲ ကိုယ့်ရဲ့အထင်လွဲနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီအချက်တွေထဲက အများစုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ အဲဒီကိုက်ညီနေသူဟာ သင့်ကိုကြိုက်နေပြီဆိုတာ သေချာသလောက်ပါပဲ။ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ကြရအောင်…။

Rustle/Shutterstock

(၁)။ ဆိုရှယ်မီဒီယာကနေတစ်ဆင့်

သင်နဲ့ သူနဲ့က ဆိုရှယ်မီဒီယာပေါ်မှာ သူငယ်ချင်းတွေ ဖြစ်နေကြတယ်။ သင်တင်သမျှဓာတ်ပုံတိုင်းမှာ သူ့ရဲ့ Reaction တစ်ခုခုက အမြဲရှိနေတတ်တယ်။ တစ်ခါတစ်လေကျရင် Comment တွေပေးတယ်။ ဒါ့အပြင် သူပေးတဲ့ Reaction တွေက တခြားသူတွေနဲ့ ဆန့်ကျင်ဖက်တွေဖြစ်နေတယ်ဆိုရင် သူ့ကို သင်သတိထားရပါတော့မယ်။ ဥပမာပြောရရင် သင်က ဓာတ်ပုံလှလှလေးတင်ထားလို့ တခြားသူတွေက Love React တွေပေးနေကြချိန်မှာ သူကတော့ Sad လိုမျိုး ၊ Angry လိုမျိုး Reaction တွေပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက သင့်ရဲ့စိတ်ဝင်စားမှုကို လိုချင်နေတာကြောင့်လေ။

READ
ချစ်သူကောင်လေး သင့်ကိုရိုးမသွားပဲ အမြဲသတိရနေစေချင်ရင် ဒါတွေလုပ်ပါ။

(၂)။ အပြုအမူတွေကတစ်ဆင့်

စကားပြောရင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေရင်ပဲဖြစ်ဖြစ် သင်နဲ့အနီးဆုံးနေရာအထိ ရောက်လာအောင် သူလုပ်နေတယ်လို့ ခံစားရမယ်၊ ဒါမှမဟုတ် မလှမ်းမကမ်းတစ်နေရာကနေ သင့်ကို ကြည့်နေတယ်လို့ ခံစားရမယ်ဆိုရင် အဲဒီလူဟာ သင့်ကိုသဘောကျနေသူဖြစ်နိုင်ပါတယ်။ သင့်ဘေးမှာရှိနေပြီး သင့်ကိုတစ်ချိန်လုံးဟာသတွေပြောပြီး ပျော်အောင်လုပ်ပေးနေတဲ့သူတစ်ယောက်ယောက်ကလည်း သင့်ကိုချစ်လို့ ပျော်အောင်လုပ်ပေးနေတာ ဖြစ်နိုင်သေးတယ်။

Rido/Shutterstock

(၃)။ အပေါင်းအသင်းတွေကတစ်ဆင့်

သူက ကိုယ့်ကို ချစ်ကြောင်းကြိုက်ကြောင်း ကိုယ်တိုင်လာမပြောပေမယ့် သူ့ရဲ့အပေါင်းအသင်းတွေက ပြန်ပြောတာကြောင့်လည်း သင့်ကိုချစ်နေကြောင်း သိနိုင်ပါတယ်။ တစ်ခါတလေကျရင် တချို့က ကိုယ်ချစ်တဲ့သူကို ကိုယ်တိုင်ပြောဖို့ သတ္တိမရှိပေမယ့် အဲဒီအကြောင်းကို သူတို့ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေဆီ ပြန်ပြီးပြောပြတတ်ကြတယ်မို့လား။

(၄)။ စကားလုံးတွေကတစ်ဆင့်

သင့်ကို ကျိတ်ပြီးချစ်နေတဲ့ သူတစ်ယောက်က သူပြောတဲ့စကားလုံးတိုင်းကို သတိထားပြီးပြောလေ့ရှိကြတယ်။ သင် အထင်လွဲသွားစေမယ့် စကားလုံးမျိုးကိုလည်း ရှောင်တတ်ကြသလို သင့်ကို နာကျင်စေမယ့် စကားလုံးတွေကိုလည်း မပြောကြပါဘူး။ ဒါ့အပြင် တစ်ခါတလေကျရင်လည်း သူတို့က စကားလုံးတွေနဲ့ရေလာမြောင်းပေးလုပ်တတ်သေးတယ်။ သင့်ရဲ့အချစ်ရေးအကြောင်းကို စကားစတာတို့၊ သင့်ရဲ့အနာဂတ် အိမ်ထောင်ဖက်အကြောင်း စပ်စုတာတို့ စတာတွေကို လုပ်တတ်တာကြောင့် အဲဒီလို ကိစ္စတွေ စကားစလာပြီဆိုရင် အဲဒီလူကို သတိထားပါတော့…။

READ
ချစ်သူအပေါ် အလိုက်တသိမဆိုးမနွဲ့ဘဲ ချစ်တတ်တဲ့ကောင်မလေးတွေရဲ့ အမူအကျင့်များ
Rido/Shutterstock

Linn

SHARE