ကိုယ့်အပေါ်ဆိုးတဲ့ကောင်လေးတွေကို ကောင်မလေးတွေဘာလို့ချစ်ကြတာလဲ

Look Studio/Shutterstock

ကိုယ့်အပေါ်ဆိုးတဲ့သူပဲ ဘာလို့ ချစ်နေရမှာလဲ လို့တွေးမိကြမှာပါ။ ဒါက တချို့တွေအတွက်တော့ မမှန်ပါဘူး။ ကိုယ့်အပေါ်ဆိုးတဲ့သူတွေကိုမှ တခြားသူတွေထက် ပိုပြီးချစ်နေတဲ့ သူတွေက ကမ္ဘာပေါ်မှာ သပ်သပ်ရှိနေပါသေးတယ်။ အထူးသဖြင့် ချစ်သူတွေအနေနဲ့ ကိုယ့်အပေါ်ကောင်းတဲ့ချစ်သူထက် ဆိုးတဲ့ချစ်သူကို သံယောဇဉ်မပြတ်နိုင်ပဲ ပိုချစ်မိနေကြတာမျိုးတွေ အများကြီးပါနော်။

အောက်မှာ ဖော်ပြမယ့်အကြောင်းလေးကတော့ ကိုယ့်အပေါ်ဆိုးတဲ့ကောင်လေးတွေကို ကောင်မလေးတွေ ဘာလို့ချစ်ကြတာလဲ ဆိုတာပါ။ ဘာလို့လဲ ဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်လိုက်ပါဦး။

Syda Productions/Shutterstock

(၁)။ သူ့အတွက်အချိန်ပြည့်စိုးရိမ်နေရလို့

ကိုယ်က ဆိုးတဲ့ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီဆိုရင် သူ့အတွက် အချိန်ပြည့်စိုးရိမ်နေရတာနဲ့ပဲ သူ့အကြောင်းတွေကို တစ်နေကုန်စဉ်းစားနေမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချိန်ဆို သူဘာလုပ်နေပြီလဲ၊ ဘယ်သူတွေနဲ့ရှိနေပြီလဲ စသဖြင့် တွေးနေတတ်တယ်။ တစ်ချိန်တည်းမှာလည်း သူ့အတွက် မသိစိတ်ထဲက စိတ်ပူနေမိတယ်။ ဒီလိုနဲ့ပဲ သူက ကိုယ့်စိတ်ထဲမှာ တစ်စထက်တစ်စ နေရာယူလာခဲ့ပြီး သူ့အတွက် စိုးရိမ်နေရတာက သူ့ကိုပိုပြီးချစ်မိဖို့၊ တွယ်တာစေဖို့ ဖြစ်လာပါတော့တယ်။

READ
Relationshipတစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံးရှောင်ကြဉ်ရမယ့်အရာများ

(၂)။ သူက ကိုယ့်ကိုချစ်လို့ဆိုးတာပဲဆိုတာခံစားမိလို့

တချို့ကတော့ သူတို့ကောင်လေးက ဆိုးတယ်ဆိုတာ သူတို့ကိုချစ်လို့ ဆိုးတာပဲလို့ ထင်တတ်ကြတာပါ။ သူတို့ဂရုစိုက်တာခံချင်လို့၊ သူတို့ပိုချစ်တာခံချင်လို့ ကောင်လေးတွေက ဆိုးပြကြတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုနဲ့ တစ်ဖက်က ဆိုးတာကို အပြစ်မမြင်တော့ပဲ ဆိုးလေပိုချစ်လေ ဆိုတာမျိုးဖြစ်ကုန်ကြတာပါ။

Efetova Anna/Shutterstock

(၃)။ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ထင်မိလို့

တချို့ကျတော့လည်း ဆိုးတဲ့ကောင်လေးတွေက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြတယ်။ သူတို့ရဲ့ ပုံစံတွေက တခြားကောင်လေးတွေနဲ့ယှဉ်လိုက်ရင် ပိုပြီးကြည့်ကောင်းနေတယ်၊ ဘာကိုမှ ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်နေတတ်တဲ့ ပုံစံက ပိုသဘောကျဖို့ကောင်းတယ်လို့ ထင်မိကြတယ်။ ကိုယ်က လူဆိုးလေးတစ်ယောက်ကိုမှချစ်မိတဲ့အခါ စိတ်ညစ်ရတယ်ဆိုပေမယ့် တစ်ဖက်ကလည်း သူ့ရဲ့ပုံစံကဆွဲဆောင်မှုရှိတယ်လို့ ထင်မိပြီး သဘောကျနေမိတာမျိုးပါ။

(၄)။ ကလေးဆန်လို့

တချို့တွေအတွက်ကျတော့လည်း ကိုယ့်အပေါ်ဆိုးတဲ့ကောင်လေးတွေကို ကလေးဆန်သူတွေလို့ မြင်တတ်ကြတာပါ။ဘယ်သူပဲဖြစ်ဖြစ် သူတို့ချစ်တဲ့သူတွေကို အကောင်းဖက်ကပဲ တွေးတတ်ကြတာလေ။ ဒီတော့ ကိုယ့်ကောင်လေးက ဆိုးတယ်ဆိုလည်း သူတို့လိုချင်တာရဖို့အတွက် ဆိုးနေကြတာ၊ သူတို့ကိုအလျော့မပေးလို့ ဆိုးနေတာ စသဖြင့် တွေးမိတတ်ကြပြီး ဒါကို ကလေးဆန်တယ်လို့ ထင်နေမိတတ်ကြတာပါ။

READ
မိန်းကလေးတွေ ချစ်သူကိုစိတ်ကုန်ပြီး အသစ်ရှာသွားရတဲ့ အကြောင်းရင်း (၅) ချက်

Linn

SHARE