ငတုံးလေးတွေကို ချစ်သူအဖြစ်ရွေးသင့်တဲ့အကြောင်းရင်း (၄)ချက်

Anntuan/Shutterstock

သင့်ချစ်သူက ဟာသပြောရင်လည်း နားမလည်ဘူး၊ အ၀တ်အစားတွေဘာတွေဆိုလည်း စမတ်ဖြစ်အောင်ဝတ်ဖို့ ပြောလို့ကိုမရဘူး၊ လူမှုရေးတွေဘာတွေဆိုလည်း ညံ့မှညံ့၊ အရိပ်အကဲဆိုလည်း နားမလည် ၊ တကယ့်ကို ငတုံးလေးတစ်ယောက် ဖြစ်နေတာကို ကြုံဖူးလား။

ဘယ်သူမဆို ကိုယ့်ချစ်သူလေးက ထက်ထက်မြက်မြက်နဲ့ စမတ်ကျကျလေး ဖြစ်နေတာ မြင်ချင်ပေမယ့် ငတုံးလေးတွေကို ကြိုက်တဲ့အတွက်လည်း အားသာချက်တွေရှိနေပါသေးတယ်နော်။

ကဲ…ငတုံးလေးတွေကို ဘာလို့ ချစ်သူအဖြစ်ရွေးသင့်တယ်တဲ့လဲ။ ဖတ်ကြည့်လိုက်ရအောင်…။

(၁)။ ကိုယ်ပြောသမျှယုံပေးတတ်ကြလို့

သူတို့က ဘာပဲဖြစ်ဖြစ် သိပ်ပြီးမစဉ်းစားချင်ကြဘူး။ တစ်ခုခုဆိုရင် သူများပြောတာ ယုံလိုက်တာပဲ။ တချို့ကတော့ ခပ်တုံးတုံးလေးတွေ၊ တချို့ကတော့ ရိုးရိုးအအလေးတွေပေါ့။ အဲဒီလိုလူမျိုးက သင့်ချစ်သူ ဖြစ်နေပြီဆိုရင် သင်ပြောတာမှန်သမျှ သူတို့က ယုံပေးကြမှာပါ။ သင်က မဟုတ်မဟတ်တွေ ဇာတ်လမ်းဆင်ပြီး ပြောနေမယ်ဆိုရင်တောင် သူတို့က တကယ်ထင်ပြီး ယုံပေးကြမှာမို့ သင့်အတွက် တကယ့်ကို ပျော်စရာပေါ့။

READ
သင့်ချစ်သူကောင်မလေးရဲ့ ပြောင်းလဲလွယ်တတ်တဲ့ အပြုအမူ (၅)မျိုး
pink panda/shutterstock

(၂)။ သင့်ကွယ်ရာမှာ မဟုတ်တာမလုပ်ကြလို့

တကယ်တော့ ငတုံးလေးတွေဆိုတာလုံးဝကို ရိုးရိုးသားသားနဲ့ အဖြူထည်လေးတွေပါ။ သူတို့က ကွယ်ရာမှာ ဖောက်ပြန်တာတို့၊ အခြားတစ်ယောက်နဲ့ ရှုပ်တာတို့ စတာတွေကို သင့်ကွယ်ရာမှာ လုပ်ကြမှာမဟုတ်ဘူး။ တကယ်လို့ သင်လုပ်နေတယ်ဆိုရင်တောင် သူတို့က သတိထားမိချင်မှ ထားမိမှာ။ သူတို့စိတ်ထဲမှာ သင့်ကိုချစ်ဖို့ကလွဲရင် နောက်တစ်ယောက် ထပ်ရှာဖို့ မစဉ်းစားတတ်ကြဘူး။ ဒီတော့ ငတုံးလေးတွေကို ချစ်ရတာ နည်းနည်း အူကြောင်ကြောင်နိုင်ပေမယ့် စိတ်အေးလက်အေးတော့ ချစ်လို့ရတယ်လေ။

pink panda/shutterstock

(၃)။ သင့်ကိုယ်သင် တော်တဲ့သူတစ်ယောက်လို့ အမြဲထင်နေမိမှာမို့

သူတို့က ငတုံးလေးတွေဆိုတော့ သင်ကပဲ ဘယ်အရာမဆို လမ်းပြပေးရမှာပါ။ အစစအရာရာ သင့်ကိုပဲ သူတို့ အားကိုးနေကြလိမ့်မယ်။ ဒီလိုဆိုတော့ သင့်ကိုယ်သင် လူတော်တစ်ယောက်လို့ ထင်နေမိတော့မှာလေ။ အနည်းဆုံးတော့ သင့်ဘေးနားက လူတစ်ယောက်ကို လမ်းညွှန်ပြပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် သင့်ကိုယ်သင် ဂုဏ်ယူနေမိတော့မှာ။

READ
မည်းမည်းသည်းသည်း ချစ်သူလေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းရင်း (၄)ခု

(၄)။ ဒရာမာမချိုးကြသူတွေမို့လို့

ဒါကတော့ အကောင်းဆုံးအချက်ပါပဲ။ ငတုံးလေးတွေက ကြည့်ရတာသာ အူလည်လည်ပေမယ့် သူတို့စိတ်ရင်းက ရိုးသားကြတာမို့ သင့်ကို မျက်ရည်ခံထိုးတာမျိုး၊ ဒရာမာချိုးတာမျိုးတွေ လုပ်ကြမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့က ဘ၀ကြီးကို လက်တွေ့ကျကျ ဖြတ်သန်းချင်ကြသူတွေဖြစ်ပြီး ၀မ်းနည်းတာတွေ၊ ပျော်တာတွေ၊ ရိုမန်းတစ်ဆန်တာတွေကို အရမ်းကြီး ခံစားနေသူတွေ မဟုတ်ကြဘူး။

Anntuan/Shutterstock

Linn

SHARE