ချစ်သူကို Romantic ဆန်ဆန်ချစ်ပြခြင်းကြောင့် ရလာမယ့်အကျိုးကျေးဇူး(၄)ခု

pixelheadphoto digitalskillet/Shutterstock

ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေကို လူတွေအသုံးများလာတာနဲ့အမျှ ကိုယ့်ချစ်သူကို Romantic ဆန်ဆန် ချစ်ပြကြသူတွေရဲ့အကြောင်းက ပိုလို့ လူသိများလာခဲ့ပါတယ်။ ကိုယ့်ချစ်သူအပေါ် Romantic ဆန်ဖို့ဆိုတာ တကယ်တော့ လွယ်လွယ်နဲ့ လုပ်လို့ရတာတော့မဟုတ်ပါဘူး။ စိတ်ရှည်ရတယ်၊ အသေးစိတ်ဖြစ်ရတယ်၊ ပိုက်ဆံကုန်ရတယ်၊ ဒါ့အပြင် မှတ်ဥာဏ်လည်း ကောင်းရတယ်။

ကဲ….ကိုယ်က ကိုယ့်ချစ်သူကို Romantic ဆန်ဆန်ချစ်ပါပြီတဲ့။ အရမ်းတွေ Ro နေပါပြီတဲ့။ ကိုယ်ကရော အဲဒီအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပြန်ရမလဲ။ သိချင်ရင်တော့ အောက်မှာ ဖတ်ကြည့်လိုက်နော်။

Aaron Amat/Shutterstock

(၁)။ ကိုယ့်ချစ်သူဆီက ယုံကြည်မှုကိုရမယ်

သင်က သင့်ချစ်သူကို Romantic ဆန်ဆန်တွေလုပ်ပြလေလေ၊ သင့်ချစ်သူက သူ့ကို သင်အရမ်းချစ်တယ်လို့ ထင်လာလေလေ ဖြစ်မှာပါ။ အဲဒီလို ထင်လာပြီဆိုတာနဲ့ သင့်ကို ယုံကြည်မှုတွေပေးတော့မှာပဲလေ။ တခြားသူငယ်ချင်းတွေနဲ့ အပြင်သွားရင်လည်း ဘာမှပြောမှာမဟုတ်၊ မိန်းကလေးမိတ်ဆွေတွေနဲ့ အတူရှိနေတယ်ဆိုလည်း ဘာမှပြောမှာမဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ သူ့ဆီက ယုံကြည်မှုကို ရနေမှာပါ။ အကြောင်းကတော့ သူ့စိတ်ထဲမှာ သင်ဟာ သူကလွဲပြီး ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူးလို့ ထင်နေတာကြောင့်ပါပဲ။

READ
သာယာတဲ့အချစ်ရေးရဲ့ လက္ခဏာရပ်(၈)ခု

(၂)။ ပတ်ဝန်းကျင်က ကိုယ့်ကိုအထင်ကြီးမယ်

သင်က သင့်ကောင်မလေးကို ဒီလောက် Romantic ဆန်ပြီး ချစ်ပြနေမှတော့ သင့်အပေါင်းအသင်းတွေကရော၊ သူ့အပေါင်းအသင်းတွေကရော သင့်ကို အထင်မကြီးပဲ နေပါ့မလား။ သင်ဟာ အရမ်းကို ချစ်တတ်သူတစ်ယောက်လို့ သူတို့ထင်ကြမယ်၊ စိတ်ကူးကောင်းလေးတွေရှိတဲ့သူ၊ တခြားတစ်ယောက်ကို ဘယ်လိုပျော်အောင်လုပ်ပေးရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူတစ်ယောက်လို့ သူတို့ ထင်လာကြပါလိမ့်မယ်။

Aaron Amat/Shutterstock

(၃)။ ဘယ်လိုကိစ္စမျိုးကိုမဆို အသေးစိတ်လေးတွေစဉ်းစားတတ်လာမယ်

Romantic ဆန်ဆန်လေးတွေလုပ်ဖို့ဆိုတာ အထိမ်းအမှတ်နေ့လေးတွေကို မှတ်မိနေမှ၊ ကိုယ့်ချစ်သူကြိုက်တာတွေကို မှတ်မိနေမှ၊ သူလိုချင်တာလေးတွေကို ခက်ခက်ခဲခဲ ၀ယ်ပေးနိုင်မှ၊ စီစဉ်ထားတဲ့အတိုင်းဖြစ်အောင် အသေးစိတ်လေးတွေကအစ Plan ချနိုင်မှ။ အဲဒီလို အရည်အချင်းတွေရှိမှ လုပ်နိုင်တာမျိုးပါ။ တစ်ခါတလေကျရင်လည်း ဒီလို Romantic ဆန်ဆန်လေးတွေ လုပ်ဖို့ကြိုးစားရင်းနဲ့ တခြားကိစ္စတွေမှာပါ အသေးစိတ်လေးတွေအထိ စဉ်းစားတတ်လာတာမျိုး ဖြစ်လာပါတယ်။ ဒါကတော့ Romantic ဆန်ခြင်းရဲ့ ကောင်းကျိုးတစ်ခုပေါ့။

READ
တစ်ယောက်ယောက် သင့်ကို Crush နေပြီဆိုတာ သိနိုင်မည့် အချက်များ
pixelheadphoto digitalskillet/Shutterstock

(၄)။ ဒီတစ်ယောက်နဲ့ပြတ်သွားရင် နောက်တစ်ယောက်လွယ်လွယ်လေးရနိုင်မယ်

သင့်ချစ်သူအပေါ် Romantic ဆန်တာလေးတွေ လုပ်ပြနေတော့ သင်ဟာ အရမ်းကိုချစ်တတ်သူတစ်ယောက်လို့ တခြားသူတွေက ထင်ကြမှာပဲလေ။ သူတို့စိတ်ထဲမှာ သင့်လိုလူမျိုးနဲ့ တွဲရရင် ဘယ်လောက်ကောင်းမလဲလို့တောင် တွေးမိနေကြဦးမယ်။ ဒီတော့ သင့်အနေနဲ့ ဒီတစ်ယောက်နဲ့ အဆင်မပြေလို့ ပြတ်သွားရင်တောင် နောက်ထပ်ချစ်သူတစ်ယောက်ကို လွယ်လွယ်လေးနဲ့ရှာလို့ရနိုင်ပါလိမ့်မယ်။

Linn

SHARE