စိတ်ကောက်နေတဲ့ချစ်သူကို ကျွေးသင့်တဲ့အစားအစာ(၄)မျိုး

adriaticfoto/Shutterstock

စိတ်ကောက်နေတဲ့သူကို ဘယ်လိုနည်းနဲ့ချော့ဖို့ အကောင်းဆုံးလဲ သိလား။ မုန့်ကျွေးပြီး ချော့တာပဲပေါ့..။ ကောင်လေးတွေစိတ်ကောက်တဲ့အခါ ဘာကျွေးပြီးချော့ရမှန်းမသိပေမယ့် ကောင်မလေးတွေ စိတ်ကောက်တဲ့အခါ ဆိုရင်တော့ မုန့်ကျွေးပြီးချော့ရတာ တော်တော်လေး အဆင်ပြေပါတယ်နော်။

ဒီတော့ သင့်ကောင်မလေး စိတ်ကောက်တဲ့အခါ ဘယ်လိုအစားအစာမျိုးကျွေးပြီး ချော့သင့်လဲ။ သိချင်နေပြီမို့လား။ ဖတ်ကြည့်လိုက်ပါဦး။

(၁)။ ဈေးကြီးတဲ့အစားအစာတွေ

အမြန်ဆုံး စိတ်ကောက်ပြေချင်တယ်ဆိုရင်တော့ ဈေးအကြီးဆုံးဆိုင်ဆီကိုသာ ခေါ်သွားလိုက်ပါလို့ ပြောရမလားပဲ။ ကိုယ့်ချစ်သူဆိုတော့ သူ ဘာကိုကြိုက်သလဲဆိုတာ ကောင်းကောင်းသိပြီးသား ဖြစ်မှာပေါ့။ ဒီတော့ သူ့အကြိုက်လည်းဖြစ်ရမယ်၊ ဈေးလည်းကြီးရမယ်၊ အဲလိုဆိုင်မျိုးကိုသာ ခေါ်သွားလိုက်ပါ။ မိန်းကလေးအများစုက ဈေးအရမ်းကြီးတာ စားရပြီဆိုရင် သူတို့ကို ကျွေးတဲ့သူကို ပြန်ပြီး သနားမိကြသေးတာကိုး။ ပိုက်ဆံတွေတော့ ကုန်သွားပြီ၊ ငါ့ကိုချစ်လို့သာ လိုက်ကျွေးရရှာတာ…စသဖြင့် စဉ်းစားမိကြမှာပါ။ အဲဒီနောက်တော့ ပြန်ပြေလည်ဖို့ ရာခိုင်နှုန်းတွေ အရမ်းများသွားပြီလို့သာ မှတ်လိုက်ပါတော့။

READ
Valentine's Day မှာ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့အရာများ
Golubovy/Shutterstock

(၂)။ ကိုယ်တိုင်ချက်ထားတဲ့အစားအသောက်တွေ

ကိုယ်တိုင်ချက်ထားတဲ့ စားစရာတွေကို သူ့အတွက် သွားပြီး တကူးတက ပို့ပေးတာကနေလည်း သူ့ကို စိတ်ကောက်ပြေသွားစေပါလိမ့်မယ်။ ဘယ်သူမဆို ကိုယ့်အတွက် တကူးတက အပင်ပန်းခံပြီး ချက်ပေးတယ်၊ လာပို့ပေးတယ်ဆိုရင် သူက ကိုယ့်ကိုတန်ဖိုးထားပါလား ဆိုတာ ခံစားမိလာမှာပဲလေ။ ဒီတော့ ဘယ်လောက်တောင် အပင်ပန်းခံပြီး ချက်ထားကြောင်း ဒရာမာချိုးတဲ့ စာလေးတစ်စောင်နဲ့အတူ သူကြိုက်တဲ့ စားစရာလေးတွေသာ ချက်ပြီး သွားပို့လိုက်။ ဒီနေ့ပို့ရင် နောက်နေ့ဆို အဆင်ပြေသွားတာချည်းပဲ။ ကိုယ်တွေ့နော်။

Viktoriia Hnatiuk/shutterstock

(၃)။ မူးစေမယ့်ဟာတွေ

သူ့ကို Bar တစ်ခုခုမှာ လိုက်တိုက်တာပဲဖြစ်ဖြစ် ၊ ဘီယာဆိုင်အတူထိုင်တာမျိုးပဲဖြစ်ဖြစ် သူ့ကိုမူးစေမယ့် တစ်ခုခု လိုက်တိုက်တာကနေလည်း စိတ်ကောက်ပြေဖို့ ကြိုးစားကြည့်နိုင်ပါတယ်။ တချို့ကတော့ ထင်ကြပါလိမ့်မယ်။ မူးရင် မကျေနပ်တာတွေ ပွင့်အံလာပြီး ပိုလို့ အခြေအနေဆိုးမယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ စိတ်ကောက်တယ်ဆိုတာ သူ့စိတ်ထဲမှာ သင့်ကိုပြောချင်နေတဲ့ စကားတွေရှိပေမယ့် မပြောတော့ပဲ သိမ်းထားလိုက်တာမျိုးပါ။ ဒီတော့ လိုက်တိုက်လိုက်ပြီ၊ မူးလာပြီဆိုရင် သူပြောချင်တဲ့စကားတွေက အလိုလိုထွက်လာတော့မှာပဲလေ။ အဲအချိန်ကျရင် မှားပါတယ်၊ဘာညာနဲ့တောင်းပန်လိုက်။ စိတ်ကောက်ပြေသွားရောမို့လား။

READ
ပုရိသတွေအလိုလျောက်နားလည်ထားသင့်သည့် မိန်းကလေးများရဲ့စကားဝှက်များ
agbstock/Shutterstock

(၄)။ စားရခက်တဲ့အစားအစာမျိုး

စားရခက်တဲ့အစားအစာမျိုးဆိုတာကတော့ ဘယ်လိုပြောရမလဲ၊ အခွံခွာရတဲ့ ပုစွန်တို့၊ ဂဏန်းတို့ စသဖြင့်ပေါ့။ အဲဒီလိုဆိုရင် ဆိုင်မှာစားတော့မယ်ဆိုတာနဲ့ သူ အလှမပျက်အောင် ကိုယ်က အခွံခွာပေးတာတို့ ၊ အသားနွှင်ပေးတာတို့ လုပ်ပေးဖို့ လိုလာပြီလေ။ အဲဒီလို လုပ်ပေးလိုက်တာနဲ့ ပြန်ပြီး စိတ်ကောက်ပြေဖို့ ရာခိုင်နှုန်းများသွားပြီမို့ စားရခက်တဲ့ဆိုင်တွေသာ ရှာကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

Linn

SHARE