မပိုင်ဆိုင်ချင်ဘူး၊ အဝေးကပဲချစ်နေမယ်ဆိုတာ တကယ်ရှိရဲ့လား??

fizkes/Shutterstock

ဒီအကြောင်းက ထင်မြင်ချက်တစ်ခု ဆိုတာထက် theodysseyonline က ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ကောက်နုတ်ပြီး ရေးသားထားတာပါ။ အဲဒီမှာ ဆွေးနွေးထားတဲ့အကြောင်းက မပိုင်ဆိုင်ချင်ပဲ၊ အဝေးကနေချစ်နေမယ်ဆိုတဲ့အချစ်မျိုးဟာ တကယ်ရော ရှိရဲ့လား တဲ့။

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ကြမှာပါ။ ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေကြတယ်ပြောပြော ကိုယ်က အရမ်းချစ်မိနေရင် သူ့အချစ်ကိုလည်း ပြန်ပြီး လိုချင်ကြတယ်။ သူနဲ့ ချစ်သူဖြစ်နေရရင် ဘယ်လောက်ကောင်းမလဲလို့လည်း စိတ်ကူးတွေယဉ်တတ်ကြတယ်။ ဒါပေမယ့် အဲဒီထဲမှာမှ တချို့ကတော့ ထူးထူးခြားခြားပဲ၊ သူတို့က သူတို့ချစ်တဲ့သူကို မပိုင်ဆိုင်ချင်ဘူး၊ ချစ်တော့ချစ်တယ် ဒါပေမယ့် ပိုင်ဆိုင်ဖို့ မထိုက်တန်တာကြောင့် အဝေးကပဲချစ်နေတော့မယ်လို့ ဆုံးဖြတ်ထားကြတယ်။

fizkes/Shutterstock

လူအများစုကတော့ အဲဒီလို ချစ်တဲ့သူမျိုးဟာ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာပဲ ရှိတာလို့ ဆိုကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ရဲ့လိုအင်ဆန္ဒကြောင့်ပါ။ ငါ့အိမ်၊ငါ့ကျောင်း၊ငါ့ကား၊ငါ့မိသားစု စသဖြင့် ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအများကြီး သတ်မှတ်ပြီးတော့မှ ကိုယ်ချစ်တဲ့သူကျမှ ဘာလို့မပိုင်ဆိုင်ချင်ပဲ အဝေးက ချစ်မယ်တဲ့လဲ…ဆိုပြီး လူအများစုက မှတ်ချက်ပေးကြတာပါ။ တကယ်လို့သာ လူတစ်ယောက်က အဲဒီလိုအချစ်မျိုးနဲ့ ချစ်နေနိုင်တယ်ဆိုရင် ဒါက သဘာဝမကျတဲ့အချစ်မျိုးပဲဖြစ်ပြီး ရေရှည်ရောခံပါ့မလားလို့ မေးခွန်းထုတ်ကြပြန်ပါတယ်။

READ
FA လေးတွေကို ချစ်သူတော်သင့်သည့်အကြောင်းရင်း (၅) ချက်

နာမည်ကြီး ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ Paulo Coelho ကတော့ သဘာဝကျကျပြောရရင် မပိုင်ဆိုင်ချင်ပဲ ချစ်တဲ့အချစ်မျိုးဆိုတာ မရှိပါဘူးလို့ ဆိုပါတယ်။ လူတစ်ယောက်က သူချစ်တဲ့မိန်းကလေးကို မပိုင်ဆိုင်ချင်ဘူး၊ အဝေးကပဲချစ်နေမယ်၊ ဒါပေမယ့် အဲဒီမိန်းကလေးက တခြားသူနဲ့ချစ်နေရင်၊အိမ်ထောင်ကျသွားရင်၊ အနေဝေးသွားကြရင်ရော ဆက်ချစ်နေနိုင်ပါဦးမလားလို့ Paulo Coelho က မေးခွန်းထုတ်ပါတယ်။

Jaromir Chalabala/Shutterstock

တချို့ကတော့ လူတစ်ယောက်က ကိုယ်ချစ်တဲ့သူကို မပိုင်ဆိုင်ချင်ပဲ ချစ်တယ်ဆိုရင် အဲဒီလူနဲ့ပတ်သက်လို့ တာဝန်ယူစရာဘာမှမရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးချစ်နိုင်တယ်၊ အဲဒီလိုချစ်နေရတာကိုလည်း ပျော်သွားနိုင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကိုယ်က မိန်းကလေးတစ်ယောက်ကို ချစ်ပါပြီတဲ့။ ဒါပေမယ့် ကိုယ်ချစ်နေတာကို သူက မသိတဲ့အတွက်၊ သူကလည်း ကိုယ့်ကိုပြန်မချစ်တဲ့အတွက် သူနဲ့ပတ်သက်တာတွေကို လုပ်ပေးနေစရာမလို၊ စိတ်ရှုပ်နေစရာလည်းမလိုပဲ စိတ်သန့်သန့်လေးနဲ့ ချစ်နေနိုင်တယ်လို့ တချို့တွေက ယူဆကြပါတယ်။

READ
ရင်ဘတ်ကြီးနဲ့ရင်းနှီးထားတဲ့အချစ်ရေး မပျက်စီးစေဖို့နည်းလမ်းများ

Theodysseyonline ရဲ့ကောက်နုတ်ချက်ကတော့ ရှင်းပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ အချင်းချင်းကြားက နွေးထွေးတဲ့မေတ္တာတွေ၊ သံယောဇဉ်တွေ၊ ဂရုစိုက်မှုတွေကို လိုချင်တာကြောင့်ပါ။ တကယ်လို့သာ အဲဒါတွေမရှိပဲ အဝေးကနေ ချစ်နေရမယ်ဆိုရင်တော့ အဲဒီအချစ်ပုံစံမျိုးဟာ ကြာကြာမခံသလို အချိန်ကာလတစ်ခုအတွင်းမှာ ပျောက်ကွယ်သွားနိုင်ပါတယ်တဲ့…။

ကဲ……စာဖတ်သူတွေအနေနဲ့ရော မပိုင်ဆိုင်ချင်ပဲ၊ အဝေးကနေချစ်နေမယ်ဆိုတဲ့အချစ်မျိုးကို ချစ်ဖူးကြလား။ အဲဒီအချစ်မျိုးက တကယ်ရော ရှိတယ်လို့ ထင်ရဲ့လား…..။

Chatchai.J/Shutterstock

Linn

SHARE