အချစ်မှာ အတ္တကြီးတဲ့သူဖြစ်ကြောင်း သိသာစေတဲ့အချက်(၄)ချက်

HBRH/Shutterstock

အချစ်မှာ အတ္တကြီးတဲ့သူဆိုတာ ဘယ်လိုမျိုးလဲ။

တကယ်တော့ အချစ်ဆိုတာက နားလည်မှုရှိတာတွေ၊ မျှတတဲ့အပေးအယူတွေပေါ်မှာ အခြေခံပြီး တည်ဆောက်ထားကြတာတွေပါ။ အဲဒီထဲမှာမှ တစ်ယောက်ယောက်က အတ္တကြီးမိပြီဆိုရင် တည်ဆောက်ထားသမျှတွေက သိပ်မကြာခင်မှာပဲ ပျက်စီးသွားတတ်ကြတာပါပဲ။

တချို့ကလည်း ပိုပြီး ပိုင်ဆိုင်ချင်တာကြောင့် အတ္တကြီးတယ်၊ တချို့ကလည်း ပိုပြီး အချစ်ခံချင်ကြလို့ အတ္တကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်မှာ အတ္တကြီးတဲ့သူဖြစ်ကြောင်း ဒီအချက်တွေကို ကြည့်ပြီး သိနိုင်တယ်နော်…။

G-Stock Studio/Shutterstock

(၁)။ အရာအားလုံးကို လိုက်ပြီးထိန်းချုပ်ချင်တယ်

သူနဲ့ပတ်သက်သမျှ အရာအားလုံးကို လိုက်ပြီး ထိန်းချုပ်နေတတ်တာကလည်း အတ္တကြီးသူတွေ လုပ်လေ့ရှိတဲ့အကျင့်တမျိုးပါပဲ။ အစပိုင်းမှာတော့ သူက ကိုယ့်ကို ဂရုစိုက်သားပဲ လို့ ထင်မိမှာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ ကိုယ့်ကို ဂရုစိုက်နေတာလား၊ လိုက်ပြီး ချုပ်ခြယ်နေတာလားဆိုတာ တွေးမိလာတော့မှာပါ။ အချစ်မှာ အတ္တကြီးတဲ့သူတွေက သူတို့ချစ်တဲ့သူတွေကို ဘာမဆို သူတို့စိတ်တိုင်းကျ လိုက်လုပ်စေချင်ကြတယ်။

READ
သင့်ကို အသည်းခွဲမယ့် သူဆိုတာ သိသာစေတဲ့ အချက်များ

(၂)။ ကိုယ်ပဲလုပ်ပေးနေရတယ်လို့အမြဲတွေးနေတတ်တယ်

နှစ်ဦးကြားမှာ ဘယ်လိုကိစ္စမျိုးတွေပဲဖြစ်ဖြစ် ကိုယ်ပဲ လုပ်ပေးနေရတယ်လို့ အမြဲတမ်းတွေးမိနေတတ်တာကလည်း အတ္တကြီးတဲ့သူတွေရဲ့အကျင့်ပါ။ ကိုယ့်ဖက်က သူ့ကိုချစ်လို့ လုပ်ပေးမိတယ်ဆိုရင်တောင် ကိုယ်ကပဲ လုပ်ပေးနေရပြီး သူက ကိုယ့်အတွက် ဘာမှ ပြန်မလုပ်ပေးဘူးလို့ စိတ်ထဲကနေ နှိုင်းယှဉ်ကြည့်မိနေတာမျိုးပေါ့။ အချိန်ကြာလာတာနဲ့အမျှ အဲဒီလို အတွေးတွေကနေပဲ သူ့အပေါ် မကျေနပ်တာတွေ၊ စိတ်ပျက်လာတာတွေ ဖြစ်လာတတ်ပြီး နှစ်ယောက်ကြားမှာ ပြဿနာတွေ ပေါ်လာတတ်ကြပါတယ်။

Dean Drobot/Shutterstock

(၃)။ သူ့ကိုပိုင်ဆိုင်ဖို့အတွက်ပဲ စဉ်းစားတယ်

ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ စဉ်းစားတယ်ဆိုတာ ပုံမှန်အခြေအနေတစ်ခုပဲ ဆိုပေမယ့် သူ့ကို ပိုင်ဆိုင်ဖို့ကလွဲပြီး ဘာမှ ဂရုမစိုက်ဘူး၊ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့ ချည်းကပ်ဖို့ ကြိုးစားနေတယ်ဆိုရင် အဲဒါက အတ္တကြီးတတ်တဲ့ ချစ်သူမျိုးပေါ့။ အတ္တကြီးသူတွေက သူတို့ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့အတွက် အသည်းအသန်ကြိုးစားကြလေ့ရှိပြီး တစ်ဖက်သားရဲ့စိတ်ခံစားမှုကို ထည့်သွင်းစဉ်းစားတာမျိုး မလုပ်တတ်ကြပါဘူး။

READ
မွေးချင်းထဲမှာ အစ်မ/ညီမ ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့လူတွေ ဖြစ်နိုင်ကြောင်းသိရ

(၄)။ သူက အရာအားလုံးထက် နံပတ်(၁)နေရာမှာရှိနေတယ်

ဒါကတော့ ကောင်းတဲ့အချက်လို့ပဲ ဆိုရမှာပါ။ အတ္တကြီးတဲ့ချစ်သူတွေက သူတို့ချစ်တဲ့သူတွေကို နံပတ်(၁) နေရာမှာပဲ အမြဲထားလေ့ရှိကြတယ်။ သူငယ်ချင်းတွေထက်၊ မိသားစုထက်၊ အလုပ်ထက်ပိုပြီး အရေးကြီးတဲ့နေရာမှာ ထားကြလေ့ရှိတယ်။ သင့်ချစ်သူမှာ အဲဒီလို အမူအကျင့်မျိုး တွေ့နေရပြီဆိုရင် သေချာပါတယ်၊ သူ့ကို အတ္တကြီးတဲ့ ချစ်သူ စာရင်းထဲမှာသာ ထည့်ထားလိုက်ပါတော့….။

Jurij Krupiak/Shutterstock

Linn

 

SHARE