ယောင်္ကျားလေးသူငယ်ချင်းအများကြီးရှိတဲ့ကောင်မလေးကို ချစ်သူအဖြစ်ရွေးမိရင်

Shutterstock

သင့်ရဲ့ ကောင်မလေးမှာ ယောင်္ကျားလေး သူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုပါစို့။ သင့်အတွက် အဆင်ပြေပါ့မလား။ သင့်ကို သူက မချစ်တာတော့မဟုတ်ဘူး၊ ချစ်တယ် ။ ဒါပေမယ့်လည်း သူ့ဆီမှာ သူ့ရဲ့ သူငယ်ချင်းတွေအတွက် သပ်သပ်ပေးထားတဲ့ နေရာတစ်ခုရှိတယ်။ သူတို့နဲ့ ခရီးတွေသွားတယ်၊ သောက်တယ်၊စားတယ်၊ ပျော်တယ်။ ဒီလိုဆိုရင် သင့်အနေနဲ့ရော သ၀န်တိုတာတွေ ဖြစ်လာမှာပဲလေ။

ကဲ…ဒီတော့ ယောင်္ကျားလေးသူငယ်ချင်း အများကြီးရှိတဲ့ ကောင်မလေးကိုမှ ချစ်သူအဖြစ် ရွေးမိရင် ဘယ်လိုလုပ်မလဲ။ အောက်မှာ ပါတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်…။

(၁)။ သူ့သူငယ်ချင်းတွေက ဘယ်သူတွေလဲဆိုတာ သိအောင်လုပ်ထားတယ်

သူ့ရဲ့ သူငယ်ချင်းတွေက ဘယ်လိုလူတွေလဲ၊ ဘာလုပ်တဲ့သူတွေလဲ၊ ဘယ်လိုစိတ်ထားမျိုးရှိသလဲ ဆိုတာ အရင်ဆုံး သိအောင် လုပ်ထားဖို့ လိုပါလိမ့်မယ်။ သူတို့က ဘယ်လိုပုံစံဆိုတာ သိတာနဲ့ ကိုယ့်ကောင်မလေးကို စိတ်ချလက်ချ လွှတ်ထားလို့ရမလားဆိုတာ ဆုံးဖြတ်နိုင်မှာပဲလေ။ တကယ်လို့ သူတို့က မိန်းမရှုပ်တဲ့သူတွေ၊ မကောင်းတာတွေ လုပ်ဖို့ အားသန်တဲ့သူတွေဆိုရင် သူတို့နဲ့မပေါင်းဖို့ တားသင့်ရင် တားရမယ်မို့လား။

READ
လတ်လတ်ဆတ်ဆတ် ပြတ်ထားတဲ့ရည်းစားဟောင်းကို မေ့အောင်ဘယ်လိုလုပ်မလဲ
Shutterstock

(၂)။ တတ်နိုင်သမျှ နားလည်ပေးဖို့ ကြိုးစားမယ်

သူနဲ့ ချစ်သူမဖြစ်ခင်ကတည်းက သူက ဒီလိုလူမျိုးဆိုတာ သိနေတာပဲမို့လား။ သူ့ဆီမှာ ယောင်္ကျားလေး သူငယ်ချင်းတွေအများကြီး ရှိတယ်ဆိုတာလည်း သိထားတာပဲ မဟုတ်လား။ ဒီတော့ ကိုယ်နဲ့ ချစ်သူ ဖြစ်တဲ့နောက်လည်း သူ့ကို တတ်နိုင်သမျှ နားလည်ပေးရတော့မှာပေါ့။ သူ့ကို သ၀န်တိုနေတာမျိုး၊ ပြဿနာရှာနေတာမျိုးထက်စာရင် သူ့ကိုနားလည်ပေးလိုက်တာက နှစ်ယောက်စလုံးအတွက် ပိုပြီး စိတ်ချမ်းသာရမှာပါ။

Shutterstock

(၃)။ သူ့ကိုယုံကြည်ကြောင်းပြမယ်

ဘယ်သူနဲ့ပဲ အပြင်သွားသွား ကိုယ့်အနေနဲ့  သူ့ကို အကြွင်းမဲ့ ယုံကြည်ထားတယ်ဆိုတာ သူသိအောင် ပြဖို့လိုပါတယ်။ သူငယ်ချင်းတွေနဲ့ မုန့်စားတာ၊ အပြင်သွားတာ၊ ရုပ်ရှင်ကြည့်တာတွေကို ကြည်ကြည်ဖြူဖြူ ခွင့်ပေးမယ်၊ တစ်ခါတလေ ကိုယ်တိုင်တောင် လိုက်ပို့မယ်၊ သူပြောပြတာတွေ ပြန်နားထောင်မယ်..စသဖြင့် ကိုယ်က သူ့ကို ယုံကြည်မှုပေးတယ်လို့ သူ ခံစားရရင် ကိုယ့်အပေါ်မှာ သစ္စာဖောက်ဖို့ စဉ်းစားမိမှာလည်း မဟုတ်တော့ပါဘူး။

READ
ဘယ်တော့မှဖောက်ပြန်မှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ(၅)ခု

Linn

SHARE