လူတစ်ယောက်ကို သင်တကယ်ချစ်၊ မချစ် ဒီခံစားချက်(၄)ခုနဲ့ဆုံးဖြတ်နိုင်တယ်

shutterstock / 4 PM production

သင့်အနေနဲ့ တစ်ယောက်ယောက်ကို ချစ်တယ်လို့ အဖြေပေးတော့မယ် ဆိုပါစို့…။ ဒါပေမယ့်လည်း ဒီလိုအခြေအနေရောက်လာတာတောင် သူ့ကိုချစ်လား၊၊ မချစ်ဘူးလားဆိုတာ မသေချာသေးဘူး။ စိတ်ထဲမှာ သူ့ကို အဖြေပြန်ပေးချင်နေပေမယ့် တကယ်တမ်း တွေးကြည့်လိုက်တဲ့အချိန်မှာ ရေရေရာရာ မရှိပဲ ခံစားချက်က ဗလာကြီး ဖြစ်နေတာမျိုး ကြုံနိုင်ပါတယ်။ ဒီလိုဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။ သင့်အနေနဲ့ ဒီအချက် (၄)ချက်စလုံးကို အပြည့်အ၀ ခံစားရတယ်၊ သူနဲ့အတူရှိနေတိုင်း အဲဒီ ခံစားချက်မျိုးကို ရတယ်ဆိုရင် သင် သူ့ကိုချစ်နေတာ တကယ်သေချာပြီလို့ ခံယူလိုက်ပေတော့ပေါ့..။

(၁)။ ပျော်တယ်

သူနဲ့တွေ့ရတဲ့အချိန်မှာ သင် ပျော်သွားတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားနေရလား။ သင့်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ များနေ၊ များနေ သူနဲ့တွေ့လိုက်ပြီဆိုတာနဲ့ ပျော်ရွှင်သွားတော့တာမျိုးလေ။ အဲဒီလို အမြဲတမ်း ခံစားနေရတယ်ဆိုရင် သင့်စိတ်ထဲမှာ သူ့ကိုချစ်နေတာ သေချာနေပါပြီ။ သင်က သူနဲ့အတူ ပျော်ရွှင်မှုတွေကို ခံယူချင်တယ်၊ သူက သင့်ကို အမြဲပျော်အောင် လုပ်ပေးနိုင်တယ်လို့လည်း ခံယူထားတယ်။ အဲဒီလို မို့လား။

READ
သင့်ရည်းစားက သူ့သူငယ်ချင်းကောင်မလေးတွေကို သင့်ထက်ပိုပြီးအရေးပေးနေပြီလား
Shutterstock / 4 PM production

(၂)။ သတိရတယ်

သူနဲ့မတွေ့ရတဲ့အချိန်တော်တော်များများမှာ သူ့ကိုပဲ သတိရနေမိတယ်ဆိုရင်လည်း သင့်အနေနဲ့ သူ့ကိုချစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သူနဲ့ တစ်ရက်လောက် မတွေ့ရရင်တောင် မပျော်ပဲ သတိရနေမိတာမျိုး။ သူနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေကို ပြန်ပြီး တွေးမိနေတာမျိုး ..စတဲ့ ခံစားချက်တွေက သင် သူ့ကို ချစ်နေပြီဆိုတဲ့အကြောင်း ပြောပြနေသလိုပါပဲ။

(၃)။ ကြောက်တယ်

တကယ်လို့သာ သင့်ဘ၀ထဲမှာ သူမရှိတော့ဘူးဆိုရင် အဆင်ပြေပါ့မလား ဆိုတဲ့အတွေးမျိုး တွေးနေမိပြီး သူနဲ့ခွဲရမှာ ကြောက်နေမိပြီဆိုရင် သင်က သူ့ကို တကယ်ချစ်နေတာပါ။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူတွေနဲ့ မခွဲချင်သလို သူတို့ကို ကိုယ့်ဘေးမှာ အမြဲရှိစေချင်ကြတာလေ။ ဒီတော့ သင့်စိတ်ထဲမှာ သူ့ကို ဆုံးရှုံးလိုက်ရမှာ၊ သူနဲ့ဝေးရမှာကြောက်နေပြီဆိုရင် သူ့ကို တကယ်ချစ်နေပြီလို့သာ မှတ်လိုက်ပေတော့နော်…။

READ
အချစ်ကို ဘာကြောင့် စစ်နဲ့စတင်နေမှာလဲ
shutterstock / 4 PM production

(၄)။ သူ့အတွက် တွေးပေးတတ်တယ်

လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် ကိုယ့်အတွက် ဆိုတာထက် ၊ သူ့အတွက်ပဲ တွေးပေးချင်ကြတာ သဘာဝပါ။ ဒီတော့ သင့်စိတ်ထဲမှာ သူ့အတွက် အဆင်ပြေပါ့မလား၊ နေကောင်းပါ့မလား၊ စသဖြင့် တွေးပြီး စိတ်ပူနေပေးတတ်ပြီဆိုရင် သူ့ကိုချစ်နေဖို့ ရာခိုင်နှုန်း တော်တော်လေး များသွားပါပြီနော်။

Linn

 

SHARE