ယောင်္ကျားလေးတွေဟာ ဒီအခြေအနေ(၃)ခုနဲ့ရင်ဆိုင်ရရင် ချစ်လျက်နဲ့လမ်းခွဲတတ်ကြတယ်

Rido/Shutterstock

နှစ်ယောက်စလုံးက အရမ်းချစ်နေကြပါလျက်နဲ့၊ ဘာအပြစ်မှလည်း မရှိကြပါလျက်နဲ့ လမ်းခွဲလိုက်ကြတာမျိုး ကြားဖူးတယ်မို့လား။ တစ်ခါတလေဆို ကိုယ်တိုင်ကြုံဖူးချင်တောင် ကြုံဖူးဦးမယ်။ များသောအားဖြင့်တော့ ယောင်္ကျားလေးတွေက ဒီအခြေအနေ (၃)ခုနဲ့ ရင်ဆိုင်ရရင် မိန်းကလေးတွေကို ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတယ်ဆိုပဲ…..။ ဘယ်လိုအခြေအနေတွေလဲဆိုတော့…

(၁)။ စိတ်ဖိစီးမှုတွေများပြီး စိတ်မရှည်ဖြစ်နေတဲ့အချိန်

ဒီလိုအခြေအနေကတော့ ယောင်္ကျားလေးရယ်၊ မိန်းကလေးရယ်လို့မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများနေတဲ့အချိန်တွေဆိုရင် စိတ်မရှည်ဖြစ်တတ်ကြပြီး ကိုယ့်ရဲ့ချစ်သူနဲ့ လမ်းခွဲဖို့ အထိ စဉ်းစားမိတတ်ကြတယ်။ အထူးသဖြင့်တော့ ယောင်္ကျားလေးတွေ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ချစ်သူက နားလည်ပေးဖို့ထက် ဂျီကျဖို့၊ ရစ်ဖို့၊ အော်ဖို့ စတဲ့အချက်တွေ လုပ်နေပြီဆိုရင် ပုံမှန်အချိန်တွေလို သည်းခံနိုင်မှာမဟုတ်ပဲ ပြဿနာတွေဖြစ်ကြရမှာပါ။ အဲဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲသွားကြတာမျိုးတောင် ဖြစ်လာနိုင်သေးရဲ့။

Marjan Apostolovic/Shutterstock
(၂)။ သူတို့ကို ချုပ်ကိုင်နေတယ်လို့ ခံစားရတဲ့အချိန်

ယောင်္ကျားလေးအများစုက သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်၊ ချုပ်ကိုင်ဖို့ကြိုးစားနေတယ်လို့ ခံစားရတာကို မကြိုက်ကြပါဘူး။ တစ်ခါတလေကျရင် ကိုယ်က သူ့အတွက် ကောင်းစေချင်လို့ပြောတာ၊ အဆင်ပြေစေချင်လို့ လမ်းညွှန်ပေးဖို့ကြိုးစားမိတာ ရှိပေမယ့် သူတို့ကတော့ သူတို့ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ ထင်သွားတတ်ပါတယ်။ အဲဒီလို ထင်သွားပြီဆိုတာနဲ့ သူတို့ဟာ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ နေရတာကိုမကြိုက်ကြောင်း ဖော်ပြကြတော့မှာဖြစ်ပြီး နောက်ဆုံးလမ်းခွဲတဲ့အဆင့်အထိပါ ရောက်သွားနိုင်ပါတယ်နော်။

READ
ဒီအချက်တွေလုပ်ပေးတယ်ဆိုရင်သင်ဟာကမ္ဘာ့အကောင်းဆုံးခင်ပွန်းကိုပိုင်ဆိုင်ထားသူပါ
Syda Productions/Shutterstock
(၃)။ သူတို့နဲ့မထိုက်တန်ဘူးလို့ ခံစားရတဲ့အချိန်

တချို့ယောင်္ကျားလေးတွေကတော့ သူတို့နဲ့ချစ်သူဖြစ်နေတဲ့ မိန်းကလေးက သူတို့နဲ့မတန်ဘူး၊ အရမ်းတော်နေတယ်၊ အရမ်းချောနေတယ် စသဖြင့် သူတို့ထက်ပိုကောင်းတဲ့သူနဲ့သာ ထိုက်တန်တယ်လို့ ထင်လာတတ်ကြပါတယ်။ အထူးသဖြင့် သိမ်ငယ်စိတ်ရှိနေတဲ့ ယောင်္ကျားလေးတွေဆီမှာ ဒီလို ခံစားချက်မျိုးကို ပိုတွေ့ရလေ့ရှိပြီး အဲဒီလိုခံစားချက်တွေအားကောင်းလာတာနဲ့အမျှ သူတို့ရဲ့ချစ်သူတွေဆီကနေ ရုန်းထွက်သွားလေ့ရှိပါတယ်။

Syda Productions/Shutterstock

Linn

SHARE