Crush ဆီက အချစ်ကို ဒီနည်းလမ်း(၃)ခုနဲ့ အရယူမယ်

conrado/Shutterstock

Crush ဆီက အချစ်ကို မလိုချင်ဘူးလား?? လို့ တစ်ယောက်ယောက်ကို မေးလိုက်ရင် “လိုချင်တယ်” လို့ ပြန်ဖြေတဲ့သူတွေထက် “မလိုချင်ဘူး” လို့ ပြန်ဖြေသူတွေက ပိုများကြတာကို သတိထားမိမှာပါ။ အဲဒါက ဘာကြောင့်လဲ? ။ တကယ်တော့ လူတွေက ကိုယ်ရဖို့ ခက်တယ်၊ မဖြစ်နိုင်ဘူး ဆိုတဲ့သူတွေကိုသာ သူတို့ရဲ့ Crush တွေအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။ တချို့ကျတော့လည်း သူတို့ဘ၀မှာ အဲဒီတစ်ယောက်တည်းကိုပဲ ကျိတ် Crush နေပြီး တခြားသူတွေကို စိတ်ဝင်စားလို့မရပဲ ဖြစ်နေတတ်တယ်။ အဲလိုလူတွေအတွက်တော့ ဒီအတိုင်း ကျိတ်ပြီး သဘောကျနေတာထက်စာရင် သူ့ကိုပိုင်ဆိုင်ရဖို့အတွက် ပိုပြီး ကြိုးစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀မှာ သူ့တစ်ယောက်ကိုပဲ ချစ်တော့မယ်လို့ ဆုံးဖြတ်ထားတာကိုး။ ဒီတော့ ဒီနည်းလမ်းလေးတွေကိုသုံးပြီး Crush ဆီက အချစ်ကိုရဖို့ ကြိုးစားကြည့်ပါလား..။

(၁)။ သူကြိုက်တာတွေနဲ့ အံဝင်လာအောင် ပြုပြင်ပါ

READ
သင့်ကောင်မလေးကဒီအချက်တွေနဲ့ကိုက်ညီခဲ့ရင် သူ့ဘဝရဲ့ အချစ်ဆုံးယောက်ျားက သင်ပါ

ကိုယ်က တစ်စုံတစ်ယောက်ကို ကျိတ်ပြီး စိတ်ဝင်စားနေပြီဆိုမှတော့ သူကြိုက်တာတွေကိုလည်း သတိထားမိမှာ အမှန်ပါပဲနော်။ အဲဒီလူထက်တောင် ကိုယ်က ပိုပြီး သူကြိုက်တာတွေကို သိနေနိုင်သေးတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း သူကြိုက်တဲ့ပုံစံမျိုးဖြစ်အောင် ပြုပြင်ပါ။ သူက စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူဆိုရင် ကိုယ်လည်း စာအုပ်တွေလိုက်ဖတ်ပေါ့။ သူက တိရိစ္ဆာန်လေးတွေ ချစ်တဲ့သူဆိုရင် ကိုယ်လည်း တိရိစ္ဆာန်တွေအကြောင်း သိအောင်လုပ်။ ဒီလိုနဲ့ အခွင့်အရေးရလို့ စကားပြောရမယ့်အချိန်ရောက်ရင် သင်က သူနဲ့ အကြိုက်ချင်းတူနေတာကို တွေ့ရှိသွားမှာဖြစ်ပြီး သင့်အတွက် အခွင့်အရေးတွေ အများကြီး ပိုရလာနိုင်ပါတယ်။

HelloRF Zcool/Shutterstock

(၂)။ ကိုယ်က ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဆိုတာ သူမြင်အောင်ပြပါ

သင့်ဖက်က သူ့ကို ကျိတ်ပြီး သဘောကျနေရုံနဲ့ မပြီးပါဘူး။ သင့်မှာ ဘယ်လိုဆွဲဆောင်မှုတွေရှိတယ်၊ ဘယ်လို အားသာချက်တွေရှိတယ်ဆိုတာ သူသိအောင် ပြဖို့လည်းလိုပါတယ်။ ဒီလိုမှပဲ သူ့ရဲ့မသိစိတ်ထဲမှာ သင်က ရှိနေမှာဖြစ်ပြီး သင့်ကို သဘောကျလာဖို့ အခွင့်အရေးတွေရှိလာမှာပါ။ သင့်ရဲ့ စမတ်ကျလွန်းတဲ့ ပုံရိပ်တွေ၊ သူတပါးကို ကူညီတတ်တဲ့အကြောင်းတွေ၊ ဘယ်လိုခင်ဖို့ကောင်းတယ်ဆိုတာတွေ၊ အနုပညာခံစားနိုင်စွမ်းရှိတာတွေကို သူမြင်လာအောင် ကြိုးစားပြီး ပြနိုင်ဖို့လိုပါလိမ့်မယ်။ ပေါ်တင်ကြီးတော့ မလုပ်နဲ့ပေါ့…။

READ
ကိုယ့်ထက်အသက်ကြီးတဲ့ ကွီးတွေကိုခိုက်နေတဲ့ ခေးတွေသိထားသင့်တဲ့အချက်များ
HelloRF Zcool/Shutterstock

(၃)။ သူ့ကို ကိုယ်က သဘောကျကြောင်းပြဖို့ မမေ့ပါနဲ့

ကိုယ်က သူ့ကို ကျိတ်ပြီး သဘောကျနေတယ်ဆိုပေမယ့် ကိုယ်သဘောကျနေတဲ့အကြောင်းကို သူသိဖို့လည်းလိုပါတယ်။ လူတွေက သူတို့ကို သဘောကျနေတဲ့သူတွေကို စိတ်ထဲမှာ မှတ်ထားလေ့ရှိပြီး တခြားသူတွေထက် ပိုလို့ မျက်နှာသာ ပေးတတ်ကြပါတယ်။ ဒီတော့ သင့်အနေနဲ့ သူ့ကို သဘောကျတယ်ဆိုရင် အခွင့်အရေးရတိုင်း သူ့ကို ဘယ်လိုသဘောကျကြောင်း၊ ဘယ်အရာတွေက သူနဲ့အလိုက်ဖက်ဆုံးဖြစ်ကြောင်း စတဲ့မှတ်ချက်လေးတွေ သွားပြီး ပေး ကြည့်ပါ။ သင်က သူ့ကို သဘောကျနေတဲ့အကြောင်းကို သူခံစားမိပြီဆိုရင်တော့ သင့်အတွက် အခြေအနေကောင်းတွေ ရှိလာတော့မယ်ဆိုတာ သေချာသလောက်ပါပဲ။

conrado/Shutterstock

Linn

SHARE