ချစ်သူထားဖို့ စဉ်းစားနေပြီဆိုရင် ဒီလို လူ(၅)မျိုးကိုတော့ဖြင့် ရှောင်ရှားသင့်

pathdoc/Shutterstock

လူတိုင်းက သူတို့ရဲ့ ချစ်သူတွေကို သူတို့ရဲ့ကိုယ်ပိုင်စံသတ်မှတ်ချက်တွေနဲ့ ရွေးလေ့ရှိကြပါတယ်။ သူတို့က ချောရင်ချောသလောက်၊ တော်ရင်တော်သလောက် သူတို့ရဲ့ချစ်သူတွေလည်း စံသတ်မှတ်ချက်တွေ မြင့်လာလေ့ရှိတာပါပဲ။ တချို့ကျတော့လည်း ဘာ စံနှုန်းမှမလိုဘူး။ရည်းစားတစ်ယောက် ရရင်ပြီးရောဆိုတဲ့လူတွေ ရှိပါသေးတယ်။ ဘာလာလာဒေါင်းမယ်ဆိုတဲ့သူတွေပေါ့။ တကယ်တော့ ကိုယ်နဲ့ လက်တွဲတော့မယ့်သူ၊ ကိုယ်နဲ့ချစ်သူဖြစ်မယ့်သူမှာ အရည်အချင်းတွေ အများကြီးမရှိဘူးဆိုရင်တောင်မှ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေနဲ့တော့ ကင်းလွတ်တဲ့သူဖြစ်စေချင်တယ်။ အဲဒါမှ ပျော်ရွှင်တဲ့ချစ်သူဘ၀ကို ပိုင်ဆိုင်ရမှာကိုး….။

(၁)။ ဟန်ဆောင်ကောင်းတဲ့သူ

ကိုယ်ချစ်တဲ့သူက ဟန်ဆောင်ကောင်းတဲ့သူတစ်ယောက်သာ ဖြစ်နေရင် ရေရှည်မှာ ပျော်ဖို့ကောင်းမှာမဟုတ်ပဲ ခဏလေးနဲ့ အဆုံးသတ်သွားတဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားမှာပါ။ သူတို့က ဘယ်လိုကိစ္စတွေမှာပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ ရိုးသားကြမှာမဟုတ်ပဲ ကိုယ့်အပေါ် ဟန်ဆောင်နေတယ်ဆိုတာ သိလာတာနဲ့အမျှ နှစ်ယောက်ကြားထဲက ဆက်ဆံရေးကလည်း တဖြည်းဖြည်းဆိုးရွားလာမှာဖြစ်ပါတယ်။

Minerva Studio/Shutterstock
(၂)။ တစ်ဖက်သားကို နားလည်မပေးတတ်တဲ့သူ

တစ်ဖက်သားကို နားလည်မပေးတတ်ပဲ ကိုယ်ပြောတာမှ အမှန်၊ ကိုယ်လုပ်တာကမှ အမှန်လို့ ထင်နေတဲ့သူတွေကို ချစ်နေရတာ တကယ်ပဲ စိတ်ပျက်စရာပါ။ အသေးအမွှာ ကိစ္စလေးတွေတောင်မှ ကိုယ့်ကို နားလည်မပေးနိုင်ဘူးဆိုရင် ဘ၀နဲ့ဆိုင်တဲ့ ကိစ္စတွေမှာလည်း ဘယ်လိုလုပ် နားလည်ပေးနိုင်တော့မှာလဲ။ ကိုယ့်ရဲ့ပြဿနာတွေကို သူနဲ့တိုင်ပင်လို့မရဘူး၊ ကိုယ့်ကိုနားလည်ပေးဖို့ထက် အပြစ်တင်နေဖို့ကိုပဲ ကြိုးစားနေတယ်၊ ဒီလိုဆိုရင်တော့ အမြန်ဆုံးလမ်းခွဲလိုက်ကြတာက ပိုပြီး သက်သောင့်သက်သာရှိပါတယ်။

READ
သင်သိသင့်တဲ့ အင်္ဂါသမီးတွေရဲ့ စိတ်နေစိတ်ထား …
(၃)။ ဒေါသထွက်လွယ်တဲ့သူ

တစ်ခုခုဆိုရင် ဘာမှ မစဉ်းစားပဲ ဒေါသထွက်နေတတ်တဲ့သူနဲ့ ချစ်သူဖြစ်နေရတာကလည်း တကယ်ပဲဆိုးပါတယ်။ ကိုယ့်မှာ တစ်ခုခု အဆင်မပြေဖြစ်နေရင်တောင် သူက ဒေါသထွက်တတ်လွန်းလို့ မတိုင်ပင်ရဲ။ ဒါ့အပြင် လူပုံအလည်မှာလည်း သူ့ရဲ့ဒေါသကြီးမှုကြောင့် တစ်ခါတစ်လေ အရှက်တကွဲတွေဖြစ်ရနဲ့ ဒေါသထွက်လွယ်တဲ့သူတွေကို ချစ်သူအဖြစ် ရွေးချယ်ဖို့တော့ တော်တော်လေး စဉ်းစားရမယ်။

Minerva Studio/Shutterstock
(၄)။ ဖောက်ပြန်တတ်တဲ့သူ

ဘယ်သူကမှတော့ ဖောက်ပြန်တတ်တဲ့သူကို ချစ်သူအဖြစ် ရွေးချယ်မနေဘူးလေ။ ဒါပေမယ့် ချစ်သူဖြစ်ပြီးတော့မှ သူက ဖောက်ပြန်နေတယ်ဆိုတာ သိလိုက်ရရင်တော့ အမြန်ဆုံးလမ်းခွဲလိုက်ပေတော့ပဲ။ မဟုတ်ရင် သူ့ကြောင့် မပျော်ရွှင်ရတာမျိုး၊ စိတ်ထဲမှာ ခံစားနေရတာမျိုးတွေ ဖြစ်လာမှာဖြစ်ပြီး ကိုယ်တိုင်လည်း အချစ်ဆိုတာကြီးကို အယုံအကြည်ရှိတော့မှာ မဟုတ်ပါဘူး။

(၅)။ ပိုက်ဆံမက်တဲ့သူ

ပိုက်ဆံမက်တဲ့သူဆိုတာက ရည်းစားမဖြစ်ခင်ကတည်းက စကားလေး နည်းနည်းပါးပါး ပြောကြည့်ရင် သိနိုင်တာမျိုးပါ။ အရာရာကို ပိုက်ဆံနဲ့ ဆုံးဖြတ်တယ်။ ပိုက်ဆံရဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်ဖို့ ၀န်မလေးဘူး။ ဒီလိုလူမျိုးက အချိန်မရွေး ကိုယ့်ကို ထားသွားပြီး ပိုက်ဆံနောက် လိုက်သွားနိုင်တယ်ဆိုတာကို သတိရပါ။

READ
အိမ်ထောင်ရေးမပြိုကွဲဖို့ သိထားသင့်တဲ့အချက်များ
pathdoc/Shutterstock

Linn

SHARE