အရက်မူးနေတဲ့အချိန်မှာမှ ရည်းစားစကားပြောချင်ကြတာ ဘာကြောင့်လဲ

Lara Em/Shutterstock

အရက်မူးပြီဆိုရင် သူများတွေလို သောင်းကျန်းတာတွေ၊ ပြဿနာရှာတာတွေမလုပ်ပဲ ရည်းစားစကားပြောဖို့ပဲ ချောင်းနေတဲ့ သူငယ်ချင်းမျိုး ကြုံဖူးပြီလား။ Admin ကတော့ ဒီလိုသူငယ်ချင်းမျိုး ခဏခဏကို ကြုံဖူးပါတယ်။ သူတို့က ပုံမှန်အချိန်တွေမှာသာ ရုပ်တည်ကြီးနဲ့နေပြီး ကြောက်သလို ရွံ့သလိုတွေလုပ်နေပြီမယ့် မူးလာပြီဆိုတာနဲ့ တော်ကီတွေကြွယ်လာကြပြီး ရည်းစားစကားပြောဖို့သာ အားသန်လာကြတော့တာ။

ဘာလို့များ မူးနေတဲ့အချိန်တွေမှာမှ ရည်းစားစကားပြောချင်ကြတာလဲ။ ဘာကြောင့်လဲ။ Admin ကတော့ အဲဒီလိုလူတွေဟာ ဒီလိုအကြောင်းရင်းတွေကြောင့် ရည်းစားစကားပြောချင်နေကြတာလို့ ထင်မိတယ်….

(၁)။ အဲဒီလိုအချိန်မျိုးမှာပြောဖို့ သတ္တိပိုရှိလို့

တချို့တွေက မူးနေတဲ့အချိန်မှာဆို သတ္တိပိုရှိလာတယ်လို့ ခံစားကြရတယ်။ လုပ်ရဲ ကိုင်ရဲတွေ ပြောရဲ ဆိုရဲတွေ ဖြစ်လာတယ်ပေါ့။ တကယ်တော့ သူတို့မသိစိတ်ထဲမှာကိုက မူးလာပြီဆိုရင် ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရပြီလို့ ထင်မိနေတာကြောင့်ပါ။ အဲဒီလိုအချိန်တွေမှာ သူတို့လုပ်ချင်တာ ကို လွယ်လွယ်လေးလုပ်ဖို့ သတ္တိရှိတတ်ကြပြီး သူတို့စိတ်ထဲမှာ ကျိတ်သဘောကျနေတဲ့သူတွေကိုလည်း ရည်းစားစကားပြောဖို့ ၀န်မလေးတတ်ကြဘူး။

READ
ကောင်မလေးတွေပြောတဲ့ မုသား(၃)မျိုး
George Rudy/Shutterstock

(၂)။ ကိုယ့်အတွက်အကြောင်းပြချက်ကောင်းမို့လို့

“ကိုယ်က မူးနေလို့ ရည်းစားစကားပြောမိသွားတာပါ” ဆိုတာကြီးက သူတို့အတွက် တကယ့်ကို အကြောင်းပြချက်ကောင်းပါ။ တစ်ဖက်က ငြင်းလိုက်တာပဲဖြစ်ဖြစ်၊ ပြောပြီးမှ ကိုယ်က သဘောမကျတော့ရင်ပဲဖြစ်ဖြစ် အဲဒီအကြောင်းပြချက်ကို သုံးပြီး ပြန်ဖြေရှင်းလို့ရတယ်လေ။ ကိုယ့်ဖက်က တိုးသာ ဆုတ်သာအနေအထားလို့ ထင်ကြတဲ့အတွက် မူးလာမှပြောတာက ပိုသင့်တော်တယ်လို့ သူတို့တွေ ထင်ကြသလားပဲ။

George Rudy/Shutterstock

(၃)။ စိတ်ထဲမှာ သိမ်းထားရတာများနေလို့

တချို့တွေကတော့ စိတ်ထဲမှာ သိမ်းထားတာများလွန်းနေပြီး မူးလာတဲ့အချိန်မှာမှ ပေါက်ကွဲထွက်သွားတာမျိုးလည်း ရှိတတ်တယ်။ သူတို့စိတ်ထဲမှာ အဲဒီတစ်ယောက်ကို သဘောကျနေပြီး ပြောဖို့မ၀ံ့မရဲဖြစ်နေတယ်ဆိုရင် မူးလာတဲ့အချိန်မှာ ပွင့်ထွက်ကုန်ကြတာပါပဲ။ အရက်မူးလာတဲ့အချိန်ဆိုရင် လူတွေက သွေးဆူလွယ်ပြီး စိတ်ကိုလွှတ်ပေးလိုက်ကြတာကြောင့် သူတို့စိတ်ထဲမှာ သိမ်းထားရတာတွေကို ဖွင့်ဟပြောမိသွားကြတာမျိုးပါ။

(၄)။ သူ့ဖက်ကစိတ်ဆိုးသွားရင်တောင်းပန်ရလွယ်လို့

ဒါကတော့ အပေါ်က အချက်နဲ့နည်းနည်းသက်ဆိုင်မယ်ထင်ပါတယ်။ ကိုယ်က သူ့ကိုချစ်တယ် လို့ပြောလိုက်လို့သူ့ဖက်က လက်မခံပဲ ခါးခါးသီးသီးဖြစ်နေမယ်ဆိုရင် “မူးနေလို့ပြောမိတာပါ” ဆိုပြီး လျောချလိုက်လို့ လွယ်တယ်လေ။ သူ့ဖက်က စိတ်အခြေအနေကို စမ်းသပ်ဖို့အတွက် မူးနေတုန်းပြောလိုက်တာက အကောင်းဆုံးပဲလို့ တချို့တွေက ထင်ကြတယ်။ အဆင်ပြေရင်လည်း ဆက်သွားမယ်၊ အဆင်မပြေလို့ ငြင်းပြီဆိုရင်လည်း တောင်းပန်ရလွယ်တယ်လေ…။

READ
ကောင်လေးတွေ သင့်ကို ရှိန်နေတဲ့ လက္ခဏာရပ်များ
Lara Em/Shutterstock

Linn

SHARE