ရည်းစားထားတိုင်း ခဏနဲ့ပြတ်နေတယ်ဆိုရင် သင့်မှာဒီအမူအကျင့်တွေရှိလို့ဖြစ်မယ်

StockSnap/Pixabay

သင်က ရည်းစားရတိုင်း သိပ်မကြာလိုက်ပဲ ပြတ် ပြတ်သွားတတ်တဲ့တစ်ယောက်လား??။ သင့်ကြောင့်ပဲဖြစ်ဖြစ်၊ တစ်ဖက်က လမ်းခွဲသွားတာကြောင့်ပဲဖြစ်ဖြစ် သင်ဟာ Relationship တစ်ခုကို ကာလရှည် တည်ဆောက်လို့မရပဲ ဖြစ်နေတာလား။

လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သည်းခံလို့မရတဲ့ အကျင့်ဆိုးလေးတွေ ရှိတတ်ကြပါတယ်။ အစပိုင်းမှာတော့ အဲဒီအကျင့်လေးတွေကို ကျိတ်မှိတ်သည်းခံလို့ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်လာတတ်တာမျိုးလေ။

ဒီတော့ သင့်အနေနဲ့ ရည်းစားရပြီးတိုင်း ခဏလေးနဲ့ လမ်းခွဲလိုက်ရတာ ဒီလိုအကျင့်ဆိုးလေးတွေရှိနေလို့လားဆိုတာ တစ်ချက်လောက် တိုက် ကြည့်လိုက်ကြရအောင်။

(၁)။ ချစ်လို့တွဲချင်တာမဟုတ်ပဲ အပျင်းပြေချင်လို့တွဲနေတာ

သင်က စိတ်ထဲမှာ အရမ်းချစ်မိလို့ ရည်းစားထားတာထက် သင် အပျင်းပြေချင်လို့ ရည်းစားထားတာမျိုးဆိုရင် သင်တို့ကြားက ဆက်ဆံရေးက ကြာကြာခံမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်စိတ်ခံစားချက်ကိုက သူ့ကို တကယ်နှစ်နှစ်ကာကာမချစ်ဘူးလေ။ သူ့ကြောင့် သင်ပျော်ရသရွေ့ သင်သူ့ကိုတွဲချင်နေမိမှာဖြစ်ပြီး သူက သင့်ကို စိတ်ညစ်စရာတွေပေးနေပြီလို့ ခံစားမိတာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်တော့မှာပါ။ အကြောင်းရင်းကတော့ သင်က အချစ်မှာပျော်ချင်တာ၊ အချစ်ကြောင့် ပျင်းနေတာတွေကို ဖြေဖျောက်ချင်တာ။ အဲဒီလို လူမျိုး မို့လို့ပါပဲ။

READ
သင့်အပေါ်ထားတဲ့ အချစ်တွေ ဘယ်တော့မှပြောင်းလဲသွားမှမဟုတ်တဲ့ ချစ်သူမျိုးဆိုတာ....
5688709/Pixabay

(၂)။ သင့်စိတ်ထဲမှာ မမေ့နိုင်တဲ့တစ်ယောက်ယောက်ရှိနေသေးတာ

သင့်စိတ်ထဲမှာ မမေ့နိုင်တဲ့ ရည်းစားဟောင်းတစ်ယောက်ယောက် ရှိနေတာကလည်း တကယ့်ကို ပြဿနာပါပဲ။ သင်တွဲနေတဲ့ ရည်းစားတွေကို အဲဒီရည်းစားဟောင်းနဲ့ တူရဲ့လား၊ ပိုကောင်းရဲ့လားဆိုပြီး နှိုင်းယှဉ်ကြည့်နေမိလိမ့်မယ်။ အဲဒီလို နှိုင်းယှဉ်မိနေပြီဆိုကတည်းက စိတ်ထဲမှာ ဝေခွဲမရတာတွေ၊ စိတ်တိုင်းမကျတာတွေ ဖြစ်လာတော့မှာပါ။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ သင့် Relationship လေးလည်း အဆင်မပြေမှုတွေနဲ့ အဆုံးသတ်သွားရော ဆိုပါတော့….။

(၃)။ သင့်ချစ်သူရဲ့ကောင်းကွက်တွေထက် ဆိုးကွက်တွေကိုပဲရွေးပြီးမြင်နေတတ်တာ

သင့်ချစ်သူမှာ ကောင်းတဲ့အချက်လေးတွေရှိတယ်ဆိုရင်တောင် အဲဒါတွေကို မမြင်ပဲ ဆိုးတဲ့အချက်တွေချည်း ရွေးမြင်နေမိတာကလည်း သင့်ရဲ့ချစ်သူသက်တမ်းကို သိသိသာသာ တိုသွားစေမှာပါ။ သူက သင့်ကိုအရမ်းချစ်တယ်၊ အရမ်းဂရုစိုက်တယ် ။ ဒါပေမယ့် သင့်စိတ်ထဲမှာတော့ သူက သင့်ကိုအရမ်းချုပ်ခြယ်တယ်၊ လွတ်လပ်ခွင့်မပေးဘူး စသဖြင့် အဆိုးဖက်ကချည်း တွေးနေမိတော့ အချိန်ကြာလာတာနဲ့အမျှ သင်တို့ကြားက ဆက်ဆံရေးက ပျော်ဖို့မကောင်းတော့ဘူးလေ။

pixel2013/Pixabay

(၄)။ ကိုယ်ပျော်ဖို့ပဲတွေးနေတတ်ပြီး တခြားသူအတွက်မတွေးပေးတတ်တာ

နှစ်ယောက်သား ရုပ်ရှင်ကြည့်ဖို့ပြောလိုက်ရင် သူကြည့်ချင်တဲ့ကားထက် သင်ကြည့်ချင်တဲ့ကားကိုပဲ ဦးစားပေးပြီးရွေးတတ်တာ။ ခရီးသွားဖို့တိုင်ပင်လိုက်ရင် သူသွားချင်တဲ့နေရာတွေထက် သင်သွားချင်တဲ့ ခရီးစဉ်တွေကိုပဲ စီစဉ်တတ်တာ။ အဲဒီလို အလားတူအပြုအမူတွေနဲ့ သင်ပျော်ဖို့အတွက်ပဲ တွေးနေတတ်တဲ့သူဆိုရင် သင့်ချစ်သူက သင့်ကိုခဏလေးနဲ့စိတ်ကုန်သွားမှာပါ။

READ
မိန်းကလေးအများစုသဘောကျကြတဲ့ ယောင်္ကျားအမျိုးအစား (၇) မျိုး

(၅)။ ဒီတစ်ယောက်နဲ့ပြတ်ရင်နောက်တစ်ယောက်ရဦးမယ်လို့ထင်နေတာ

သင့်စိတ်ထဲမှာ ဒီတစ်ယောက်နဲ့ပြတ်သွားလည်း နောက်တစ်ယောက် ရဦးမှာပဲဆိုတဲ့အတွေးမျိုး ၀င်နေတာကလည်း ဆက်ဆံရေးတွေကို ကြာရှည်မတည်မြဲစေပါဘူး။ စိတ်ထဲမှာကိုက အဆင်မပြေလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အတွေးမျိုးရှိပြီးသားဆိုတော့ သင်က ဘာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ အလျော့မပေးချင်ဘူး။ လမ်းခွဲစကားဆိုလည်း လွယ်လွယ်ပြောမိမယ်။ စိတ်လေးနည်းနည်းဆိုးလာတာနဲ့ ပြတ်ရအောင် လို့ ပြောမိလာမယ်။ ဒီလိုနဲ့ သင်တို့ရဲ့ဆက်ဆံရေးက သိပ်မကြာပဲ အဆုံးသတ်သွားတာမျိုး ဖြစ်သွားနိုင်တာပါ။

DanaTentis/Pixabay

(၆)။ အရာရာကို သင့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိစေချင်တာ

သင်က သင့်ချစ်သူကို ဘာမဆို သင့်သဘောအတိုင်း လိုက်လုပ်စေချင်တယ်။ သင်သွားမယ့်နေရာ လိုက်ခဲ့စေချင်တယ်၊ သင်ဝါသနာပါတာတွေကို လိုက်လုပ်စေချင်တယ်။ တကယ်တော့ သူလည်း သူ့ပျော်တဲ့အရာတွေ၊ သူဝါသနာပါတာတွေရှိဦးမှာပေါ့။ သင်က အဲဒါကို မစဉ်းစားပဲ သင်လုပ်သမျှ သူ့ကိုပါဝင်စေချင်တာ၊ အရာရာကို သင့်ထိန်းချုပ်မှုအောက်မှာ ထားချင်တာ…စတာမျိုးကြတော့ အဆင်မပြေတော့ဘူးလေ။

Linn

SHARE