သင့်ချစ်သူနဲ့ရန်ဖြစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သင်သတိထားသင့်တယ်

aslysun/Shutterstock

သင်က သင့်ချစ်သူနဲ့ မကြာခဏ ရန်ဖြစ်တတ်တဲ့သူလား။ ဒီလိုဆိုရင်တော့ ချစ်သူနဲ့ ရန်ဖြစ်ရတဲ့ ဆိုးကျိုးတွေကို သင်ကောင်းကောင်းကြီး သိမှာပါနော်။ ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်တယ်ဆိုတာ ထင်သလောက် လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ ရန်ဖြစ်ပြီးသွားရင် စိတ်ညစ်တာတွေ၊ စိတ်ရှုပ်တာတွေ၊ ပိုက်ဆံကုန်တာတွေ၊ သူငယ်ချင်းတွေက ဂျင်းထည့်တာတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ။ ဒီတော့….သင့်ချစ်သူနဲ့ ရန်ဖြစ်ဖို့ ဆုံးဖြတ်ထားပြီဆိုရင် ဒီအချက်လေးတွေတော့ အရင်ဆုံး သိထားဖို့ လိုပါလိမ့်မယ်။

(၁)။ ရန်ဖြစ်ရမှာက ကိုယ့်အမှားကြောင့်လား၊ သူ့အမှားကြောင့်လား

အခု ရန်ဖြစ်ရမှာက ကိုယ့်အမှားကြောင့်လား၊ သူ့အမှားကြောင့်လားဆိုတာ သင် အရင်ဆုံးတွေးဖို့ လိုပါလိမ့်မယ်။ သူ့အမှားကြောင့်ဆိုရင် ရန်ဖြစ်တယ်ဆိုတာ ပြသနာမရှိပေမယ့် ကိုယ့်အမှားကြောင့်ဆိုရင်တော့ နည်းနည်း စဉ်းစားသင့်သွားပြီ။ ဟိုက ကိုယ့်ကို အပေါ်စီးက ပြောတော့မှာကိုး။ ပြသနာရှာထားတာက ကိုယ်လေ။ ဒီတော့ ကိုယ်က အမှားတစ်ခု လုပ်ထားတယ်ဆိုရင် ရန်ဖြစ်ဖို့ထက် သူပြောတာကိုပဲ နားထောင်လိုက်တာက ပြသနာကို ပိုပြီး အေးအေးဆေးဆေးပြီးသွားစေပါလိမ့်မယ်။ မဟုတ်ရင် ကိုယ်ကလည်းမှားသေးတယ်၊ ကိုယ်ကလည်းရန်လုပ်သေးတယ်ဆိုရင် အခြေအနေတွေက ပိုပြီး ဆိုးသွားလိမ့်မယ်။

READ
လက်မထပ်သင့်တဲ့လူနဲ့လက်ထပ်လိုက်မိပြီဆိုရင် သိလာရမယ့်အချက်များ
Dmytro Zinkevych/Shutterstock

(၂)။ သင် သူ့ကိုစကားမပြောပဲ နေနိုင်လို့လား

ကိုယ်က သူနဲ့ရန်ဖြစ်တော့မယ်ဆိုရင် သူနဲ့စကားမပြောပဲ အရင်ဆုံးနေနိုင်ရဲ့လားဆိုတာ သေချာစဉ်းစားရမှာပါ။ သင်က ရန်လည်းဖြစ်ချင်သေးတယ်၊ သူနဲ့လည်း စကားမပြောပဲမနေနိုင်ဘူး၊ ရန်ဖြစ်ပြီး (၁၀)မိနစ်လောက်ကြာတာနဲ့ လိုက်ချော့နေပြီဆိုရင် ဂွမ်းတာပေါ့။ ရန်ဖြစ်ကြပြီဆိုကတည်းက သူ့ဖက်က သင့်ကို အချိန်အတိုင်းအတာတစ်ခုလောက်အထိ စိတ်ဆိုးနေမှာပါ။ စကားမပြောပဲ စိတ်ကောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ သူနဲ့စကားမပြောပဲ မနေနိုင်ဘူးဆိုရင် ရန်ဖြစ်ဖို့ မကြိုးစားတာအကောင်းဆုံးပါ။

Ollyy/Shutterstock

(၃)။ သင့်မှာ ပြန်ချော့ဖို့ ပိုက်ဆံအလုံအလောက်ရှိရဲ့လား

ရန်ဖြစ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူးနော်။ ရန်ဖြစ်ပြီး ရက်နည်းနည်းကြာလာတာနဲ့ ကိုယ်က စိတ်ပြေလာပြီ။ သူနဲ့ ပြန်အဆင်ပြေချင်လာပြီ။ ဒီတော့ သူ့ကိုပြန်ချော့ဖို့အတွက် ကြိုးစားရတော့မယ်။ အဲဒီမှာ လက်ဆောင်တွေဝယ်ပေးတာ၊ ပန်းစည်းတွေနဲ့ချော့ရတာ စသဖြင့် ရှုပ်ယှက်ခတ်ကုန်တော့တာပါပဲ။ ကိုယ်က ပြန်ချော့ရမယ့်အချိန်ရောက်ပေမယ့် ပိုက်ဆံမရှိဘူးဆိုရင် သင်အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်က ရန်ဖြစ်ဖို့ စဉ်းစားနေပြီဆိုရင် ပြန်ချော့ဖို့ရော ပိုက်ဆံအလုံအလောက်ရှိရဲ့လားဆိုတာ အရင်ဆုံး စဉ်းစားပါဦး။

READ
မိန်းကလေးတွေက အရပ်ရှည်တဲ့ယောကျာ်းလေးတွကို ပိုကြိုက်ကြတာ ဘာကြောင့်လဲ

(၄)။ သူနဲ့ရန်ဖြစ်တဲ့အခါ သင့်အတွက် ဆိုးကျိုးတွေက ဘယ်အရာတွေဖြစ်မလဲ

သူနဲ့ရန်ဖြစ်တဲ့အတွက် ကိုယ့်အတွက် ဆိုးကျိုးတွေက ဘာတွေလဲဆိုတာလည်း အရင်ဆုံး စဉ်းစားရပါဦးမယ်။ သူ့အမျိုးတွေနဲ့ကိုယ်က အဆင်ပြေနေပေမယ့် သူနဲ့ရန်ဖြစ်လိုက်တဲ့အတွက် ဆက်ဆံရေးက ပိုပြီး ဆိုးသွားနိုင်သလား၊ အတန်းထဲမှာ ကိုယ့်ကို စာရှင်းပြပေးမယ့် သူတစ်ယောက်ကို အချိန်ကာလတစ်ခုလောက် ဆုံးရှုံးလိုက်ရမှာလား…စသဖြင့် သင့်အတွက် ဆိုးကျိုးတွေကို အရင်ဆုံး စဉ်းစားပါဦး။ ဆိုးကျိုးတွေ အရမ်းများနေပြီး၊ သူက သင့်အတွက် အဖိုးတန်လေးတစ်ယောက် ဖြစ်တယ်ဆိုရင်တော့ ရန်မဖြစ်တာ ကောင်းပါတယ်။

MinDof /Shutterstock

Linn

SHARE