ကိုယ့်ထက်အသက်ငယ်တဲ့ကောင်မလေးကိုချစ်မိရင် ကိုယ်ဘာတွေပြောင်းလဲသွားမလဲ

4 PM production/Shutterstock

ကိုယ့်ထက်အသက်ငယ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိရင် တကယ်ပဲ ပြောင်းလဲသွားတတ်ကြတာလား။ သင်ကိုယ်တိုင်ရော အဲဒီလို ပြောင်းလဲသွားဖူးလား? ။ တကယ်တော့ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် အလိုလိုက်ရတော့မယ်၊ ဂျီကျတာ ခံရတော့မယ်လို့ အများက ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ သူတို့ထင်သလို မဟုတ်ကြတာမျိုးလည်းရှိတတ်ပါတယ်။ ကိုယ်က အကြီးဖြစ်ပေမယ့် ကိုယ်ပဲ စိတ်ကောက်နေတာမျိုး၊ သူတို့က ကိုယ့်ကို ပြန်ချော့နေရတာမျိုးတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် အများစုကတော့ ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ပြီဆိုရင် ဒီလိုပုံစံမျိုးတွေ ပြောင်းလဲသွားတတ်ကြတယ်။ အဲဒါတွေကတော့……

Ivanko80/Shutterstock

(၁)။ စိုးရိမ်ပူပန်တတ်လာမယ်

အရင်တုန်းကတော့ ကိုယ်က ဘယ်သူ့အတွက်မှ စိုးရိမ်တတ်၊ ပူပန်တတ်တဲ့သူမဟုတ်။ ကိုယ့်ရဲ့မိသားစုဝင်တွေအပေါ်မှာတောင်မှ ပူပန်တတ်သူမဟုတ်ပဲ ပျော်ပျော်ပဲနေခဲ့တာ ဖြစ်ပေမယ့် ကိုယ့်ထက်အသက်ငယ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိရင်တော့ သူ့အတွက် စိုးရိမ်ပူပန်လာမိတော့မှာပါ။ သူ အဆင်မှပြေပါ့မလား၊ အိမ်ကိုမှ ကောင်းကောင်းပြန်ရောက်ပါ့လား၊ ဘယ်သူနဲ့လျှောက်သွားနေမလဲ…စတဲ့ စိုးရိမ်ပူပန်မှုတွေက သင့်ဆီကို အလိုလိုရောက်လာမှာပါ။ အကြောင်းရင်းကတော့ သူ့ကိုချစ်တဲ့အချစ်ကြောင့်ပဲဖြစ်ပြီး သင့်မျက်စိထဲမှာ သူ့ကို ကလေးလို မြင်နေတာကြောင့်လည်း ပါနိုင်ပါတယ်။

READ
သစ္စာဖောက်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်များ
Ivanko80/Shutterstock

(၂)။ ဆရာကြီးလုပ်တတ်လာမယ်

သူ့က ကိုယ့်ထက်ငယ်တယ်ဆိုတော့ ကိုယ့်စိတ်ထဲမှာ သူ့ကို သင်ပြပေးရမယ်၊ လမ်းညွှန်ပေးရမယ်ပဲ ထင်နေမိတယ်။ သူလုပ်တာကိုင်တာတွေ၊ ပြောနေဆိုနေတာတွေကို များသောအားဖြင့် စိတ်တိုင်းမကျပဲ ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ ဆရာကြီး လုပ်တတ်လာတော့တာပါပဲ။ အရင်တုန်းက ကိုယ်ဟာ အေးအေးဆေးဆေးနေတတ်တဲ့သူ၊ အမြင်မတော်တာရှိရင်တောင် သိပ်ပြီးပြောမနေတတ်တဲ့သူ ဖြစ်ပေမယ့် ကိုယ့်ထက်ငယ်တဲ့ကောင်မလေးနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက်မှာတော့ အားလုံးကို ဆရာလုပ်ချင်လာတော့တာပါပဲ။

(၃)။ ပိုပြီးလူကြီးဆန်လာမယ်

ကိုယ်ပြောတဲ့စကားကို သူနားထောင်ဖို့ဆိုရင် ကိုယ်က လူကြီးနဲ့တူအောင် နေပြဖို့လိုတယ်လေ။ ဒီလိုမှမဟုတ်ပဲ ကိုယ်တိုင်က ပေါတောတောလုပ်နေရင် ကိုယ့်ထက်အငယ်ကလည်း ဘယ်လိုလုပ် ရိုသေတော့မှာလဲ။ ဒီတော့ ကိုယ့်ထက် ငယ်တဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်လာပြီဆိုရင် ပိုပြီး လူကြီးဆန်လာတော့တာပါ။

vectorfusionart/Shutterstock

(၄)။ စိတ်ကောက်တတ်လာမယ်

အပေါ်က လူကြီး ပိုဆန်လာတယ်လို့ပြောတာနဲ့၊ အခု စိတ်ကောက်တတ်လာမယ်ဆိုတာနဲ့က တခြားစီနော်။ လူကြီးဆိုတာ စိတ်မကောက်ရဘူးရယ်လို့ မရှိဘူး။ တကယ်ပါ ကိုယ့်ထက်အသက်ငယ်တဲ့ကောင်မလေးနဲ့ ချစ်သူဖြစ်တဲ့သူတွေဟာ များသောအားဖြင့် သူတို့ကချည်း စိတ်ကောက်ကြတာပဲ။ ကောင်မလေးက ကိုယ့်ထက်ငယ်လို့ စိတ်ကောက်ရမယ်မရှိဘူး။ သူတို့ကချည်း ကောက်ကြတာ။

READ
မိန်းကလေးတွေ တအားချစ်တတ်နေပြီဆိုရင် ဒီလိုအပြုအမူ (၅)ချက်ရှိတတ်ပါတယ်။

Linn

SHARE