ကိုယ်နဲ့ဝါသနာတူ၊အကြိုက်တူတဲ့သူမျိုးနဲ့ ဘာလို့ချစ်သူဖြစ်ဖို့ခက်ရတာလဲ

Syda Productions/Shutterstock

ဘယ်သူမဆို ကိုယ့်ရဲ့ချစ်သူက ကိုယ်နဲ့ ၀ါသနာတူတဲ့သူ၊ အကြိုက်ချင်းတူတဲ့သူ ဖြစ်စေချင်မှာပဲလေ။ ဒီတော့မှ နှစ်ယောက်သား ကြိုက်တာလေးတွေကို အတူတူလုပ်လို့ရမယ်၊ ဘာပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးလို့ရမယ်၊ ပိုပြီး ပျော်စရာကောင်းမယ်လို့ ထင်ကြတာပဲမဟုတ်လား။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကိုယ်နဲ့ ၀ါသနာတူ၊ အကြိုက်တူတဲ့သူမျိုးနဲ့ ချစ်သူဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတတ်ပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့…

(၁)။ သူ့အတွက် ကိုယ်က ရင်ခုန်စရာမကောင်းလို့

ကိုယ်က သီချင်းတွေနားထောင်ရတာ ၀ါသနာပါတဲ့သူ၊ ရုပ်ရှင်တွေကြည့်ရတာ သဘောကျတဲ့သူ။ သူကလည်း ကိုယ့်လိုပဲ သီချင်းတွေ၊ ရုပ်ရှင်တွေကြားမှာပဲ နေတဲ့သူ။ ကိုယ်က သူနဲ့ ၀ါသနာလည်းတူ၊ အကြိုက်ချင်းလည်းတူ ဆိုပေမယ့် အဲဒီလို တူနေပြန်ရင်လည်း ကိုယ်က သူ့အတွက် ရင်ခုန်စရာမကောင်းပဲ ဖြစ်နေပြန်ရော။ လူတွေဆိုတာ ထူးထူးဆန်းဆန်းလေးတွေ၊ ကိုယ်နဲ့မတူပဲ ကွဲပြားနေတာလေးတွေကို သဘောကျကြသူတွေဖြစ်လို့ ၀ါသနာတူ၊အကြိုက်တူတဲ့သူမျိုးကို လက်တွေ့မှာ ချစ်သူအဖြစ် မရွေးချယ်ချင်ကြပါဘူး။

READ
အရမ်းလန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတိုင်း ခံစားရတဲ့ စိတ်ဒုက္ခ(၅)မျိုး
nd3000/Shutterstock

(၂)။ တစ်ယောက်ကိုတစ်ယောက်အထင်မကြီးနိုင်ကြလို့

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ဆီမှာ ကိုယ့်အတွက် အထင်ကြီးစရာတစ်ခုခုရှိနေမှ အဲဒီကနေ စပြီး ချစ်လို့ရတာတဲ့။ အထူးသဖြင့် ကိုယ့်မှာမရှိတဲ့အရည်အချင်းတွေ သူ့ဆီမှာရှိနေပါလား လို့ ခံစားမိသွားတဲ့အခါ အဲဒီလူကို ပိုပြီး သဘောကျသွားတတ်တာမျိုး။

တစ်ယောက်နဲ့တစ်ယောက် ၀ါသနာတူတဲ့၊ အကြိုက်တူတဲ့သူတွေကတော့ သူတို့ဆီမှာရှိတဲ့ အရည်အချင်းတွေကလည်း ထပ်တူနီးပါး ဖြစ်နေတတ်ပါတယ်။ ဒီတော့ ထူးခြားတဲ့အရည်အချင်းမျိုးတွေ၊ အထင်ကြီးစရာတစ်ခုခု…စတာတွေ ရှာမတွေ့နိုင်တော့ပဲ တစ်ယောက်နဲ့တစ်ယောက် လက်တွဲဖို့ မဖြစ်နိုင်ဘူးလို့ ထင်လာမိတတ်ကြတာပါ။

nd3000/Shutterstock

(၃)။ အရမ်းလိုချင်လွန်းလို့

တစ်ခါတလေတော့လည်း ကိုယ်နဲ့ ၀ါသနာတူတဲ့သူကို တွေ့မိရင် အရမ်းလိုချင်လွန်းအားကြီးလို့ မရလိုက်တာမျိုးလည်းရှိနိုင်တယ်။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းလိုချင်နေတာက ဒီလိုပုံစံမျိုး၊ ကိုယ်နဲ့ဝါသနာတူတဲ့သူမျိုးလေ။ သူက ကိုယ့်ကိုနားလည်နိုင်လိမ့်မယ်လို့လည်း အမြဲထင်တယ်၊ သူ့ကိုရရင် အရာရာပြည့်စုံသွားလိမ့်မယ်လို့လည်း ထင်မိတယ်။ ဒါပေမယ့် စိတ်ထဲမှာ အရမ်းလိုချင်လွန်းအားကြီးတဲ့အခါ နည်းမှန်လမ်းမှန်ချဉ်းကပ်ဖို့ထက် သူကိုယ့်ကိုပြန်ကြိုက်လာဖို့ နည်းလမ်းမျိုးစုံသုံးရင်း ဝေးသွားကြတာမျိုးလည်းရှိပါတယ်။

READ
သင့်ကောင်လေး သင့်ကိုတကယ်လက်ထပ်ဖို့အထိရည်ရွယ်ထားလား သိနိုင်တဲ့နည်းလမ်း(၆)ခု
Syda Productions/Shutterstock

(၄)။ မကြိုးစားလို့

တချို့တွေကတော့ နှစ်ယောက်သား ၀ါသနာတူနေတာ၊ အကြိုက်ချင်းတူနေတာကိုတွေ့ရင် ကျိန်းသေပေါက် နီးစပ်တော့မယ်၊ ချစ်သူဖြစ်ကြတော့မယ်လို့ ထင်မိကြတာပါ။ တစ်ယောက်ကိုတစ်ယောက် ဖွင့်ပြောဖို့ထက် ဒီအတိုင်း သူငယ်ချင်းလို ၊ မိတ်ဆွေလို ခင်နေကြရင်း သူများနောက် ပါသွားကြတာ။ သူတို့စိတ်ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် နီးကြတော့မယ်လို့ ထင်နေပေမယ့် တကယ်တမ်း ဖွင့်မပြောဖြစ်ကြတော့ ချစ်သူမဖြစ်နိုင်ကြတော့ဘူးပေါ့…။

Linn

SHARE