သင့်ရည်းစားက သူ့သူငယ်ချင်းကောင်မလေးတွေကို သင့်ထက်ပိုပြီးအရေးပေးနေပြီလား

Shutterstock

တစ်ခါတလေကျရင် သင့်ချစ်သူကောင်လေးက သင့်ထက် သူ့ရဲ့ မိန်းကလေး သူငယ်ချင်းတွေကို ပိုပြီး အချိန်ပေးနေတယ်၊ ပိုပြီး နေရာပေးနေတယ်လို့ ခံစားနေရလား။ သင်က သူ့သူငယ်ချင်းတွေနဲ့ ယှဉ်လိုက်ရင် အနောက်မှာပဲ ရှိနေတယ်။ သူတို့လောက် အရေးပေးမခံရဘူးလို့ရော ခံစားနေရလား။

အဲဒီလိုဆိုရင် သင်ခံစားနေရတာတွေ သေချာလား၊ မသေချာလားဆိုတာ ဒီအချက်တွေနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။ တကယ်လို့ ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်ချစ်သူဟာ သင့်ထက် သူ့ရဲ့မိန်းကလေးသူငယ်ချင်းတွေကို ပိုပြီး ဦးစားပေးနေတယ်ဆိုတာ သိနိုင်ပြီပေါ့။

(၁)။ သင်နဲ့အတူရှိနေချိန်တွေထက် သူတို့နဲ့အတူရှိနေချိန်တွေက ပိုများတယ်

သင်နဲ့က တစ်ပတ်မှ တစ်ရက်လောက် တွေ့ရတာဖြစ်ပေမယ့် သူ့ရဲ့ သူငယ်ချင်းမိန်းကလေးတွေနဲ့ကျတော့ တစ်ပတ်မှာ ၄ ရက်လောက် တွေ့နေတာမျိုး၊ လျှောက်သွား၊ လျှောက်စားနေတာမျိုး မကြာခဏ လုပ်နေတတ်တာလားဆိုတာ သတိထားကြည့်ပါ။

READ
မိမိကိုရယ်အောင်လုပ်နိုင်သူကို လက်တွဲခြင်းမှရနိုင်တဲ့အကျိုး(၈)ခု
Shutterstock

(၂)။ နေ့တိုင်းနီးပါး သူတို့နဲ့အဆက်အသွယ်လုပ်နေတယ်

သင့်ချစ်သူနဲ့ သူ့ရဲ့ သူငယ်ချင်းမိန်းကလေးတွေက အချင်းချင်း မက်ဆေ့ခ်ျပို့နေတတ်တာ၊ ဖုန်းနေ့တိုင်းပြောနေတတ်တာ စသဖြင့် ဆက်သွယ်မှုတွေ လုပ်နေတဲ့အပေါ် စောင့်ကြည့်ပါ။ တစ်ခါတလေ လုပ်တာမျိုးက ပြဿနာမရှိပေမယ့် စနေ၊တနင်္ဂနွေပါ မချန်ပဲ နေ့တိုင်းနီးပါး အဆက်အသွယ်လုပ်နေတတ်ကြတယ်ဆိုရင်တော့ သူတို့ကြားမှာ သင်ထင်ထားတာထက် ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါပြီ။

(၃)။ ဆိုရှယ်မီဒီယာပေါ်က ဆက်ဆံရေး

သင့်ကောင်လေးက facebook ပေါ်မှာ ဘာပဲတင်တင် သူတို့က reaction တွေပေးတယ်၊ မှတ်ချက်တွေရေးတယ်။ သူတို့က အဲဒီလို တင်ရင်လည်း ဘာပဲတင်တင် သင့်ကောင်လေးက အလားတူ reaction တွေပေးတယ်။ ဒီလိုအခြေအနေတွေက ပိုပြီး သိလွယ်ပါတယ်။ သင့်ကောင်လေးရဲ့ ဆိုရှယ်မီဒီယာတွေကို စစ်ကြည့်လိုက်ရင် သိနေတာပဲလေ။

READ
မိန်းကလေးတွေ လက်မတွဲသင့်တဲ့ ယောင်္ကျား(၈)မျိုး
Shutterstock

(၄)။ သူတို့အကြောင်းတွေကို လိုတာထက်ပိုပြီးပြောတတ်တယ်

သင်နဲ့တွေ့တဲ့အချိန်တွေမှာ သူတို့အကြောင်းတွေကို လိုတာထက်ပိုပြီး ပြောနေတတ်တာမျိုး သင် ကြားရမယ်ဆိုရင်လည်း သတိထားပေါ့။ လူတစ်ယောက်အကြောင်းကို ကိုယ့်ချစ်သူဆီကနေ ကြားရပြီဆိုရင် အဲဒါက ပုံမှန်ပြောပြနေတာလား၊ လိုတာထက်ပိုပြီး ချဲ့ကားပြောနေတာလား ဆိုတာ သိမှာပါ။

(၅)။ သင်က ဒုတိယဦးစားပေးနေရာကို ရောက်သွားတယ်

သင်က သင့်ချစ်သူကို ညစာ စားရအောင် လို့ ချိန်းပြီဆိုပါစို့..။ အဲဒီမှာ သင့်ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ သင်နဲ့ မသွားနိုင်တော့ဘူး…ဘာညာ နဲ့ ငြင်းပြီဆိုရင် သင်ဟာ ဒုတိယ ဦးစားပေးနေရာ ရောက်သွားပြီဆိုတာ အလိုလို သိလိုက်ပါတော့။ သင့်ကို တကယ်ချစ်တဲ့သူဆိုရင် ဘယ်သူနဲ့ပဲ ချိန်းထားပြီးသားဖြစ်ပါစေ သင့်ကို အချိန်ပေးမှာပဲလေ။

Shutterstock

Linn

SHARE