ရည်းစားနဲ့ ရုပ်ရှင်အတူကြည့်ခြင်းရဲ့ ကောင်းကျိုး (၄)ခု

Shift Drive/Shutterstock

ရည်းစားနဲ့ ရုပ်ရှင်အတူကြည့်တဲ့အခါ ရမယ့် ကောင်းကျိုးတွေအကြောင်း သိပြီးသွားပြီလား။ ဘယ်အရာပဲဖြစ်ဖြစ် ကောင်းကျိုးတွေဆိုတာ ဆိုးကျိုးတွေနဲ့ ဒွန်တွဲနေတာလေ။ ရည်းစားနဲ့ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံပိုကုန်မယ်၊ သူစားချင်တာတွေ ၀ယ်ကျွေးရမယ်၊ အပြန်ကျရင် လိုက်ပို့ရဦးမယ်…စသဖြင့် မကောင်းတဲ့အချက်လေးတွေ ရှိနေပေမယ့် ကောင်းတဲ့အချက်တွေလည်း အများကြီးပါနော်…။

အထူးသဖြင့် ရည်းစားရှိသူတွေအတွက် ကောင်းကျိုးအနေနဲ့ ဒီအချက်လေးတွေကို ရရှိမှာဖြစ်ပြီး ဘာကြောင့် ရည်းစားနဲ့ ရုပ်ရှင်အတူကြည့်သင့်လဲဆိုတာ နားလည်သွားပါလိမ့်မယ်။

Jacob Lund/Shutterstock

(၁)။ မျှဝေခံစားနိုင်တယ်

ရုပ်ရှင်ထဲမှာ အရမ်းတွေလွမ်းပြီး ကြေကွဲတဲ့အခန်းရောက်ပြီဆိုရင် ရည်းစားရဲ့ လက်လေးကို ကိုင်ထားပြီး အားပေးတာတို့၊ သူ့ကိုဖက်ထားပေးတာတို့ စတာတွေ လုပ်ပေးနိုင်တယ်မို့လား။ ဒီလိုမှမဟုတ်ပဲ ကြည့်မိတဲ့ကားက ဟာသကားဆိုရင်လည်း နှစ်ယောက်အတူတူ ရယ်မောနိုင်တယ်လေ။ ဒီလိုနဲ့ပဲ ခံစားမှုတွေက ပိုလို့ နီးကပ်လာကြပြီး တစ်ယောက်စိတ်ကို တစ်ယောက် သိလာတယ်လို့ ခံစားရစေပါလိမ့်မယ်။

READ
ချစ်ရမှာကြောက်နေတဲ့သူမှန်း သိသာစေတဲ့လက္ခဏာများ
Jacob Lund/Shutterstock

(၂)။ အကုန်အကျသက်သာတယ်

အတူလျှောက်သွားရင်း လျှောက်စားနေတာထက်၊ ဈေးဝယ်ထွက်နေတာထက် စာရင် ရုပ်ရှင်အတူကြည့်တာက အကုန်အကျ အလွန်သက်သာပါတယ်။ ရုပ်ရှင်လက်မှတ်ဖိုးလေးရယ်၊ နေကြာစေ့ဖိုးရယ်၊ ရေဗူးဖိုးရယ်သာ ကုန်ပြီး နှစ်ယောက်သား ကြင်ကြင်နာနာ ကြည့်လို့ရတဲ့နေရာပါ။ နေ့လည်ဖက်တွေ အပြင်မှာ ပူလောင်နေတဲ့အချိန် ရုပ်ရှင်ရုံထဲမှာ အေးအေးဆေးဆေးနဲ့ ချစ်သူနဲ့ကြည်နူးနေရတာ ဘယ်လောက်များ ကောင်းလိုက်သလဲ။

(၃)။ ကိုယ့်ရည်းစားအကြောင်းကို ပိုသိနိုင်တယ်

ကိုယ့်ရည်းစားက ဘယ်လိုပုံစံမျိုးလဲဆိုတာ ရုပ်ရှင်ကြည့်ရင်းနဲ့လည်း သိလာနိုင်ပါသေးတယ်။ သူက ဘာမဟုတ်တာလေးတွေကို မျက်ရည်ဝဲတတ်တဲ့သူလား၊ တစ်ခုခုဆို ငိုနေတတ်တဲ့သူလား၊ ဒါမှမဟုတ် ရယ်စရာတစ်ခုခုဆိုရင် အော်ကြီးဟစ်ကျယ်ရယ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူလား၊ ဒါမှမဟုတ် ရှက်တတ်သူလားဆိုတာကို ရုပ်ရှင်ကြည့်ရင်းနဲ့လည်း သိလာနိုင်ပါတယ်။

Shift Drive/Shutterstock

(၄)။ ကိုယ့်ရဲ့အချစ်ကို နည်းလမ်းတမျိုးနဲ့ ပြနိုင်တယ်

ရုပ်ရှင်ကြည့်နေရင်း သူ့အတွက် နေကြာစေ့လေးတွေ ခွာပေးတာ၊ သူ့လက်လေးကို ကိုင်ထားပေးတာ၊ သူ့ကိုဖက်ထားပေးတာ၊ သူ့နဖူးလေးကိုနမ်းတာ စသဖြင့် ရုပ်ရှင်ရုံထဲက အပြုအမူလေးတွေကနေလည်း သူ့ကို ကိုယ်ဘယ်လောက်ချစ်ကြောင်း ပြနိုင်ပါတယ်။ ကိုယ်က သူ့ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ အဲဒီအချိန်မှာ သူ ခံစားလာရလိမ့်မယ်။

READ
ရည်းစားဟောင်းကိုလုံးဝမေ့နိုင်ဖို့ အသုံးဝင်နည်းလမ်းများ

Linn

SHARE