ချစ်သူက ကိုယ့်ကိုစိတ်ကောက်တဲ့အခါ အရေးပေါ်ပြုလုပ်ရမယ့်အချက်(၃)ချက်

cherezoff/Shutterstock

ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကောက်တဲ့အခါ ဘာတွေ လုပ်ကြလဲ။ ကိုယ့်ကိုစိတ်ကောက်ရင် ကိုယ်လည်းပြန်ကောက်မယ်၊ အဲလိုလား။ ဒါမှမဟုတ် စိတ်ကောက်ပြီဆိုတာနဲ့ ချက်ချင်းပြန်ချော့မယ်။ ဒီလိုလား။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ယောင်္ကျားလေးတွေအတွက်တော့ ကိုယ့်ရဲ့ကောင်မလေးက ကိုယ့်ကို စိတ်ကောက်ပြီဆိုတာနဲ့ အရေးပေါ် ပြုလုပ်ရမယ့် အချက် (၃)ချက်ရှိပါတယ်။ အဲဒီအချက်လေးတွေကို မြန်မြန်လုပ်လိုက်ရင်ပဲ စိတ်ကောက်ခံရမယ့် ရာခိုင်နှုန်းလျော့နည်းသွားပြီး မြန်မြန်ဆန်ဆန်ပဲ စိတ်ကြည်လင် သွားတာမျိုး ဖြစ်နိုင်ပါတယ်နော်..။ အဲဒါက ဘယ်လိုအချက်တွေလဲဆိုတော့….။

(၁)။ ဇာတ်လမ်းတစ်ခုအမြန်ဖန်တီးပါ

သင့်ကို သင့်ချစ်သူကဘယ်လိုအကြောင်းကြောင့် စိတ်ကောက်တာပဲဖြစ်ဖြစ်၊ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို သင် အမြန်ဆုံးဖန်တီးရပါမယ်။ မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာက အကြောင်းပြချက်မပေးနိုင်တဲ့ ကိစ္စတွေအပေါ်မှာ စိတ်ကောက်တာဖြစ်ပြီး သူတို့စိတ်ကျေနပ်လောက်တဲ့ ဇာတ်လမ်းမျိုး၊ ကိစ္စမျိုးဆိုတာကို လက်ခံနိုင်ရင် စိတ်ကောက်တဲ့ ပမာဏက လျော့သွားမှာပါ။ အထူးသဖြင့် မိန်းကလေးအများစုက သနားကြသူတွေဖြစ်လို့ သင့်ရဲ့ဇာတ်လမ်းက သနားစရာကောင်းလေလေ ၊ သူတို့ရဲ့ စိတ်ကောက်ဖို့ပြင်ဆင်ထားမှုကလည်း လျော့ကျသွားလေလေပါ။

READ
ချစ်သူ စိတ်ကောက်နေတဲ့အခါ မကျွေးသင့်တဲ့ အစားအသောက် (၅) မျိုး
oneinchpunch/Shutterstock

(၂)။ စားစရာတစ်ခုခုအမြန်ဝယ်ကျွေးပါ

မိန်းကလေးတွေ စိတ်ကောက်တဲ့အခါ အကောင်းဆုံး ချော့စရာ က သူကြိုက်တဲ့ စားစရာတစ်ခုခုကို ၀ယ်ကျွေးတာပါပဲ။ သူ့ရဲ့အကြိုက်ဆုံး အစားအစာတွေကို မှတ်ထားပြီး အဲဒီထဲက တန်ဖိုးကြီးတဲ့ တစ်ခုခုကို စိတ်ကောက်ပြီဆိုတာနဲ့ အမြန်သာ ၀ယ်ကျွေးလိုက်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကို စားရတဲ့အခါ ဒေါသစိတ်လေးတွေ လျော့သွားတတ်ပြီး စိတ်ပြန်ကြည်သွားတတ်တာမို့ စိတ်ကောက်ခံရပြီဆိုတာနဲ့ အစားကောင်းတစ်ခုခုကျွေးဖို့ကိုသာ ပြင်ထားပါတော့….။

cherezoff/Shutterstock

(၃)။ ကတိပေးပါ

မိန်းကလေးတွေက သူတို့မကြိုက်တာ တစ်ခုခုပေါ်လာရင် နောက်မလုပ်ပါဘူး ဆိုတဲ့ ကတိ ကို လိုချင်ကြပါတယ်။ ကိုယ်လုပ်နိုင်တာဖြစ်ဖြစ်၊ မလုပ်နိုင်တာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ သူတို့ စိတ်ပြေဖို့ပဲ လိုတာမို့ ကတိပေးစရာရှိတာတွေသာ ပေးလိုက်ပါ။ အကောင်းဆုံးကတော့ ကိုယ်က အပြစ်တစ်ခုခု လုပ်ထားလို့ သူတို့က စိတ်ကောက်ပြီဆိုရင် အဲဒီအပြစ်ကို အမြန်ဆုံးဝန်ခံပြီး နောက်တစ်ကြိမ်မလုပ်တော့ဘူး လို့ ကတိပေးလိုက်တာပါ။ ဒီလိုနည်းလမ်းနဲ့လည်း သူတို့စိတ်ကောက်တာကို ပြေလျော့သွားအောင် လုပ်နိုင်ပါတယ်။

READ
ချစ်သူတွေကြားမှာ မလုပ်သင့်တဲ့အရာများ

Linn

SHARE