မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကို ဘာတွေပြောင်းလဲစေချင်ကြသလဲ

JUrban / Pixabay

မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကို ဘာတွေပြောင်းလဲစေချင်ကြသလဲ။ ရှင်းနေတာပဲလေ..။ သူတို့မကြိုက်တဲ့အချက်တွေပေါ့။ မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူတွေကို သူတို့မကြိုက်တဲ့အချက်တွေအပေါ်မှာ ပြောင်းလဲစေချင်ကြတယ်။ တချို့ကျတော့လည်း ပြောင်းလဲလို့ရသလို၊ တချို့ကလည်းပြောင်းလဲလို့မရကြဘူး။ မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူအပေါ် ပြောင်းလဲစေချင်တဲ့အချက်တွေထဲမှာမှ အရေးကြီးတာတွေကို ဖော်ပြရမယ်ဆိုရင်…

(၁)။ အတိတ်ကိုသတိရနေတာ

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နဲ့ချစ်သူဖြစ်နေတဲ့အချိန်မှာ အရင်တုန်းက ထားခဲ့ဖူးတဲ့ ရည်းစားတွေကို သတိရနေတာမျိုး မဖြစ်စေချင်ကြပါဘူး။ မိန်းကလေးအများစုကလည်း အဲဒီလိုပဲ။ သူတို့ရဲ့ ချစ်သူတွေက ရည်းစားဟောင်းအကြောင်းကို ပြန်ပြီး အရေးတယူပြောနေကြရင် မပျော်ရွှင်ပဲဖြစ်တတ်ကြပြီး အတိတ်ကိုသတိရနေတဲ့စိတ်ကြီးအပေါ် ပြောင်းလဲစေချင်ကြတယ်။

pasja1000/Pixabay
(၂)။ မကောင်းတဲ့အကျင့်တွေ

သူတို့နဲ့မတွေ့ခင်ကတည်းက လုပ်ခဲ့တဲ့ မကောင်းတဲ့အကျင့်မှန်သမျှကို ပြောင်းလဲပစ်ဖို့ မိန်းကလေးတွေက အလိုရှိကြပါတယ်။ ဆေးလိပ်တွေမတရားသောက်တာ၊ အရက်တွေ၊ မိန်းမရှုပ်တာတွေ စသဖြင့် မကောင်းတဲ့အကျင့်တွေရှိမှန်းသိပြီဆိုတာနဲ့ အဲဒါတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားကြတယ်။ တချို့ကတော့ အောင်မြင်စွာ ပြောင်းလဲလိုက်နိုင်ပေမယ့် တချို့ကတော့ ကြိုးစားမှုတွေမအောင်မြင်ပဲ လမ်းခွဲလိုက်ရတာမျိုးတွေ ရှိပါတယ်။

READ
Relationshipတစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံးရှောင်ကြဉ်ရမယ့်အရာများ
kaicho20/Pixabay
(၃)။ ခန္ဓာကိုယ်အချိုးအစား

ဒါကတော့ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ်ပါ။ ချစ်သူဖြစ်ပြီဆိုရင် ဘာပဲဖြစ်ဖြစ် ပိုပြီး ကြည့်ကောင်းလာစေချင်တာပဲမဟုတ်လား။ သူက အရမ်းဝနေရင် ၀ိတ်ချဖို့၊ ပိုပြီးကြည့်ကောင်းအောင်လုပ်ဖို့ တိုက်တွန်းမယ်၊ ပိန်နေတယ်ဆိုရင်လည်း ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးရအောင်လုပ်ဖို့ တိုက်တွန်းမယ်..။ အဲဒီလိုပေါ့။

(၄)။ သူတို့ထက်ပိုပြီး ဦးစားပေးရမယ့် ကိစ္စတွေရှိနေတာ

သူတို့ထက်ပိုပြီး သူငယ်ချင်းတွေကို အချိန်ပေးနေတာ၊ မိသားစုအတွက်၊အလုပ်အတွက် အချိန်ပေးနေတာကို တချို့မိန်းကလေးတွေက မကြိုက်ကြပါဘူး။သူတို့က အရေးအကြီးဆုံးသူတွေ ဖြစ်ချင်ကြတယ်။ သူတို့ရဲ့ ချစ်သူမှာ ပိုပြီး ဦးစားပေးရမယ့်ကိစ္စတွေ ရှိနေတယ်ဆိုရင် သူတို့က အဲဒါကို ပြောင်းလဲစေချင်ကြတယ်။ တချို့ကြတော့လည်း သူတို့ကိုချစ်နေရင်ပြီးရော ဆိုပြီး အဲဒါတွေကို နားလည်ပေးတတ်ကြပါတယ်။

Free-Photos/Pixabay
(၅)။ အနာဂတ်ရည်မှန်းချက် မရှိတာ

သူတို့နဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် သင့်မှာ အနာဂတ်အတွက် ရည်မှန်းချက်မရှိဘူး၊ ဖြစ်ချင်တာမရှိဘူးလို့ သူတို့သိသွားရင်အဲဒါကိုပြောင်းလဲဖို့ ကြိုးစားကြပါလိမ့်မယ်။ မိန်းကလေးအများစုက ရည်မှန်းချက်မရှိတဲ့သူမျိုးကို မကြိုက်ကြပါဘူး။ ရည်မှန်းချက်မရှိဘူးဆိုတာ သူတို့ကို တန်ဖိုးမထားတာ၊ ရေရှည်လက်မတွဲချင်တာလို့ ခံစားရတာကြောင့် အဲဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ သူတို့ကြိုးစားကြပါလိမ့်မယ်။

READ
ချစ်သူနဲ့ ပထမဆုံးစတင်တွေ့ဆုံတဲ့နေ့မှာ မိန်းကလေးတွေရှောင်ရှားရမယ့်အရာလေးတွေ(၇)မျိုး

Linn

SHARE