ဒီအချက်တွေကိုသင်တွေ့နေရပြီဆိုရင် သင့်ချစ်သူက သင့်ကိုမကြာခင် ထားခဲ့တော့မှာပါ

Tero Vesalainen/Shutterstock

သင့်ချစ်သူနဲ့ အဆင်မပြေဖြစ်တာတွေ အရမ်းများနေပြီလား။ သူ အရင်လိုမဟုတ်ပဲ ကိုယ့်အပေါ်ဆက်ဆံတဲ့ ပုံစံပြောင်းလဲနေတာ၊ ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ခံစားနေရတာ၊ တစ်ခုခုဆိုရင် စိတ်မရှည်တာ စတာတွေ ဖြစ်လာပြီလား။

လူတွေက ပြောင်းလဲတတ်ကြပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ့်အမှားကြောင့် အပြောင်းအလဲတွေ ဖြစ်လာရတာဖြစ်ပေမယ့် တစ်ခါတစ်လေကျရင်လည်း ကိုယ်ဘာမှ အမှားမလုပ်လိုက်ရပဲ ကိုယ့်ကိုထားခဲ့တာမျိုးလည်းဖြစ်နိုင်တယ်။ သင့်ချစ်သူဆီကနေ ဒီအချက်တွေရနေပြီဆိုရင် သင်သတိထားဖို့လိုနေပါပြီ။ အဲဒီလို ထားခဲ့ခံရနိုင်တာကြောင့်ပေါ့…။

(၁)။ တစ်ခုခုဆို ကိုယ့်ကိုအမြဲအပြစ်တင်မယ်

နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ သင့်ကိုအမြဲတမ်းအပြစ်တင်မယ်၊ သင်ဘာလုပ်လုပ် အကောင်းမမြင်ဘူး စသဖြင့် သူ့ဆီက အဲဒီလိုတွေမကြာခဏတွေ့လာရပြီဆိုရင် သတိထားဖို့လိုပါတယ်။ သင့်ရဲ့မတော်တဆအမှားလေးတွေကိုတောင် နားလည်ဖို့မကြိုးစားပဲ သင့်ကိုပဲ အပြစ်တွေတင်နေပြီဆိုရင် သူ့ဆီမှာ သင့်ကိုချစ်တဲ့စိတ်တွေလျော့နည်းနေပြီလို့ သိလိုက်ပါတော့…။

Kaspars Grinvalds/Shutterstock
(၂)။ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို စိတ်မ၀င်စားတော့ဘူး

အရင်တုန်းကဆို မနက်ဘယ်အချိန်အိပ်ယာထတာက အစ၊ ညဖက်ဘယ်အချိန်အိပ်တယ်ဆိုတာမျိုး၊ သင့်ရဲ့နေ့လည်စာ ဘာစားလဲဆိုတာ စိတ်ပူနေတာမျိုး စတာတွေလုပ်တတ်ပေမယ့် လက်ရှိအချိန်မှာ အဲဒါမျိုးတွေ သူစိတ်မ၀င်စားတော့ဘူးဆိုရင် သင့်အပေါ်စိတ်ဝင်စားမှုလျော့နည်းလာပြီဆိုတာ ပြနေတာပါပဲ။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေက သူနဲ့မဆိုင်သလို ဖြစ်သွားပြီး အဲဒါက သင့်ကို စိတ်မသက်မသာဖြစ်စေပါလိမ့်မယ်။

READ
သင့်ချစ်သူကောင်မလေးရဲ့ ပြောင်းလဲလွယ်တတ်တဲ့ အပြုအမူ (၅)မျိုး
(၃)။ သူ့ရဲ့ပြဿနာတွေကို မတိုင်ပင်တော့ဘူး

သင့်ရဲ့ကိုယ်ရေးကိုယ်တာတွေကိုပါ စိတ်မ၀င်စားတာမဟုတ်ပါဘူး။ သူ့ရဲ့ပြဿနာတွေကိုလည်း သင်နဲ့အရင်လိုမတိုင်ပင်တော့ဘူးဆိုရင် သူပြောင်းလဲလာတာ သေချာပါပြီ။ သူ့သူငယ်ချင်းတွေအကြောင်းမပြောတော့ဘူး၊ သူ့အလုပ်ကအဆင်မပြေတာတွေအကြောင်းမပြောတော့ဘူး၊ သူ့ရဲ့နေ့စဉ်အဖြစ်အပျက်တွေအကြောင်း သင့်ကိုအသိမပေးတော့ဘူးဆိုရင် သင့်ရဲ့အခြေအနေအပေါ် ပြန်ပြီးသုံးသပ်ကြည့်ဖို့လိုနေပါပြီ။

Kaspars Grinvalds/Shutterstock
(၄)။ တွေ့ဖို့ချိန်းရင်ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်

အရင်တုန်းကတော့ နှစ်ယောက်တွေ့ဖို့ စီစဉ်လိုက်ပြီဆိုတာနဲ့ တက်ကြွပြီး အစောကြီးရောက်နေတတ်သူက အခုဆိုရင် တွေ့ဖို့ချိန်းလိုက်တိုင်း မအားဘူးဆိုတာမျိုး ဖြစ်နေတတ်ပြီ။ သူ့ဆီမှာ အကြောင်းပြချက်တစ်ခုက အမြဲရှိနေမှာဖြစ်ပြီး အရင်တုန်းက တစ်ပတ်တစ်ခါတွေ့နေရာကနေ တစ်လတစ်ခါဖြစ်သွားတာမျိုး၊ သင်တို့နှစ်ယောက်တွေ့ဖြစ်ကြတဲ့အချိန်တွေက တဖြည်းဖြည်းနည်းလာပြီဆိုရင် တစ်ခုခုပြောင်းလဲလာနေတာ အသေအချာပါပဲ။

(၅)။ အထိမ်းအမှတ်နေ့တွေကို ဂရုမစိုက်တော့ဘူး

အရင်တုန်းကဆိုရင် ချစ်သူသက်တမ်း တစ်လပြည့်တို့၊ နှစ်လပြည့်တို့၊ ဘယ်လိုအထိမ်းအမှတ်နေ့မျိုးဖြစ်ဖြစ် သတိရနေတတ်သူက အခုဆိုရင် အထိမ်းအမှတ်နေ့တွေနဲ့ ပတ်သက်ပြီး စကားတောင်မစတော့ဘူး။ သူ့အတွက် အဲဒီနေ့တွေက အရေးမကြီးသလိုဖြစ်သွားပြီး သင့်အနေနဲ့ လိုက်သတိပေးနေရတယ်ဆိုရင် ဒါဟာ စောင့်ကြည့်ရမယ့်အနေအထားပါ။

READ
ရန်မဖြစ်ဖူးကြတဲ့ ချစ်သူစုံတွဲတွေကို စံနမူနာယူထိုက်တဲ့အကြောင်းရင်းများ
Tero Vesalainen/Shutterstock
(၆)။ ကြင်ကြင်နာနာစကားတွေ မကြားရတော့ဘူး

အရင်တုန်းကဆိုရင် တစ်နေ့ကို “ချစ်တယ်” လို့ အခါ ၁၀၀ လောက်ပြောတတ်တဲ့သူဆီက အဲဒီလို စကားမျိုး မကြားရတော့တဲ့အခါ မနေတတ်မထိုင်တတ် မဖြစ်မိဘူးလား။ တစ်ခါတစ်လေကျရင် အဲဒီစကားမျိုး ကြားရဖို့ “ကိုယ့်ကိုချစ်လား” လို့တောင် ပြန်မေးနေရပြီဆိုရင် သူ့ဆီမှာ သင့်ကိုချစ်တဲ့စိတ်တွေ ရှိသေးရဲ့လားဆိုတာ တကယ်ပဲ သံသယဖြစ်စရာကောင်းနေပါပြီ။

Linn

 

SHARE