သင့်ရည်းစား သူများနောက်ပါသွားရင် ဘာလုပ်မလဲ??

Valery Sidelnykov/Shutterstock

မေးခွန်းသတ်ပြီလေ..။ သင့်ရည်းစား သူများနောက်ပါသွားရင် ဘယ်လိုလုပ်မလဲတဲ့။ ကိုယ့်ရည်းစား သူများနောက်ပါသွားမှဖြင့် ထိုင်ပြီးကြေကွဲနေတော့မှာပေါ့။ ဒေါသတွေလည်အလိပ်လိုက်ထွက်မယ်။ ၂ ရက် ၃ ရက်လောက် ထမင်းမစားနိုင်ပဲဖြစ်မယ်…စသဖြင့် အများကြီးပေါ့။

Admin ကတော့ ကိုယ့်ရည်းစား သူများနောက်ပါဖူးသူပီပီ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို အခြေခံပြီး ဘာတွေလုပ်သင့်သလဲဆိုတာ ပြန်လည်ဝေမျှလိုက်ပါတယ်။

(၁)။ ငိုပါ

အားရပါးရနဲ့ ၀မ်းနည်းပက်လက်သာ ငိုပစ်လိုက်စမ်းပါ။ စိတ်ခံစားချက်တွေများလွန်းပြီး မပျော်မရွှင်ဖြစ်နေရတဲ့အခါ ငိုလိုက်တာက အကောင်းဆုံးပါ။ သင်တို့နှစ်ယောက် အတူရှိခဲ့ဖူးတဲ့အချိန်တွေ၊ ပျော်ရွှင်ခဲ့တာတွေကို တွေးပြီး ငိုသာ ငိုချလိုက်ပါ။ ဒါပေမယ့် အဲဒီတစ်ခါက သူ့အတွက် နောက်ဆုံးငိုတာပဲ ဖြစ်ပါစေ။

Monkey Business Images/Shutterstock
(၂)။ လှူလိုက်တယ်လို့သဘောထားပါ

မြန်မာလူမျိုးတွေဆိုတာက အလှူအတန်းနဲ့ ပတ်သက်လာရင် ထိပ်ဆုံးကပဲလေ။ ဒီတော့ ကိုယ့်ရည်းစား သူများနောက်ပါသွားပြီဆိုရင်လည်း ဒေါသတွေထွက်မနေပဲ၊ အော်ဟစ်ငိုယိုမနေပဲ လှူလိုက်တယ်လို့သာ သဘောထားလိုက်ပါ။ သင်နဲ့သူ့ရဲ့ရေစက်က ဒီလောက်ပဲ ပါတာမို့ ဒီလောက်အထိပဲ တွဲလိုက်ရတယ်လို့ မှတ်လိုက်ပေါ့။ အရမ်းကြီးတွေ ခံစားမနေပါနဲ့။

READ
လူတစ်ယောက်ရဲ့ဘဝမှာ ကြုံကိုကြုံလာရမယ့် ချစ်ခြင်းအမျိုးအစားများ
(၃)။ သူနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေ လက်စတုံးပစ်လိုက်ပါ

ကိုယ့်ကိုယ်တောင် ထားခဲ့နိုင်မှတော့ သူနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို တစိမ့်စိမ့်ပြန်ကြည့်ပြီး ဘာလို့ ကြေကွဲနေဦးမှာလဲ။ မွေးနေ့လက်ဆောင်တွေ၊ အမှတ်တရသိမ်းထားမိတာတွေ အားလုံးကို လက်စတုံးပစ်လိုက်ပါ။ သူများတွေကို ပေးချင်လည်းပေးလိုက်၊ မပေးချင်လည်း အမှိုက်ပုံးထဲသာ ပစ်လိုက်တော့။ အဲဒါဆို ကိုယ့်စိတ်ထဲမှာလည်း ပေါ့သွားပြီး သူနဲ့ကိုယ်ဘာမှမသက်ဆိုင်တော့ဘူးဆိုတာ ပိုလို့ သေချာသွားလိမ့်မယ်။

enciktepstudio/Shutterstock
(၄)။ မျှော်လင့်ချက်ထားမနေနဲ့

ကိုယ့်ဆီကိုများ ပြန်လာဦးမလားဆိုပြီး မျှော်လင့်ချက်တွေလည်း ထားမနေပါနဲ့။ ကိုယ်နဲ့မတွဲချင်လို့ ထွက်သွားပါတယ်ဆိုမှ ဘာလို့ သူက ပြန်လာနေဦးမှာလဲ။ အဲ.. ကိုယ့်ဆီကို အရှက်မရှိ ပြန်လာတယ်ဆိုရင်လည်း တစ်ခုခုလိုချင်လို့ပဲဖြစ်မှာ။ အဲဒီအခါကျရင် သူလုပ်ခဲ့တဲ့အမှားတွေအတွက် တန်အောင်လို့ ပြောလွှတ်လိုက်ပါ။ ပြန်ပြီး လက်ခံဖို့တော့ မစဉ်းစားပါနဲ့။

(၅)။ ပတ်ဝန်းကျင်ကိုအသိပေးပါ

သူနဲ့ကိုယ်နဲ့ လမ်းခွဲသွားပြီဆိုတဲ့အကြောင်း ၊ သူ့အနေနဲ့ ကိုယ့်ကို ဒီလိုရက်စက်သွားတယ်ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်ကို အသိပေးပါ။ အထူးသဖြင့် ဆိုရှယ်မီဒီယာခေတ်ဆိုတော့ Facebook တို့ ဘာတို့ပေါ်မှာ ဘယ်လိုတောင် ထားခဲ့ရက်တယ်ဆိုတဲ့အကြောင်းလေး ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးဖို့ ကြိုးစားပါ။ သင့်ကို သနားပြီး အားပေးကြမယ့်သူတွေကို တန်းစီတွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ တစ်ယောက်လောက် ပြန်ရွေးပြီး ကြိုက်လိုက်ပေါ့…။

READ
မိန်းကလေးတစ်ယောက် သင့်ကို ချူနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
oneinchpunch/shutterstock
(၆)။ ရည်းစားသစ်ရှာပါ

ကိုယ့်ရည်းစားကို သူများ မ သွားလို့၊ သူများရည်းစားကို ပြန်ကြိုက်မယ်ဆိုတာမျိုးတော့မလုပ်နဲ့ပေါ့။ ဒါပေမယ့် ထွက်သွားတဲ့ရည်းစားဟောင်းအတွက် အကြာကြီး ပူဆွေးမနေပဲ ရည်းစားသစ်တစ်ယောက် အမြန်ရှာပါ။ ပတ်ဝန်းကျင်ကလူတွေ ဘာပဲပြောပြော ကိုယ်ပျော်ဖို့အတွက်ပဲ အရေးကြီးတယ်ဆိုတာကိုလည်း သိထားပါဦး။ အနည်းဆုံးတော့ ရည်းစားသစ်ရသွားရင် ရည်းစားဟောင်းကို မေ့လို့ရပြီပေါ့။

Linn

SHARE