ယောင်္ကျားလေးတွေ ဘယ်တော့မှလက်မလွှတ်ချင်တဲ့ မိန်းကလေးတွေရဲ့ပုံစံ(၄)မျိုး

Syda Productions/Shutterstock

ယောင်္ကျားတွေဆိုတာ မယုံရဘူးတို့၊ အသစ်တွေ့ရင် အဟောင်းမေ့ကြတယ်တို့၊ ငါးစိမ်းမြင်ငါးကင်ပစ်တယ်တို့ စတဲ့ စကားတွေကို ကြားဖူးကြပါလိမ့်မယ်။ တကယ်တော့ ယောင်္ကျားလေးနဲ့မိန်းကလေးတွေကြားက Relationship တွေဆိုတာ သိုင်းလောကကြီးလိုပဲ အရမ်းကို နက်နဲလွန်းတာပါ။ အမှတ်မထင်လေးတွေ့ပြီး တစ်သက်လုံးမကွဲကြတဲ့ စုံတွဲတွေရှိသလို၊ အချိန်အကြာကြီးတွဲခဲ့ပြီးမှာ ဘာမဟုတ်တာလေးနဲ့ ဝေးကွာသွားကြသူတွေလည်းအများကြီးပေါ့။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးတွေ ဘယ်တော့မှ လက်မလွှတ်ချင်တဲ့ မိန်းကလေးတွေဆိုတာလည်း သပ်သပ်ရှိပါသေးတယ်။

သူတို့က ရုပ်ချောချင်မှချောမယ်၊ ပိုက်ဆံချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် သူတို့ဆီမှာ ဒီလိုအချက်တွေ ပိုင်ဆိုင်ထားကြတယ်။

(၁)။ သ၀န်မတိုသင့်တဲ့နေရာမှာ ဘယ်တော့မှသ၀န်မတိုဘူး

တချို့ဆိုရှိပါတယ်။ ဖြတ်သွားတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆကြည့်မိရင်တောင်မှ (၇)ရက်လောက် စိတ်ကောက်ပြီး စကားမပြောတာမျိုး။ နာမည်ကြီးမော်ဒယ်တစ်ယောက်ယောက်၊ မင်းသမီးတစ်ယောက်ယောက်အကြောင်း ပြောမိတာနဲ့ နှာဗူးကျတယ်ဆိုပြီး စိတ်ဆိုးတာမျိုး စတာတွေပေါ့။ တချို့ကျတော့လည်း အဲဒီလို ကိစ္စတွေက သ၀န်တိုစရာတွေမဟုတ်ကြောင်း နားလည်ကြတယ်။ ဖြတ်သွားတဲ့မိန်းကလေးတစ်ယောက်ကို ကြည့်တာဟာ သူမကိုချစ်တာနဲ့ နှိုင်းယှဉ်စရာမဟုတ်ဘူးဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားကြသူတွေပေါ့။

READ
မနေချင်တဲ့သူကို ထွက်သွားခွင့်ပေးလိုက်ပါ
Rido/Shutterstock
(၂)။ ၀ါသနာပါတဲ့အလုပ်တွေကို တားမြစ်ဖို့စိတ်ကူးမရှိကြဘူး

ကိုယ်ဝါသနာပါတာက ပန်းချီဆွဲတာ။ ဒါပေမယ့် ကိုယ့်ကောင်မလေးက ပန်းချီဆွဲတာကနေ ပိုက်ဆံကောင်းကောင်းမရနိုင်ဘူးလို့ထင်နေတယ်။ တစ်ချိန်လုံး ကိုယ့်အလုပ်ကမကောင်းကြောင်း၊ သူများတွေက ဘယ်လိုပိုက်ဆံရှာနေကြောင်း စတာတွေပဲ လာပြောနေမယ်။ အဲဒီလို မိန်းကလေးမျိုးနဲ့ ချစ်သူဖြစ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် စိတ်ညစ်ရမှာပဲလေ။ တချို့ကျတော့လည်း ၀ါသနာပါတဲ့အလုပ်တွေကိုလုပ်ရင် ပိုပြီးအောင်မြင်တတ်ကြတယ်ဆိုတာ သိကြတယ်။ ဘယ်သူမဆို ၀ါသနာပါတဲ့အလုပ်မှာပဲပျော်ကြတယ်လို့လည်း နားလည်ထားကြတယ်။ သူတို့က ကိုယ့်ရဲ့ဝါသနာကို တားဆီးဖို့ထက် ဘေးကနေ အားပေးဖို့ကိုပဲ အဆင်သင့်ပြင်ထားကြသူတွေပါ။

Tiko Aramyan/Shutterstock
(၃)။ သူမကအရေးအကြီးဆုံးလို့ မသတ်မှတ်ခိုင်းဘူး

အလုပ်နဲ့သူမနဲ့ဘယ်ဟာအရေးကြီးလဲ၊ မိသားစုနဲ့သူမနဲ့ ဘယ်ဟာအရေးကြီးလဲ၊ စတဲ့ အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေကို သူတို့မမေးတတ်ကြပါဘူး။ သင့်ဘ၀မှာ အရေးအကြီးဆုံးက သူပဲဖြစ်ရမယ်ဆိုတာမျိုးကိုလည်း မလုပ်တတ်ကြပါဘူး။ သင့်မှာ သူ့အပြင်အရေးကြီးတဲ့အခြားအရာတွေလည်း ရှိသေးတယ်ဆိုတာ နားလည်ပေးကြတယ်။

READ
အသဲကွဲပြီးနောက် အချစ်သစ်ကို ဘယ်လိုရှာမလဲ ...?
(၄)။ နားလည်ပေးဖို့အမြဲ ကြိုးစားကြတယ်

သူတို့က သင့်ရဲ့အမှားတွေကို အမြဲဆူပူနေတာမျိုး၊ ပြဿနာရှာတာမျိုးထက် သင့်ကိုနားလည်ပေးဖို့အတွက်ပဲ ကြိုးစားကြတယ်။ အဲဒီလို နားလည်ပေးတာတွေက သင့်ရဲ့အမှားအတွက် သင်ပြန်ပြီးအရှက်ရစေတယ်ဆိုတာကို သူတို့ကောင်းကောင်းနားလည်ထားကြပါတယ်။ သင်က တစ်ခုခုဆိုတာနဲ့ သူတို့ကို တိုင်ပင်ချင်မယ်၊ ရင်ဖွင့်ချင်မယ်။ ဘာကြောင့်လဲဆိုတာ သူတို့က သင့်ကို အစွမ်းကုန်နားလည်နိုင်ကြသူတွေလို့ သင်ထင်နေပြီလေ…။

Dasha Petrenko/Shutterstock

Linn

SHARE