သင့်ချစ်သူက သင့်ကိုသတ်ချင်နေပြီလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

MilanMarkovic78/Shutterstock

ခေါင်းစဉ်ကြီးက ကြမ်းလိုက်တာလို့ ထင်ကောင်းထင်နိုင်ပေမယ့် သင့်ချစ်သူဟာ စိတ်မှန်တဲ့သူတစ်ယောက် ဟုတ်၊မဟုတ် ဆိုတာ မသေချာဘူးလေ။ အခုတလော ချစ်သူအချင်းချင်းဓားနဲ့ထိုးလို့ သေသွားတယ်ဆိုတဲ့ ကိစ္စတွေကလည်းများလာတော့ ကိုယ်နဲ့တွဲနေတဲ့ချစ်သူဟာ အဲဒီလိုလူမျိုးလား၊ ကိုယ့်အပေါ်မှာ အဲဒီလိုစိတ်မျိုး ရှိနေပြီလားဆိုတာလည်း သိထားဖို့လိုပြီမို့လား။

ကဲ….သင့်ချစ်သူဆီမှာ ဒီလိုအချက်တွေကို တစ်ခုတစ်လေတွေ့ရင်တောင်မှ သတိထားဖို့လိုနေပြီဖြစ်ပြီး အတော်များများနဲ့ ကိုက်ညီနေပြီဆိုရင် အနုနည်းနဲ့လမ်းခွဲ၊ ဝေးဝေးသာရှောင်နေပါတော့လို့ အကြံပေးလိုက်ပါရစေ…။

oneinchpunch/Shutterstock

(၁)။ နင်တော့သေတော့မယ်လို့ ခဏခဏပြောရင်

လူတွေက သူတို့စိတ်ထဲမှာ ကြံစည်နေတဲ့ ကိစ္စတွေကို တစ်ခါတလေကျရင် ပါးစပ်က ထုတ်ပြောနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခုခုကို စားချင်တယ်ဆိုရင် စားချင်လိုက်တာ လို့ အခွင့်အရေးရတိုင်း ခဏခဏပြောနေသလိုပေါ့။ ဒီတော့ သင့်ချစ်သူကလည်း သင့်ကို တကယ်သတ်ပစ်ချင်လောက်တဲ့အထိ ဖြစ်နေပြီဆိုရင် “နင်တော့ သေတော့မယ်” “သေချင်နေပြီလား” စသဖြင့် ဒေါသစကားတွေ ပြောလာမှာပါ။ အဲဒီလို စကားတွေကြားပြီဆိုရင် သင့်ချစ်သူရဲ့အမူအရာတွေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သေချာ အကဲခတ်ဖို့လိုနေပြီဆိုတာ မမေ့ပါနဲ့။

READ
ဒီ(၁၀)ချက်နဲ့ညီတဲ့ရည်စားကောင်လေး သင်ပိုင်ဆိုင်ထားရင်လက်မလွှတ်မိပါစေနဲ့။

(၂)။ လူရှေ့သူရှေ့မရှောင် ဆဲဆိုတာတွေလုပ်နေရင်

သူငယ်ချင်းတွေရှေ့မှာပဲဖြစ်ဖြစ်၊ တခြားသူစိမ်းတွေရှေ့မှာပဲဖြစ်ဖြစ် အော်ဟစ်ဆဲဆို တာတွေ လုပ်လာပြီဆိုရင် သူ့ရဲ့စိတ်က ရိုင်းလာပြီဆိုတဲ့ သဘောပါ။ သူ့စိတ်ထဲမှာကိုက သင်ဟာ အဲဒီလို ဆဲပစ်ဖို့တန်တဲ့သူ၊ သင့်ကို အဲလိုဆဲလိုက်မှ မှတ်မှာ စသဖြင့် ခံယူနေပြီဖြစ်ပြီး သင်နဲ့ပတ်သက်လို့ မကောင်းမြင်စိတ်တွေ များလာပြီဆိုတာ သိထားရပါတော့မယ်။ ဒီလိုအခြေအနေတွေ မကြာခဏ ကြုံလာရပြီဆိုရင်၊ သူ့ရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘူးဆိုတာ သတိထားသင့်ပါတယ်။

Have a nice day Photo/Shutterstock

(၃)။ နှစ်ယောက်တွေ့တဲ့အချိန် အိတ်ထဲမှာလက်နက်တစ်ခုခုဆောင်လာရင်

တကယ်လို့သာ သူ့ကို ကိုယ့်အပေါ်ကို တဖြည်းဖြည်းနဲ့ ရိုင်းလာတာ၊ သူ့ကိုကြည့်ရတာ ပုံမမှန်တော့တာ စတာတွေ ဖြစ်လာပြီဆိုရင် နှစ်ယောက်သားတွေ့ကြတဲ့အချိန်တွေမှာ သူ့အနေနဲ့ လက်နက်တစ်ခုခု ဆောင်လာတာမျိုးရှိသလားဆိုတာ သတိထားပြီး ကြည့်ကြည့်ပါ။ တချို့တွေက ရည်ရွယ်ချက်တစ်ခုခုရှိပေမယ့် ဘယ်အချိန်အကောင်အထည်ဖော်ရမှန်းမသိတော့ အဲဒါနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို ဆောင်ထားတတ်လေ့ရှိပါတယ်။ အခွင့်အရေးရရင်၊ ဒါမှမဟုတ် သူတို့စိတ်ရူးပေါက်ရင် ကိုယ့်ကို တစ်ခုခု လုပ်သွားမှာဖြစ်လို့ အဲဒီလို ကိစ္စမျိုးဖြစ်ပြီဆိုရင် အလိမ်မာသုံးပြီး ရှောင်နေတတ်ဖို့လိုပါတယ်နော်။

READ
အရပ်ပုလွန်းလို့ ချစ်သူရလိမ့်မည်ဟုထင်မထားတဲ့ အမျိုးသမီးရဲ့ အိပ်မက်ဆန်ဆန်လက်ထပ်ပွဲ

(၄)။ ကိုယ့်ကိုမကြာခဏကိုယ်ထိလက်ရောက်နာကျင်အောင်လုပ်လာပြီဆိုရင်

တချို့က ချစ်သူဖြစ်ကာစမှာ ဘာမှ အပြစ်ပြောစရာမရှိပေမယ့် ချစ်သူ သက်တမ်းကြာလာတာနဲ့အမျှ ပြောင်းလဲသွားတတ်ကြတယ်။ အရင်တုန်းကဆို လေသံမာမာနဲ့မပြောတဲ့သူက စကားပြောရင် လက်ပါလာတာမျိုးတွေပါ လုပ်လာနိုင်ပါတယ်။ အဲဒီလိုမျိုး ရန်ဖြစ်တိုင်း၊ စကားများတိုင်း ကိုယ်ထိလက်ရောက်တွေ မကြာခဏလုပ်ပြီဆိုရင် သင့်အနေနဲ့ သတိထားဖို့လိုပါတယ်။ သူ့စိတ်ထဲမှာ သင့်ကို နာကျင်စေချင်တာက အမြစ်တွယ်နေတော့မှာဖြစ်ပြီး သူ့ရဲ့စိတ်ခံစားမှုပေါ်မှာ မူတည်လို့ နာကျင်စေမှုအတိုင်းအဆကလည်း မြင့်တက်လာမှာပါ။

Backgroundy/Shutterstock

(၅)။ မူးယစ်စေတာတွေအလွန်အကျွံလုပ်ပြီးတိုင်း သင့်ကိုပြဿနာရှာတတ်တာမျိုး

အရက်တွေအရမ်းသောက်၊မူးပြီး ပြဿနာရှာတာတို့၊ ဆေးခြောက်တို့ဆေးပြားတို့ သုံးပြီးတဲ့နောက် ပြဿနာရှာတတ်တာမျိုး လုပ်တဲ့သူတွေကိုလည်း သတိထားသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က မူးယစ်စေတဲ့အရာတွေကို အတိုင်းအဆမရှိ သုံးမိသွားနိုင်တာမို့ပါ။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ဆင်ခြင်နိုင်တယ်ပြောပြော သူတို့တတ်နိုင်တာထက် ပို သုံးမိသွားတဲ့အချိန်ကျရင် သင့်အပေါ်ပြဿနာရှာတဲ့အနေအထားကနေ မထင်မှတ်ထားတာတွေလည်း ဖြစ်သွားနိုင်တာမို့ သင့်ချစ်သူအကြောင်းကို အကုန်သိနေဖို့လိုပါတယ်။

Linn

 

SHARE