Valentine’s Day မှာ ချစ်သူကို ခေါ်မသွားသင့်တဲ့နေရာ (၅)ခု

Pixabay

ဒီနှစ် Valentine’s Day မှာ ချစ်သူနဲ့ ဘာတွေလုပ်ကြမယ်လို့ စီစဉ်ထားပြီးပြီလဲ။ တချို့ကတော့ အခုကတည်းက ပြင်ဆင်ထားကြမှာပါ။ Valentine’s Day ကျရင် ဘာတွေလုပ်မယ်၊ဘယ်တွေသွားမယ်ဆိုတာမျိုးပေါ့။ တကယ်တော့ Valentine’s Day ဆိုတာ ချစ်သူတွေအတွက် အထိမ်းအမှတ်နေ့ ဖြစ်ပြီး လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတယ်ဆိုပေမယ့် အဲဒီနေ့မှာ မသွားသင့်တဲ့နေရာတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် Valentine’s Day လို နေ့မျိုးမှာ အဲဒီနေရာမျိုးတွေကိုသွားမိရင် သူများပြောစရာဖြစ်သလို၊ ကိုယ့်ရဲ့ချစ်သူကလည်း အဆင်ပြေမယ်မထင်ပါဘူး။ ကဲ…ဘယ်လိုနေရာမျိုးတွေလဲဆိုတော့…။

(၁)။ အထိမ်းအမှတ်ပြတိုက်တွေ

Valentine’s Day လို နေ့မျိုးမှာ အမျိုးသားပြတိုက်တို့၊ ၀န်ကြီးများရုံး တို့ အဲဒီလိုနေရာမျိုးတွေကို မသွားသင့်ပါဘူး။ ချစ်သူနဲ့ နှစ်ယောက်တည်း ကြည်နူးနေရမယ့်အချိန်မှာ ပြတိုက်ထဲဝင်ပြီး လွတ်လပ်ရေးရအောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာ တွေးနေရတယ်ဆိုရင် မကောင်းဘူးမို့လား။

Pixabay

(၂)။ ၀ိပဿနာတရားစခန်းတွေ

တစ်နှစ်လုံး ဘုရားပေါ်တောင် ခြေတစ်လှမ်း မလှမ်းခဲ့ပဲ Valentine’s Day ကျမှ ချစ်သူကို အံ့အားသင့်သွားအောင် တရားစခန်းဝင်ကြမယ်တို့ ဘာတို့လည်း မလုပ်သင့်ဘူးနော်။ Valentine’s Day ကြီးမှာ ၀င်လေ ထွက်လေ မှတ်ပြီး ချစ်သူကို သတိရနေဖို့ဆိုတာ အရမ်းခက်တယ် မဟုတ်လား။

READ
သူမနှလုံးသားကိုပိုင်ဆိုင်ရဖို့ ပုရိသတို့သိထားသင့်တဲ့အချက်များ

(၃)။ တည်းခိုခန်းတွေ

Valentine’s Day မှာ မသွားသင့်ဆုံးက တည်းခိုခန်းတွေပါ။ ကျန်တဲ့နေ့တွေမှာ သွားကြတာက အဆင်ပြေပေမယ့် Valentine’s Day ကြီးမှာဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့ ဖြစ်သွားပြီလေ။ ပြီးတော့ Valentine’s Day ဆိုရင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ဈေးတွေ တက်ကြဦးမယ်မဟုတ်လား။ ကံဆိုးရင် တစ်လင်တစ်မယားစနစ်နဲ့ ၀င်ပြီးစစ်ဆေးတာတွေ ဘာတွေပါ ခံရနိုင်တာမို့ Valentine’s Day မှာ တည်းခိုခန်းဆိုတာ မသွားသင့်ဆုံးပါ။

Pixabay

(၄)။ ပန်းခြံတွေ

Valentine’s Day မှာ ရှိသမျှ အတွဲတိုင်းက ပန်းခြံတွေဆီ လာပြီး ပျော်ကြ၊ ရွှင်ကြမယ်ဆိုတာ သိထားဖို့တော့ လိုမယ်နော်။ ပြီးတော့ Valentine’s Day ဆိုတာ လ၀က်ကြီးမှာမို့ လက်ထဲမှာ ပိုက်ဆံလည်း သိပ်မရှိကြတော့ပဲ ပန်းခြံလိုနေရာမျိုးမှာ အတွဲတွေ စုနေကြမှာပါ။ ဒီတော့ ပန်းခြံထဲမှာ လူတွေအများကြီးနဲ့ မလွတ်မလပ်နဲ့ ဘာသွားလုပ်ကြမှာလဲ။ မသွားကြပါနဲ့။

READ
ယောင်္ကျားတို့ မယူသင့်သော မိန်းမ(၇)မျိုး

(၅)။ ဈေးဝယ်စင်တာတွေ

Valentine’s Day မှာ ချစ်သူကို ခေါ်မသွားသင့်ဆုံး နေရာတွေထဲက တစ်ခုမှာ ဈေးဝယ်စင်တာပါ။ ဘာလို့လဲဆိုတော့ Valentine’s Day ဆိုတာ မိန်းကလေးတွေအတွက် အထူးအခွင့်အရေးရတဲ့နေ့လို့တောင် ပြောရမှာဖြစ်ပြီး ဈေးဝယ်စင်တာထဲရောက်တာနဲ့ သူတို့လိုချင်တာ လက်ညှိုးထိုးလိုက်ရုံပါပဲ။ Valentine’s Day ကြီးဖြစ်နေလို့ သင့်အနေနဲ့ ငြင်းဖို့လည်း ခက်မှာဆိုတော့ ကျိန်းသေပေါက် ၀ယ်ပေးရမှာပဲလေ။ ဒီတော့ ဈေးဝယ်စင်တာတွေဆိုတာကိုလည်း ဝေးဝေးက ရှောင်ကြပါ။

Pixabay

Linn

SHARE