ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့ချိန်မှာ မပြောသင့်တဲ့စကား(၅)ခွန်း

Asier Romero/Shutterstock

ချစ်သူတွေ ဖြစ်သွားပြီးတဲ့နောက် ပထမဆုံးချိန်းတွေ့တဲ့အချိန်ဟာ ရင်အခုန်ရဆုံးအချိန်လို့ပြောရင် လက်ခံကြမယ်ထင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းတွေ ချစ်နေကြတဲ့အချိန်၊ ရင်ခုန်သံတွေကလည်း မြန်၊ ပထမဆုံးနေ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ။ အဲဒီလို အခြေအနေမှာ ကိုယ်ပြောလိုက်တဲ့ စကားကမှားသွားရင် နှစ်ယောက်ကြား ဆက်ဆံရေးက အဆင်မပြေဖြစ်သွားနိုင်တာမျိုးလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ကဲ….ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဘယ်လိုစကားမျိုးတွေ မပြောသင့်ဘူးလဲ..။ တစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ…။

(၁)။ ပိုက်ဆံစကားမပြောနဲ့

ပထမဆုံးတွေ့တဲ့ ချိန်းတွေ့မှုလေးမှာ ပိုက်ဆံစကားပြောလွန်းတာက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ နေရာတိုင်းမှာ ကိုယ်ကပဲ ပိုက်ဆံရှင်းချင်တာ၊ ပိုက်ဆံနဲ့ပတ်သက်ရင် ဂရုမစိုက်ဘူး..ဘာညာတွေ လျှောက်ပြောနေတာ၊ စတာတွေက သင့်ကို ပိုက်ဆံစကားပြောတတ်သူလို့ ထင်သွားစေမှာဖြစ်ပြီး မမျှော်လင့်ပဲ အခြေအနေတွေ ဆိုးသွားစေနိုင်ပါတယ်။

Luis Molinero/Shutterstock

(၂)။ ရည်းစားဟောင်းတွေအကြောင်းမပြောနဲ့

အခုမှ စတွေ့ပြီးတဲ့ ချစ်သူဘ၀ရဲ့ပထမဆုံးစကားဝိုင်းလေးက ရည်းစားဟောင်းတွေအကြောင်းဆိုရင် ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလိုက်မလဲဆိုတာ စဉ်းစားသာကြည့်။ ကိုယ်ကတော့ ဘာပြောရမှန်းမသိလို့ စိတ်ထဲပေါ်လာတဲ့အကြောင်းအရာတစ်ခုကို ပြောလိုက်တာဖြစ်ပေမယ့် ရည်းစားဟောင်းတွေအကြောင်းကိုတော့ မပြောသင့်တာအမှန်ပါ။ ဘာလို့လဲဆိုတော့ တစ်ဖက်လူက သင်ဟာ ရည်းစားဟောင်းတွေကို အခုထိ မေ့နိုင်သေးပုံမရဘူး လို့ ထင်သွားနိုင်တာမို့ပါပဲ။

READ
သူဘာလို့ မက်ဆေ့ခ်ျ မပို့တော့လဲ.?

(၃)။ ပြတ်သွားရင်ဘယ်လိုလုပ်မလဲ…ဘာညာ တွေမပြောနဲ့

အခုမှ စပြီး ချစ်ဖို့ ပြင်တုန်းရှိသေးတယ်၊ ပြတ်သွားရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုနေရမလဲ…စတဲ့ လမ်းခွဲရမယ့်အကြောင်းတွေကို ဆွေးနွေးနေမိတာကလည်း စိတ်ပျက်စရာကြီးပါ။ သင်က ချစ်တောင်မချစ်ရသေးဘူး၊ ပြတ်ဖို့စဉ်းစားနေပြီ လို့ တစ်ဖက်လူက တွေးမိလိမ့်မယ်။ သူ့အပေါ်မှာ သင်က ရေရှည်တွဲမယ့်သူ ဟုတ်ရောဟုတ်ပါ့မလား လို့ သံသယတွေ ၀င်မိလိမ့်မယ်။ ဒီတော့ အဲဒီအကြောင်းကို စကားမစမိအောင်နေတာ အကောင်းဆုံးပါ။

Luis Molinero/Shutterstock

(၄)။ လိင်ကိစ္စတွေလည်းမပြောမိစေနဲ့

ပထမဆုံးတွေ့တဲ့နေ့လေးမှာတော့ တတ်နိုင်သလောက် ဖြူဖြူစင်စင်သာ နေဖို့ ကြိုးစားပါဦး။ ဒီလိုမှမဟုတ်ပဲ ဟိုတယ်တွေအကြောင်း၊ အနမ်းတွေအကြောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း စတာတွေကို အားကြိုးမာန်တက် ပြောဖို့ ကြိုးစားမိသွားတယ်ဆိုရင် တစ်ဖက်လူက သင်ဟာ အဲဒီကိစ္စတွေအတွက် သူ့ကိုကြိုက်တာလို့ ထင်သွားပါလိမ့်မယ်။

READ
Crush က ကိုယ့်ကိုပြန်မကြိုက်နိုင်တဲ့ အခြေအနေ (၅) ခု

(၅)။ အနာဂတ်နဲ့ပတ်သက်တဲ့ ကြီးကြီးကျယ်ကျယ်တွေ မပြောမိစေနဲ့

သင်တို့နှစ်ယောက်က အခုမှ ပထမဆုံး စပြီး ဒိတ်ကြတာဆိုတော့ ရည်းစားသက်တမ်းက တကယ့်ကို နုနုလေးပါ။ အဲဒီလိုအခြေအနေမှာ အနာဂတ်မှာ ဘယ်လိုနေကြမယ်၊ ကလေးဘယ်နှယောက်ယူမယ်၊ စသဖြင့် ကြီးကြီးကျယ်ကျယ် ကိစ္စတွေကို မဆွေးနွေးသင့်သေးပါဘူး။ သင်ကတော့ ဒါဟာ သူ့ကိုအလေးထားကြောင့်ပြတာ၊ ရေရှည်တွဲမယ်ဆိုတာ ပြတာ လို့ ထင်ကောင်းထင်မှာဖြစ်ပေမယ့် တစ်ဖက်သားကတော့ သင်ဟာ ကြီးကြီးကျယ်ကျယ်တွေပြောတတ်တဲ့လူတစ်ယောက်လို့ပဲ ထင်သွားမှာ အသေအချာပါ။

Asier Romero/Shutterstock

Linn

SHARE