မိန်းကလေးတွေသဘောကျတဲ့ ယောင်္ကျားလေးတွေရဲ့ပုံစံကဘာတွေလဲ

Africa Studio/Shutterstock

မိန်းကလေးတစ်ယောက်က ကိုယ်နဲ့ ပထမဆုံးတွေ့တဲ့ ယောင်္ကျားလေးတစ်ယောက်ကို သဘောကျသွားဖို့ဆိုရင် ဘယ်လိုအချက်တွေ လိုအပ်မလဲ။ သူတို့က ယောင်္ကျားလေးတစ်ယောက်ကို စိတ်ထဲမှာ လက်ခံဖို့အတွက် ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်ကြလေ့ရှိလဲ။ အောက်မှာပါတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်။

(၁)။ စမတ်ကျကျဝတ်တတ်တာ

ကိုယ့်အ၀တ်အစားက နာမည်ကျော်တံဆိပ်တွေ၊ အသစ်ချက်ချွတ်တွေမဟုတ်တောင် သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းလေး ၀တ်သွားဖို့တော့ လိုပါလိမ့်မယ်။ ဖြစ်သလို ၀တ်ထားပြီး ၊ ပုံမကျပန်းမကျဘူးလို့ သူတို့စိတ်မှာ ခံစားရရင် ပထမဆုံးတွေ့တဲ့အချိန်မှာတင် အမှတ်တွေလျော့သွားမှာဖြစ်လို့ စမတ်ကျကျ ၀တ်တတ်တာကလည်း အရေးကြီးပါတယ်။

Dean Drobot/Shutterstock

(၂)။ ဆံပင်ပုံစံသပ်သပ်ရပ်ရပ်ရှိတာ

ဆံပင်ပုံစံက သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ ဆံပင်ပုံစံဖြစ်ဖို့လိုပါတယ်။ အရောင်ဆိုးထားတဲ့ဆံပင်တွေ၊ ဒါမှမဟုတ် ဘေးမှာလိုင်းအစင်းတွေနဲ့ပုံဖော်ထားတာတွေ စတဲ့ဆံပင်ပုံစံတွေက သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။ မိန်းကလေးအများစုက အထာကျပြီး ကြည့်ကောင်းတဲ့ ဆံပင်ပုံစံပိုင်ရှင် ကောင်လေးတွေကို သဘောကျကြလေ့ရှိပြီး ဆံပင်အရှည်ထားတယ်ဆိုရင်တောင် ကိုယ်နဲ့လိုက်ဖက်တဲ့ ပုံစံမျိုး၊ ပုံဖော်ထားသင့်ပါတယ်။

READ
ခိုင်မာတဲ့ချစ်ခြင်းကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိသာစေမမယ့် လက္ခဏာများ
Dean Drobot/Shutterstock

(၃)။ ယောင်္ကျားပီသတဲ့ခန္ဓာကိုယ်

မိန်းကလေးတွေက ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေကိုလည်း သဘောကျကြပါတယ်။ သူတို့မျက်စိထဲမှာ မြင်လိုက်တာနဲ့ အရပ်ရှည်လား၊ အသားဖြူလား၊ ရုပ်ချောလား..စတာတွေအပြင် ဗလတောင့်လား၊ 6 Pack ရှိလား စတာတွေကိုပါ ထည့်သွင်းစဉ်းစားကုန်ကြပါပြီ။

(၄)။ တခြားသူတွေအပေါ် ဂရုစိုက်တတ်တာ

သူတို့အမြင်မှာ ကိုယ်က တခြားသူတွေကို ဂရုစိုက်တတ်သူတစ်ယောက်လို့ ထင်သွားရင်လည်း သူတို့စိတ်ထဲမှာ အမှတ်ပေးလိုက်ကြတာပါပဲ။ တခြားသူတွေကိုတောင် ဂရုစိုက်တတ်တဲ့သူဆိုရင် သူတို့ချစ်တဲ့သူကိုလည်း ဂရုစိုက်မှာပဲလေ ဆိုပြီး မိန်းကလေးအများစုက တွေးတတ်ကြတာပါ။ ဒီတော့ တခြားသူတွေအပေါ် ဂရုတစိုက်ဆက်ဆံတာ၊ အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတာ စတဲ့အချက်တွေက အမှတ်ရစေပါတယ်။

Africa Studio/Shutterstock

(၅)။ ခြေသည်းလက်သည်းတွေ သန့်ရှင်းနေတာ

လက်သည်းတွေက တိတိရိရိညှပ်ထားပြီး သန့်ရှင်းနေတာ၊ ခြေသည်းတွေကလည်း အလားတူပုံစံနဲ့ ကြည့်ကောင်းနေတာ စတဲ့အချက်တွေကိုလည်း မိန်းကလေးတွေက အကဲခတ်တတ်ပါသေးတယ်။ အထူးသဖြင့် ကတ္တီပါဖိနပ်စီးထားတဲ့ ယောင်္ကျားလေးတွေနဲ့ ဒိတ်ရရင် မိန်းကလေးတွေက ခြေထောက်ကို အရင်ဆုံးကြည့်တတ်ပြီး ခြေထောက်က သန့်ရှင်းနေမယ်၊ ခြေသည်းတွေကို သန့်သန့်ရှင်းရှင်းထားမယ်ဆိုရင် မိန်းကလေးတွေက အမှတ်များများပေးကြပါတယ်။

READ
ချစ်သူရဲ့ မိဘတွေနဲ့ သွားတွေ့တဲ့အခါ ရှောင်ရမယ့်အရာ(၁၀)ခု

(၆)။ ဆွဲဆောင်မှုရှိတဲ့ရနံ့တစ်ခုခုရှိနေတာ

အမျိုးသားသုံး ရေမွှေးနံ့ပဲဖြစ်ဖြစ်၊ Spray နဲ့ ၊ Roll On ရနံ့ စသဖြင့် ဆွဲဆောင်မှုရှိတဲ့ ရနံ့တစ်ခုခု ရှိနေခြင်းကလည်း မိန်းကလေးတွေကို သဘောကျစေပါတယ်။

Linn

SHARE