ဒီအချက်တွေကို ပုံမှန်လုပ်ပေးရင် ဘယ်တော့မှ အချစ်တွေလျော့မှာမဟုတ်ဘူး

scronfinixio/Pixabay

ချစ်သူတွေဆိုတာ တွဲကာစမှာတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းတွေချစ်ကြ၊မခွဲနိုင်အောင်တွေ ဖြစ်ကြပြီး အချိန်လေးနည်းနည်းကြာလာတဲ့အခါ ခံစားမှုတွေပြောင်းလဲသွားကြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာအထိ အချစ်တွေမလျော့ပဲ ပိုလို့တောင် ချစ်လာကြတယ်။ သူတို့ ဘာကြောင့်  အဲဒီလို ချစ်နေနိုင်တာလဲ။ ဒီအချက်လေးတွေကိုသာ ပုံမှန်လုပ်ကြည့်ပါ။ သင်တို့နှစ်ယောက်ကြားက အချစ်တွေဟာ အချိန်ကြာလေလေ ပိုပြီး ခိုင်မာလာလေ ဖြစ်လာမှာ အသေအချာပါပဲ။

(၁)။ ချစ်တယ် လို့ပြောဖို့ ဘယ်တော့မှ မမေ့ပါနဲ့

တစ်ယောက်နဲ့တစ်ယောက် ချစ်လာကြတာ နှစ်တွေဘယ်လောက်ကြာတာပဲဖြစ်ဖြစ် ချစ်တယ် လို့ပြောဖို့ကိုတော့  မေ့မနေပါနဲ့။ ကိုယ့်ရဲ့ချစ်သူကို ချစ်တယ်လို့ မကြာခဏ ပြောပေးတာ၊ သူ့ဆီကနေ ချစ်တယ်ဆိုတဲ့စကားကို မကြာခဏ ကြားရတာတွေက သင်တို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ကာလရှည်ခိုင်မာစေပါလိမ့်မယ်။

Vitabello/Pixabay
(၂)။ ပျော်စရာလေးတွေ ပြောဖို့မမေ့နဲ့

တစ်ယောက်နဲ့တစ်ယောက် ပျော်စရာကိစ္စလေးတွေ၊ စနောက်တာလေးတွေကို မကြာခဏ ပြုလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။ ဒီလိုအပြုအမူလေးတွေက ချစ်သူနှစ်ယောက်ကို ပိုမိုနီးကပ်သွားစေပြီး ချစ်ခြင်းဟာ ပျော်ဖို့ကောင်းတယ်လို့ ခံစားမိစေမှာပါ။

READ
ရန်ဖြစ်ပြီး ပြန်ချစ်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်များ
(၃)။ (၂၄)နာရီထက်ပိုပြီး အဆက်အသွယ်မပြတ်ပါစေနဲ့

တစ်ယောက်နဲ့တစ်ယောက် ခဏတာခွဲရချိန်လေးတွေမှာတောင် အဆက်အသွယ်မပြတ်ပါစေနဲ့။ ဒီနေ့ခေတ်ကြီးက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချင်ရင် လွယ်လွယ်လေး ဆက်သွယ်နိုင်တဲ့ခေတ်ကြီးဖြစ်လို့  သင့်ရဲ့ချစ်သူကို (၂၄)နာရီထက်ပိုပြီး ပစ်မထားသင့်ပါဘူး။ ပုံမှန် မက်ဆေ့ခ်ျလေးတွေပို့ပေးတာ၊ ဂရုတစိုက်နဲ့ ဖုန်းဆက်ပေးတာလေးတွေက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာပါ။

5688709/Pixabay
(၄)။ အထိမ်းအမှတ်နေ့တွေကို မမေ့ပါနဲ့

သင်တို့နှစ်ယောက် ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီ၊ ဒီလိုအမှတ်တရလေးတွေကတော့ဖြင့် ဘယ်တုန်းကလုပ်ခဲ့တာ …စသဖြင့် အတူလုပ်ခဲ့ဖူးတဲ့ အထိမ်းအမှတ်နေ့တွေကို ပြန်လည်သတိရနေကြခြင်းကလည် သင်တို့နှစ်ယောက်ကြားထဲက ချစ်ခြင်းမေတ္တာကို ပိုမိုအားကောင်းလာစေပါတယ်။

(၅)။ အရိုးသားဆုံး ဆက်ဆံပေးဖို့မမေ့ပါနဲ့

သင်တို့နှစ်ယောက်ကို ဝေးကွာသွားစေမယ့် အဓိက အကြောင်းရင်းတွေထဲက တစ်ခုက မုသားစကားတွေပါ။ တစ်ယောက်ယောက်က မုသားစကားတွေ ပြောမိလိုက်တာနဲ့ သင်တို့ ကြားမှာရှိနေတဲ့ ရိုးသားမှုဆိုတာက ပျောက်ကွယ်သွားမှာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် ထာဝရ ရိုးသားဖို့ ကြိုးစားကြပါ။

READ
ရန်ဖြစ်တဲ့စုံတွဲတွေအချစ်ရေး ပိုမိုခိုင်မြဲရခြင်း အကြောင်းအရင်း( ၅ )ချက်
JUrban / Pixabay
(၆)။ လက်ဆောင်လေးတွေပေးဖို့မမေ့ပါနဲ့

ဘယ်လိုလက်ဆောင်မျိုးပဲဖြစ်ဖြစ် တန်ဖိုးရှိရှိ၊ မရှိရှိ အမှတ်တရ လက်ဆောင်တွေဆိုတာ တစ်ယောက်ကိုတစ်ယောက်၊ ချစ်နေကြောင်း၊ တန်ဖိုးထားကြောင်း ပြသနေတာတွေပါပဲ။ ဒီတော့ သင့်အနေနဲ့ ချစ်သူအတွက် လက်ဆောင်လေးတွေကို တကူးတက ၀ယ်ပေးဖို့ ဘယ်တော့မှ မမေ့ပါစေနဲ့။

Linn

SHARE