စုံတွဲတွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မတင်သင့်တဲ့ ကိစ္စ(၅)မျိုး

Rawpixel.com/Shutterstock

သင့်ရဲ့ဆိုရှယ်မီဒီယာအကောင့်ထဲမှာ စုံတွဲ သူငယ်ချင်းတွေအများကြီးမို့လား။ သူတို့နဲ့ သင် တကယ်ရော အဆင်ပြေရဲ့လား? ဒါမှမဟုတ် တိတ်တိတ်လေး ကြည့်မရ ဖြစ်နေလား??

တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်ရင် အကျိုးရှိတဲ့နေရာတစ်ခုဖြစ်ပြီး မသုံးတတ်ရင်တော့ လူတွေက ကိုယ့်ကိုအမြင်ကတ်ကြ၊ မုန်းကြ စသဖြင့် ဖြစ်တတ်တဲ့နေရာပါ။

အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ သဲသဲလှုပ်တတ်လွန်းတဲ့ စုံတွဲတွေကို လူတွေက ကြည့်မရ ဖြစ်တတ်ကြပါတယ်။ သူတို့ရဲ့ ဒီလိုအပြုအမူတွေကိုပေါ့….

(၁)။ ဘယ်လောက်ချစ်ကြောင်း တဖွဖွပြောနေတာ

တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်ကြောင်းပြောတယ်ဆိုတာ ချစ်သူတွေကြားမှာ မရိုးနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် နှစ်ကိုယ်ကြားပြောနေတာမဟုတ်ပဲနဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ လူသိရှင်ကြားတွေ ခဏခဏပြောနေတာဆိုရင်တော့ အချိန်ကြာလာလေလေ လူအမြင်ကပ်လေလေ ဖြစ်လာကြမှာပါ။ တကယ်လို့သာ မတော်တဆ နှစ်ယောက်သား လမ်းခွဲသွားကြရင် အဲဒီလိုပြောခဲ့တာတွေကို တခြားသူတွေက ပြန်ထောက်ပြရင်း ပျက်ရယ်ပြုကြမှာဖြစ်လို့ လူပုံအလယ်မှာချစ်ခွန်းခြွေတာမျိုးတွေကို တတ်နိုင်သမျှ လျော့သင့်ပါတယ်။

READ
ရည်းစားဖြစ်သူရဲ့ ရိုမန်တစ်အဆန်ဆုံးလျှို့ဝှက်ချက်ကို လက်ထပ်ပြီးတော့မှ သိခဲ့တဲ့ အမျိုးသမီး
Dragan Grkic/Shutterstock
(၂)။ ကိုယ့်ရည်းစားကိုသ၀န်တိုပြီး ဆိုရှယ်မီဒီယာပေါ်မှာရန်ထောင်တာ

ကိုယ့်ကောင်မလေးက ကိုယ့်ကိုဂရုမစိုက်ပဲ သူ့သူငယ်ချင်းကောင်လေးတွေနဲ့ချည်း အချိန်ဖြုန်းနေလို့ (ဒါမှမဟုတ်) ကိုယ့်ကောင်လေးက သူ့အလုပ်က ကောင်မလေးတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေ ခဏခဏတင်လို့ စသဖြင့် ရည်းစားကို သ၀န်တိုရတဲ့ ပြဿနာတွေက စုံတွဲတိုင်းမှာရှိတတ်တာပါ။ ဒါပေမယ့် အဲဒီသ၀န်တိုတဲ့ကိစ္စကို နှစ်ဦးသား အေးဆေးမရှင်းကြပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရန်ထောင်တဲ့ပို့စ်တွေရေး၊ သူ့သူငယ်ချင်းတွေ၊ အလုပ်ကလူတွေကို မြင်အောင်လုပ်၊ စတာတွေလုပ်လာပြီဆိုရင်တော့ အဲဒီစုံတွဲကို ပတ်ဝန်းကျင်က အမြင်ကပ်လာမှာ အသေအချာပါပဲ။

fizkes/Shutterstock
(၃)။ အနာဂတ် အစီအစဉ်တွေအကြောင်း အသိပေးတာ

ရည်းစားဖြစ်တာမှ (၁)ပတ်လောက်ရှိသေးတယ်၊ အနာဂတ်မှာ ကလေးဘယ်နှယောက်ယူမှာတို့၊ ဘယ်ကားကြီးကိုဝယ်ပြီး ဘယ်မှာနေမယ်တို့၊ စတဲ့ အနာဂတ်အစီအစဉ်တွေကို လူသိရှင်ကြား လျှောက်ရေးတာမျိုးတွေ၊ လျှောက်ပြောတာမျိုးတွေကို မလုပ်သင့်ပါဘူး။ ကိုယ့်မှာအနာဂတ်အစီအစဉ်တွေ ရှိတယ်ဆိုရင်တောင် ဒါက နှစ်ယောက်ထဲ သိသင့်တာမျိုး၊ အတူကြိုးစားပြီး တည်ဆောက်ရတာမျိုး ဖြစ်ပြီး အဲဒီလို လျှောက်ရေးနေရင် လူတွေက သင့်ကို ကွယ်ရာမှာ ဟာသလုပ်ကြမှာသေချာသလောက်ပါပဲ။

READ
Photographer တစ်ယောက်ကို ဘာကြောင့်လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တာလဲ
(၄)။ အိပ်ယာပေါ်က ပုံတွေတင်တာ

နှစ်ယောက်သား အတူစားကြသောက်ကြတဲ့ပုံမျိုး၊ ခရီးသွားတဲ့ပုံမျိုးတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင်တာ ပြဿနာမရှိပေမယ့် အိပ်ယာပေါ်မှာ လွတ်လွတ်လပ်လပ်ရှိနေကြတဲ့ပုံမျိုးတွေကို တင်နေမယ်ဆိုရင်တော့ လူတွေက သင်တို့ကို တမျိုးမြင်ကြမှာ အသေအချာပါ။

4 PM production/Shutterstock
(၅)။ အဆင်မပြေတဲ့အချိန်မှာ အောက်ဖဲလှန်တာမျိုး

နှစ်ယောက်သား အဆင်ပြေနေတဲ့အချိန်တွေမှာတော့ ကောင်းပါရဲ့။ အဆင်မပြေတော့ပဲ ရန်တွေဖြစ်၊ ပြဿနာတွေတက်တဲ့အချိန်တွေကျမှ အရင်တုန်းက မကောင်းခဲ့တာတွေ၊ ဘယ်လိုဆိုးခဲ့တာတွေကို လူသိအောင် ဖွင့်ထုတ်ပြနေတာက တကယ်ပဲ မကောင်းတဲ့အပြုအမူပါ။ သင် အဲဒီလိုလုပ်လိုက်တဲ့အတွက် နှစ်ယောက်ကြားထဲက ဆက်ဆံရေးက လုံးဝကို ပျက်စီးသွားမှာဖြစ်ပြီး ပတ်ဝန်းကျင်က မိတ်ဆွေတွေအနေနဲ့လည်း သူတို့ရဲ့အကြောင်းတွေကို သင့်ကိုပြောပြဖို့ ၀ံ့ရဲတော့မှာမဟုတ်ပါဘူး။

Linn

SHARE