ဒီ(၅)ချက်လုံးကို လုပ်နိုင်ရင် သင်ဟာကောင်မလေးတွေကြွေတဲ့ သူတစ်ယောက်ဖြစ်လာမှာပါ

Roman Samborskyi/Shutterstock

ကောင်မလေးတစ်ယောက်က ကိုယ့်ကို ကြွေအောင် ဘာတွေများလုပ်ရသလဲ?? ။ တကယ်တော့ ထူးထူးဆန်းဆန်းရယ်လည်းမဟုတ်ပါဘူး။ အဲဒါတွေက တကူးတက လုပ်ရတာတွေလို့ ပြောရမှာထက် ကိုယ့်ရဲ့အရည်အချင်းပေါ် အခြေခံတဲ့ဟာတွေပါ။

များသောအားဖြင့်တော့ မိန်းကလေးတွေက ယောင်္ကျားလေးတစ်ယောက်ဆီက မျှော်လင့်ထားတာတွေရှိတယ်။ သူတို့ စိတ်ထဲက သတ်မှတ်ထားတဲ့ စံနှုန်းအချို့ပေါ့။ သင့်မှာ အဲဒါတွေအားလုံးပြည့်စုံနေတယ်လို့ သူတို့ သိလိုက်တာနဲ့ သင့်ကို အလိုလိုကြွေသွားကြမှာပါပဲ။ အဲဒါတွေက ဘာတွေလဲဆိုတော့….။

(၁)။ ဂစ်တာတီးတတ်တာ

မိန်းကလေးတွေက ဂစ်တာတီးတတ်တဲ့ကောင်လေးတွေကိုလည်း သဘောကျတတ်ကြပါတယ်။ ဂစ်တာလည်း တီးတတ်မယ်၊ အသံလည်းကောင်းမယ်၊ သူတို့ကိုဖုန်းထဲကနေ ဂစ်တာလေးတီးပြပြီး ချဉ်းကပ်မယ်ဆိုရင် လက်ခံဖို့ အခြေအနေကောင်းတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒီတော့ ဂစ်တာတီးတတ်တာကလည်း ယောင်္ကျားလေးတွေရဲ့အားသာချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

PopTika/Shutterstock
(၂)။ ဟင်းချက်တတ်တာ

တချို့မိန်းကလေးတွေက ရည်းစားထားတော့မယ်ဆိုရင် အိမ်ထောင်ပြုဖို့ အထိကြိုပြီးတွေးတတ်ကြပါတယ်။ အဲဒီလိုတွေးပြီဆိုရင် သူတို့မလုပ်ချင်ဆုံးက မနက်စောစော ထမင်းတွေ၊ဟင်းတွေ ထချက်ရမှာကိုပါပဲ။ ဒီတော့ ဟင်းချက်တတ်တဲ့ယောင်္ကျားမျိုး၊ ဟင်းချက်ကောင်းတဲ့သူမျိုးဆိုရင် သူတို့က သဘောကျတတ်ကြတယ်။ တချို့မိန်းကလေးတွေကတော့ မီးဖိုချောင်ဝင်တဲ့ယောင်္ကျားတွေဟာ ဆွဲဆောင်မှုပိုရှိကြတယ်လို့တောင် ဆိုကြတယ်။ (သူတို့မ၀င်ရလို့လားတော့မသိဘူးပေါ့လေ)။ ဒီတော့ ဟင်းချက်ကောင်းတဲ့ ယောင်္ကျားတွေဟာလည်း မိန်းကလေးတွေရဲ့သဘောကျမှုကို ခံရနိုင်တဲ့ စာရင်းထဲမှာ ရှိနေပါတယ်။

READ
သင့်ချစ်သူနဲ့ရန်ဖြစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သင်သတိထားသင့်တယ်
4 PM production/Shutterstock
(၃)။ ဟာသဥာဏ်ရှိတာ

တည်တည်တံ့တံ့နဲ့ ရုပ်တည်ကြီးလုပ်နေတတ်တဲ့ ယောင်္ကျားမျိုးတွေကို ကြိုက်တဲ့သူတွေဆိုတာ အရင်ခေတ်တုန်းကပါ။ ဒီခေတ်မှာတော့ အဲဒီလိုပုံစံတွေထက် ဟာသဥာဏ်ရှိတဲ့ ယောင်္ကျားလေးတွေက ပိုပြီး ဦးစားပေးခံရတတ်ပါတယ်။ စိတ်ညစ်စရာတွေများပြားလွန်းတဲ့ခေတ်ကြီးထဲ ကိုယ့်ဘေးမှာ ပျော်စရာတွေပြောတတ်၊ ပျော်စရာတွေဖန်တီးပေးတတ်တဲ့သူတစ်ယောက် ရှိနေတယ်ဆိုတာ တကယ့်ကို ဘုရားပေးတဲ့ဆုပါပဲ။

(၄)။ အရပ်ရှည်တာ

အရပ်ပုတဲ့သူနဲ့ အရပ်ရှည်တဲ့သူ နှစ်ယောက်ယှဉ်ပြီး ကောင်မလေးတစ်ယောက်ကို အပြိုင်ပိုးပန်းကြည့်ပါလား။ အခြားအချက်တွေ အကုန်လုံးတူညီနေပြီဆိုရင် အရပ်ကိုကြည့်ပြီး အရွေးခံရမှာပါ။ အခုခေတ် ကောင်မလေးတွေက ကိုရီးယားကားထဲက မင်းသားတွေကို သဘောကျတတ်သူတွေမဟုတ်လား။ အဲဒီ မင်းသားတွေဆိုတာကလည်း ရုပ်ချောပြီး အရပ်အရှည်ကြီးတွေလေ။ ဒီတော့ မိန်းကလေးတွေက သူတို့ကြိုက်တဲ့ကောင်လေးတွေဆို ရုပ်မချောရင်တောင်မှ အရပ်ရှည်ရမယ်လို့ အလိုလို စံသတ်မှတ်ပြီးသား ဖြစ်သွားကြတာပါ။

Rido/Shutterstock
(၅)။ ရိုမန်းတစ်ဆန်တာ

ကဗျာတွေရေးတတ်တာ၊ အနုအရွ စိတ်ကူးလေးတွေရှိတာ၊ ထင်မှတ်မထားတာတွေနဲ့ ပျော်အောင်လုပ်ပေးတတ်တာ၊ စိတ်ခံစားမှုအသစ်တွေရအောင် လုပ်ပေးနိုင်တာ စတဲ့ ရိုမန်းတစ်ဆန်တဲ့ အကွက်လေးတွေ လုပ်တတ်မှုကလည်း မိန်းကလေးတွေရဲ့ သဘောကျမှုကို ရရှိစေပါတယ်။ ဘယ်သူကတော့ ကိုယ့်ကိုချစ်တယ်လို့ပြောပြီး ဒီအတိုင်းကြည့်နေတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျမှာလဲ။ ချစ်တယ်ဆိုတာရဲ့နောက်မှာ ထူးထူးခြားခြားခံစားမှုလေးတွေလည်းတွေ့ချင်သေးတာပေါ့။ ဒီတော့ ရိုမန်းတစ်ဆန်နိုင်ခြင်းကလည်း ယောင်္ကျားလေးတွေအတွက် အရေးပါတဲ့နေရာမှာ ရှိနေပါသေးတယ်။

READ
စုံတွဲတွေမှာ ယောက်ျားလေးတွေ လုပ်လေ့အရှိဆုံးအမှား(၅)ခု

Linn

 

SHARE