ကိုယ့်ချစ်သူကို ဘယ်တော့မှသ၀န်မတိုတဲ့ယောင်္ကျားဆိုတာ ဒီလိုယောင်္ကျားမျိုးပါ

Dean Drobot/Shutterstock

သ၀န်တိုရတာ၊ စိတ်မချဖြစ်ရတာဟာ အရမ်းကို ပူလောင်စေပါတယ်။ ဒါကလည်း ခံစားဖူးသူတိုင်း သိကြမှာပါ။ တစ်ယောက်ယောက်ကို သ၀န်တိုနေရပြီဆိုရင် သ၀န်တိုရတဲ့သူရော၊ သ၀န်တိုတာခံရတဲ့သူရော နှစ်ဖက်စလုံး ပင်ပန်းရတာချည်းပါပဲ။

များသောအားဖြင့်တော့ ဒီလို သ၀န်တိုမှုတွေကို ချစ်သူတွေဘ၀မှာ အများဆုံးတွေ့ရလေ့ရှိတာပါ။ ကိုယ့်ထက်ပိုချစ်တဲ့သူတွေ ရှိနေမလားဆိုပြီ သ၀န်တိုတယ် ၊ ကိုယ့်ထက်ပိုပြီး အချိန်ပေးသင့်နေတယ်လို့ ထင်မိရင်လည်း သ၀န်တိုကြပြန်တာပဲ။

ဒါပေမယ့်လည်း ကိုယ့်ချစ်သူကို ဘယ်တော့မှ သ၀န်မတိုတဲ့ ယောင်္ကျားတွေကတော့ သပ်သပ်ရှိပါတယ်။ ဒီလိုမျိုးလေးတွေပေါ့…။

Dean Drobot/Shutterstock

(၁)။ နှစ်တွေအကြာကြီးတွဲလာခဲ့တဲ့ ချစ်သူမျိုး

သူနဲ့ကိုယ်နဲ့ နှစ်တွေအကြာကြီး တွဲလာခဲ့တယ်ဆိုကတည်းက တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြလို့ဆိုတာ သေချာသွားပြီလေ။ ဒီတော့ ကိုယ့်ချစ်သူကို တကူးတက သ၀န်တိုနေဖို့လည်း မလိုတော့ဘူး။ သူနဲ့ကိုယ်နဲ့ကြားမှာ ခိုင်မြဲတဲ့အချစ်တွေရှိနေပြီး ဘယ်သူမှ ကြားဝင်လို့မရတာ သေချာသွားခဲ့ပြီ။

READ
FA လေးတွေကို ချစ်သူတော်သင့်သည့်အကြောင်းရင်း (၅) ချက်

(၂)။ ပြတ်သွားလည်းအေးတာပဲဆိုတဲ့သူမျိုး

ကိုယ်က သူနဲ့ တွဲသာ တွဲနေရတာ ၊ သူနဲ့ကိုယ်နဲ့က သဘောထားချင်းလည်းမတူ၊ အကြိုက်ချင်းလည်းမတူ ဖြစ်နေပြီး စိတ်လည်းကုန်နေပြီ။ ဒီလိုအခြေအနေမျိုးဆိုရင် စိတ်ထဲကနေ ပြတ်သွားလည်းအေးတာပဲလေ လို့ တွေးမိပြီး သ၀န်တိုတာတွေ ဘာတွေလည်း မရှိတော့ပါဘူး။ သူနောက်တစ်ယောက်နဲ့တွဲသွားပြီး ကိုယ့်ကိုထားခဲ့တယ်ဆိုရင်တောင် ဒါက ကံကောင်းမှု တစ်ခုလို့ ယူဆပါလိမ့်ဦးမယ်။

Dean Drobot/Shutterstock

(၃)။ ကိုယ့်ကိုချစ်နေရင်ပြီးတာပဲဆိုတဲ့သူမျိုး

ကိုယ့်ချစ်သူက ကိုယ့်ကိုချစ်နေဖို့သာ အရေးကြီးတာ၊ တခြားဘာတွေပဲ လုပ်လုပ် အဆင်ပြေတယ်ဆိုတဲ့ သူမျိုးတွေကလည်း ကိုယ့်ချစ်သူကို သ၀န်မတိုတတ်ကြပါဘူး။ သူတို့အတွက်ကတော့ ဒီလို ချစ်နေခွင့်ရတာကိုပဲ ကံကောင်းမှုကြီးတစ်ခုလို့ ထင်နေပြီး ချစ်သူကို သ၀န်မတိုပဲ ချစ်တတ်ကြပါတယ်။

(၄)။ တခြားအာရုံစိုက်စရာတွေရှိနေတဲ့သူမျိုး

ကိုယ့်ချစ်သူထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေအများကြီး လုပ်စရာရှိသေးတယ်လို့ ခံယူထားတတ်သူတွေကလည်း သူတို့ရဲ့ချစ်သူကို သ၀န်မတိုတတ်ကြပါဘူး။ သူတို့က ချစ်သူအပြင် အခြားစွဲလန်းမှု တစ်ခုခုနောက်ကို လိုက်နေကြသူတွေဖြစ်ပြီး သူတို့ ပျော်တာတွေ လုပ်နေရရင် ချစ်သူကိုလည်း သိပ်သတိမရတတ်ကြလို့ သ၀န်တိုဖို့ဆိုတာ တော်တော်လေး ခက်ပါလိမ့်မယ်။

READ
အချစ်စစ်နဲ့ချစ်မိသူတိုင်းခံစားရသည့် နာကျင်မှု (၅)မျိုး

Linn

SHARE