မိန်းကလေးတွေလမ်းလျှောက်တဲ့အခါ ချစ်သူလက်ကိုတွဲထားချင်တာဘာကြောင့်လဲ

Shutterstock

ဘယ်သူကတော့ ကိုယ့်ချစ်သူနဲ့ လက်မတွဲပဲ လမ်းလျှောက်ချင်ပါ့မလဲ ။ ဖြစ်နိုင်ရင် လက်လေးတွဲပြီး ၊ ပုခုံးလေးဖက်ပြီး ကြည်ကြည်နူးနူးလမ်းလျှောက်ချင်တာပေါ့။မဟုတ်ဘူးလား။ ဒါပေမယ့် တစ်ခါတလေကျပြန်တော့လည်း ဒီအတိုင်း လွတ်လွတ်လပ်လပ် လမ်းလျှောက်နေချင်တဲ့အချိန်တွေ ရှိကြမယ်မဟုတ်လား။

မိန်းကလေးအများစုကတော့ သူတို့ချစ်သူနဲ့ လမ်းလျှောက်သွားတဲ့အချိန်တွေဆိုရင် ချစ်သူရဲ့ လက်ကို ကိုင်ထားချင်ကြပါတယ်တဲ့ ။ ဒါက Goodyfeed.com က ဖော်ပြတဲ့ဆောင်းပါးရဲ့ အချက်အလက်တစ်ချို့ဖြစ်ပြီး သူတို့ လက်ကိုင်ထားချင်ရတဲ့အကြောင်းရင်းတွေကိုလည်း အောက်မှာ အခုလို ဖော်ပြပေးထားပါတယ်။

Shutterstock

(၁)။ သက်သောင့်သက်သာရှိတယ်လို့ ခံစားရလို့

မိန်းကလေးအများစုက သူတို့ချစ်သူနဲ့ လက်တွဲလျှောက်ရတာဟာ သူတို့အတွက် သက်သောင့်သက်သာရှိတယ်လို့ ခံစားရတာကြောင့်ပါတဲ့။ အဲဒီ ခံစားမှုက ကိုယ့်ကို တစ်ယောက်ယောက်က ပွေ့ဖက်ထားသလိုမျိုးနဲ့ ပုံစံတူပြီး စိတ်ခံစားမှုခြင်း ဆက်သွယ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။

READ
ချစ်သူချင်းပိုမိုနီးကပ်စေမယ့် အမူအကျင့်လေးတွေ

(၂)။ လုံခြုံမှုကိုခံစားရတယ်

မိန်းကလေးတွေက သူတို့ချစ်သူနဲ့ လက်ချင်းတွဲထားတဲ့အချိန်တွေဆိုရင် လုံခြုံမှုကို ပိုပြီးတော့ ခံစားရပါတယ်တဲ့။ ငယ်ဘ၀တုန်းက မိဘလက်ကို ဆွဲပြီး လမ်းလျှောက်တဲ့အခါ ရတဲ့ လုံခြုံတဲ့စိတ်မျိုးကို ချစ်သူလက်ကိုတွဲပြီး လမ်းလျှောက်တဲ့အခါမှာ ပြန်လည်ရရှိတတ်ကြပါသတဲ့။

Shutterstock

(၃)။ ဝေဒနာတွေကို လျော့ကျသွားစေတယ်

ကိုယ့်ရဲ့အလုပ်မှာဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ခံစားလာရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ချဖို့ဆိုရင် ချစ်သူလက်ကို ကိုင်ထားလိုက်တာကလည်း အကောင်းဆုံးနည်းလမ်းတစ်ခုထဲမှာ ပါဝင်ပါတယ်။ ချစ်သူလက်ကို ဆုပ်ကိုင်ထားလိုက်ပြီဆိုတာနဲ့ ရှေ့ကိုဆက်ဖို့ အားအင်အသစ်တွေ အလိုလိုရလာစေပြီး ပြီးခဲ့တာတွေကို လွယ်လွယ်လေးနဲ့ မေ့ပျောက်နိုင်စွမ်း၊ ကျော်ဖြတ်နိုင်စွမ်းရှိလာတယ်လို့ ဆိုပါတယ်။

(၄)။ တန်းတူညီမျှမှုကို ခံစားရတယ်

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူလက်ကို တွဲပြီး လမ်းလျှောက်တဲ့အခါ တန်းတူညီမျှမှုကို ခံစားရတဲ့စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ သူလုပ်သလို ကိုယ်လည်းလုပ်နိုင်ရမယ်၊ သူသွားသလို ကိုယ်လည်းသွားနိုင်ရမယ်ဆိုတဲ့ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်မျိုးကို ကိုယ့်ချစ်သူလက်ကို ဆုပ်ကိုင်ထားတဲ့အခါ ရတတ်ကြပါတယ်။

READ
မိန်းကလေးတွေ ချစ်သူကိုချစ်ရက်နဲ့လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းများ

Linn

 

SHARE