အချစ်ကြောင့် စိတ်ဒဏ်ရာရမှာကို ကြောက်နေရတဲ့အကြောင်းရင်း(၄)ခု

Followtheflow/Shutterstock

အချစ်ဆိုတာ လူတိုင်းနီးပါး လိုချင်တဲ့ အရာတစ်ခု ဖြစ်ပေမယ့် တချို့ကတော့ အချစ်ကြောင့် စိတ်ဒဏ်ရာ ရမှာကို ကြောက်နေတတ်ကြတယ်။ လူတစ်ယောက်ကို ချစ်လိုက်ရင် သူတို့စိတ်ထဲမှာ ဒဏ်ရာရသွားလိမ့်မယ်၊ အခုအချိန်မှာ ပျော်နေရပေမယ့် တချိန်ချိန်မှာတော့ ကြေကွဲပြီး ကျန်ခဲ့ရလိမ့်မယ်ဆိုတဲ့ အတွေးက သူတို့ကို အမြဲတမ်း အနှောင့်အယှက်ပေးနေကြတာပါ။ ဘာလို့များ သူတို့ အဲဒီလို တွေးမိနေရတာလဲ။ အဲဒီလို အတွေးတွေက ဘာကြောင့်ဖြစ်လာတာလဲဆိုတော့…..

(၁)။ အချစ်မှာ မပျော်ရွှင်ခဲ့ရသူတွေဖြစ်ခဲ့ကြလို့

တချို့က အချစ်ဆိုတာကို အခုမှ စပြီး ထိတွေ့ဖူးသူတွေ မဟုတ်ကြပါဘူး။ သူတို့ က အချစ်ဆိုတာကြီးနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီအချစ်ကြောင့် မပျော်မရွှင် ဖြစ်ခဲ့ရသူတွေပါ။ ဒီတော့ သူတို့နောက်တစ်ကြိမ် ချစ်ဖို့ ကြိုးစားတဲ့အခါ အရင်လိုပဲ အဆင်မပြေဖြစ်ဦးမလား၊ နာကျင်စရာတွေနဲ့ ကျန်ခဲ့ရဦးမလား ဆိုတဲ့အတွေးက သူတို့ကို ခြောက်လှန့်နေတတ်တယ်။ ဒီလိုနဲ့ပဲ အချစ်ကြောင့် စိတ်ဒဏ်ရာရမှာကို ကြောက်လာခဲ့ကြတာပါ။

READ
ယောက်ျားလေးတစ်ယောက် သင့်ကိုCrushနေတယ်ဆိုတာသိသာနေတဲ့အချက်များ
vasara/Shutterstock

(၂)။ သိမ်ငယ်စိတ်တွေဝင်နေလို့

တချို့ကတော့ သူတို့ရဲ့ ဘ၀အခြေအနေကြောင့် တစ်ယောက်ယောက်ကို ချစ်ဖို့ မထိုက်တန်ဘူးလို့ ခံယူထားကြတယ်။ သူတို့ကိုယ်တိုင်တောင် အဆင်ပြေအောင် မနည်းရုန်းကန်နေရတဲ့ဘ၀မှာ တစ်ယောက်ယောက်ကို ချစ်ဖို့ ကြိုးစားရင် ဒဏ်ရာတွေပဲ ရလိမ့်မယ်လို့ ထင်နေတတ်ကြတာပါ။ အဲဒါကြောင့်ပဲ အချစ်နဲ့ ကြုံလာပြီ ဆိုတဲ့အခါ သူတို့အတွက် ကြေကွဲတာတွေ၊ ခံစားရတာတွေနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ထင်မိတတ်ကြတာပါ။

Photographee.eu/Shutterstock

(၃)။ ကိုယ်က အစွန်းရောက်တတ်လို့

ကိုယ်က မချစ်ဘူးဆိုရင်လည်း လုံးဝကို လှည့်မကြည့်တဲ့သူမျိုး၊ ချစ်မိပြီဆိုရင်လည်း အရမ်းတွေခံစားပြီးချစ်မိတဲ့သူမျိုးဆိုတာ ကိုယ့်ဘာသာကိုယ် သိထားတဲ့အတွက် ချစ်ဖို့ကို ကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ် သူ့ကိုသာ ချစ်မိသွားရင် ကိုယ့်ရဲ့အချစ်ကြောင့် သူ အဆင်ပြေပါ့မလား၊ သူ စိတ်ပင်ပန်းမလား၊ ကိုယ်တို့ လမ်းခွဲလိုက်ရမှာလား စတဲ့အတွေးတွေနဲ့ ပိတ်မိနေတတ်ပြီး အချစ်ဆိုတဲ့အရာကနေ စိတ်ဒဏ်ရာ တွေရလာမှာကို ကြောက်နေတတ်ကြတယ်။

READ
သင့်ကောင်လေးသင့်ကိုတကယ်ချစ်မချစ် ဒီနှစ်ချက်နဲ့စမ်းကြည့်နိုင်တယ်

(၄)။ ကိုယ်က အတွေးများတတ်တဲ့သူတစ်ယောက်မို့လို့

ကိုယ့်မှာ ချစ်သူတောင်မရှိသေးပေမယ့်လည်း တကယ်လို့သာ ချစ်သူရခဲ့ရင် ဆိုပြီး ဟိုတွေး၊ ဒီတွေးနဲ့ အတွေးတွေ များနေမိတာကြောင့် ချစ်ရမှာကို ကြောက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာမှ မဖြစ်သေးတာတွေကို ကြိုတွေးပြီး စိတ်ပင်ပန်းနေတတ်တာ၊ ပျော်စရာတွေထက် ၀မ်းနည်းစရာတွေကိုပဲ တွေးမိနေတတ်တာ စတာတွေကြောင့်လည်း သင်က ချစ်ရမှာကိုကြောက်နေသူတစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။

Marcos Mesa Sam Wordley/Shutterstock

Linn

SHARE