သင့်ချစ်သူက မကြာခဏအားငယ်နေတတ်တာ ဒီလိုအချက်တွေကြောင့်ပါ

Chernomorova Olesia/Shutterstock

နှစ်ယောက်အတူတွေ့တဲ့အချိန်တွေမှာ သင့်ချစ်သူက အားငယ်နေတဲ့ပုံမျိုးပေါက်နေတာ ကြုံဖူးတယ်မို့လား။ တစ်ခုခုနဲ့ပတ်သက်ပြီး ယုံကြည်မှုပျောက်ဆုံးနေတာ၊ တချို့နေရာတွေက သူနဲ့မထိုက်တန်ဘူးလို့ထင်နေတာ၊ စသဖြင့်ပေါ့။ ဒီလို ခံစားချက်မျိုးရှိတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားပြီဆိုရင် သင်လည်းအနည်းဆုံးတော့ စိတ်မကောင်းဖြစ်တဲ့အချိန်တွေ၊ အားမလိုအားမရဖြစ်တဲ့အချိန်တွေရှိမှာပဲလေ။ တကယ်တော့ သင့်ချစ်သူ မကြာခဏ အားငယ်စိတ်တွေဝင်နေတယ်ဆိုတာ ဒီလိုအချက်တွေကြောင့်ပါ။

(၁)။ သူက နွမ်းပါးတဲ့အခြေအနေကနေ လာခဲ့ရသူမို့

သင့်ချစ်သူက ပိုက်ဆံချမ်းသာတဲ့မိသားစုက လာတဲ့သူတစ်ယောက်မဟုတ်ပဲ နွမ်းပါးတဲ့သူတစ်ယောက် ဘ၀ကို ဖြတ်သန်းခဲ့ရတယ်ဆိုရင် သူ့မှာ အားငယ်စိတ်ရှိနေနိုင်ပါတယ်။ သူက အကောင်းစားဆိုတဲ့ စားသောက်ဆိုင်တွေကို ထိုင်ဖို့ ရှက်ရွံ့နေတတ်သလို၊ တန်ဖိုးကြီးအ၀တ်အစားတွေအတွက်လည်း စိတ်မပါပဲ ဖြစ်နေတတ်တယ်။ ဒါက သူဖြတ်သန်းခဲ့ရတဲ့ ဘ၀အခြေအနေကြောင့်ဖြစ်ပြီး သင့်အနေနဲ့ သူ့ကိုပိုလို့ နားလည်မှုပေးသင့်ပါတယ်။

LightField Studios/Shutterstock
(၂)။ ထူးချွန်တဲ့ပညာတတ်တစ်ယောက်မဖြစ်ခဲ့လို့

သူ့ရဲ့ပညာရေးအခြေအနေက အခြားသူတွေနဲ့ယှဉ်လိုက်လို့ နိမ့်ကျနေတယ်လို့ ခံစားရရင်လည်း သူ့မှာ သိမ်ငယ်စိတ်ရှိနေနိုင်ပါတယ်။ သူ့ဘေးမှာ ပညာတတ်တွေဝိုင်းနေတယ်လို့ ခံစားမိရင် အလိုလိုနေရင်း သူ အားငယ်လာလိမ့်မယ်။ အဲဒီလို ခံစားချက်ရှိတဲ့လူမျိုးက ပေါင်းသင်းဆက်ဆံရေးဖက်မှာ အားနည်းတတ်သလို သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဘူးလို့ ခံစားနေတတ်တာကြောင့် ဘေးနားကနေ အတတ်နိုင်ဆုံး အားပေးဖို့လိုပါတယ်။

READ
ချစ်သူရဲ့ မိဘတွေနဲ့ သွားတွေ့တဲ့အခါ ရှောင်ရမယ့်အရာ(၁၀)ခု
fizkes/Shutterstock
(၃)။ အမြဲတမ်းရန်ဖြစ်နေတတ်တဲ့ မိဘတွေရှိနေလို့

သူ့ရဲ့မိဘတွေက အမြဲတမ်းရန်ဖြစ်နေတတ်တဲ့မိဘတွေမျိုး၊ ဒါမှမဟုတ် သူက Broken Family ပုံစံမျိုးနဲ့ ကြီးပြင်းလာရသူမျိုးဆိုရင်လည်း သူ့မှာ အားငယ်စိတ်ရှိနိုင်ပါတယ်။ သူ့ရှေ့မှာ နွေးထွေးပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုမျိုးကို တွေ့တိုင်း သူက အားငယ်နေလိမ့်မယ်။ သင်နဲ့အတူ ဘ၀တစ်ခု ထူထောင်ဖို့ကိုလည်း စိုးရွံ့နေလိမ့်မယ်။ သင့်အနေနဲ့ သူ့အပေါ်ကြင်ကြင်နာနာဆက်ဆံဖို့ လိုမှာဖြစ်ပြီး မိသားစုတိုင်းဟာ အဆိုးချည်းပဲမဟုတ်ဘူးဆိုတာကို နားလည်အောင်ရှင်းပြသင့်ပါတယ်။

(၄)။ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်မရှိလို့

သူ့ဆီမှာ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်မရှိပဲ အိမ်ကနေ ပိုက်ဆံကို လက်ဖြန့်တောင်းနေရသူဆိုရင်လည်း သူ့မှာ အားငယ်စိတ်ရှိပါလိမ့်မယ်။ သင်က အလုပ်ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ၀င်ငွေကောင်းနေချိန်မှာ သူက အလုပ်မရနိုင်တဲ့အခြေအနေမျိုး ကြုံနေရရင်လည်း သူ အားငယ်နေလိမ့်မယ်။ အစားအစာတွေအတွက်၊ ပျော်စရာတွေအတွက် သင်ကချည်းပဲ ပိုက်ဆံပေးနေရတဲ့အချိန်တွေကို သူ အားနာလာမယ်၊ မသိစိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်နေပါလိမ့်မယ်။

READ
အိမ်ထောင်သက်(၆၅)နှစ်ဆိုပေမယ့် ဇနီးသည်ကို သီချင်းဆိုပြနေဆဲ (၈၃)နှစ်အရွယ်အဖိုး
Dmytro Zinkevych/Shutterstock

Linn

SHARE